ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက် သန့်ရှင်းရဲ့လား
မေးကြည့်လိုက် အရှိုက်ထိသွားပါလိမ့်မယ်
အဲဒီမေးခွန်းကခံရင်နောက်တစ်နေ့အထိပေါ့
အတွေးထဲနစ်မြုပ်သွားပါလိမ့်မယ်။
မေးကြည့်လိုက် အရှိုက်ထိသွားပါလိမ့်မယ်
အဲဒီမေးခွန်းကခံရင်နောက်တစ်နေ့အထိပေါ့
အတွေးထဲနစ်မြုပ်သွားပါလိမ့်မယ်။
အသစ်ဆိုပေမဲ့ အဟောင်းလည်းဖြစ်နေနိုင်တာပဲ
နှိုက်ပြီးသားလက်ကို ပြန်ဆွဲထုတ်ဖို့လောက်လွယ်တာ မရှိဘူး
ဒါပေမဲ့ နှိုက်ဖို့ကျတော့ ရှာရပါလိမ့်မယ်..။
နှိုက်ပြီးသားလက်ကို ပြန်ဆွဲထုတ်ဖို့လောက်လွယ်တာ မရှိဘူး
ဒါပေမဲ့ နှိုက်ဖို့ကျတော့ ရှာရပါလိမ့်မယ်..။
ပင့်ရှိုက်ပြီးထုတ်လိုက်တဲ့ လေတွေ
ချိုးပြီးသား အညစ်အကြေးတွေ မရွံပါနဲ့
ဒါတွေကို ပိုင်ဆိုင်ခဲ့သားပဲ
အလင်းရောင်တွေကို လိုက်ရှာဖို့တော့ မလွယ်ဘူးဆိုပေမဲ့
လက်ခံတတ်ဖို့တော့ လိုပါလိမ့်မယ်
အဲဒီအတွက် ပိုက်ဆံပေးစရာမလိုဘူး
နောက်တစ်နေ့က မျှော်နေပါလိမ့်မယ်..။

ပြန်ငုံ့ကြည့်လိုက်
ဖြတ်လျှောက်ခဲ့တဲ့ လမ်းတွေကြမ်းတယ်မဆိုနိုင်ဘူး
သွားနေတဲ့ခြေထောက်တွေကသာ နောက်ပြန်လှည့်လို့ မရတာပါ..။
ဖြတ်လျှောက်ခဲ့တဲ့ လမ်းတွေကြမ်းတယ်မဆိုနိုင်ဘူး
သွားနေတဲ့ခြေထောက်တွေကသာ နောက်ပြန်လှည့်လို့ မရတာပါ..။
လူတစ်ယောက်ရဲ့အရှင်လတ်လတ် အကင်ခံရခြင်းဆိုတာ
ရယ်စရာမဟုတ်ပါဘူး
နားထောင်ခဲ့ဖူးတဲ့ တစ်တောင့်တညပုံပြင်တွေကို
အရည်ကျိုသောက်ဖူးတယ်ဆိုရင်ကို လုံလောက်နေပါပြီ
ကဲမေးမယ်….မင်းအစိမ်းစားဖူးလား…..။
ရယ်စရာမဟုတ်ပါဘူး
နားထောင်ခဲ့ဖူးတဲ့ တစ်တောင့်တညပုံပြင်တွေကို
အရည်ကျိုသောက်ဖူးတယ်ဆိုရင်ကို လုံလောက်နေပါပြီ
ကဲမေးမယ်….မင်းအစိမ်းစားဖူးလား…..။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
9:55 AM
Kawzarblogger.sport.co
Posted in: 

0 comments:
Post a Comment