Showing posts with label ဗမာသမိုင်များ. Show all posts
Showing posts with label ဗမာသမိုင်များ. Show all posts

Friday, October 12, 2012

အရည်းကြီးသာသနာ နှင့် ရှေးခေတ် ဗမာများ

တကယ်မရှက်တမ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ မိရိုးဖလာ ကိုးကွယ်မှု့ဆိုတာ အရည်းကြီး ကိုးကွယ်မှု့ဖြစ်ပါတယ်။ ဒီလိုပြောရတာလဲ သမိုင်းကြောင်းကို တိတိကျကျ သိလာတဲ့ ပုဂံခေတ် ကျောက်စာတွေကြောင့်ဖြစ်ပါတယ်။ ဗမာတွေ ဖန်ခုန်၊ မီးနင်း အရည်းကြီး များ ကိုးကွယ်နေတဲ့ အချိန်မှာ တိုင်းရင်းသား ညီနှောင်များဖြစ်တဲ့ ရခိုင်၊ မွန် ပြီးတော့ မွန်နဲ့ အတူနေတဲ့ ပိုးကရင်တွေရှိတဲ့ နိုင်ငံတွေမှာ ဒေသတွေမှာ ဗုဒ္ဓသာသနာ ထွန်းကားနေခဲ့ပြီးဖြစ်ပါတယ်။
ဗမာတွေရဲ့ အကိုးကွယ်ခံရတဲ့ အရည်းကြီးတွေရဲ့ ကျင့်စဉ်တွေမှာ အတော့်ကို အံ့သြဖို့ကောင်းပါတယ်။ သူတို့က စိတ်ဓါတ်မြှင့်တင်ဖို့ မကြိုးစားဘဲ ရုပ်လက္ခဏာ ကျင့်စဉ်ဆိုပြီး ပေါက်ကရတွေ လျှောက်လုပ်တာဘဲဖြစ်တယ်။ သာမှန်လူတွေ မလုပ်နိုင်တဲ့ ကိစ္စတွေကို သူတို့ကလုပ်ပြနိုင်တော့ လူတွေက သူတို့ကို အထင်ကြီးကြတာပေါ့။ အဲ့ဒီအထဲမှာ ရှင်ဘုရင်ကလည်း ပါနေတော့ သူတို့တွေ ပိုပြီး အောင်မြင်လာတယ်။ ဒီလိုဖြစ်နေချိန်မှာ အကြောင်းတစ်ခုခုကြောင့် မွေးလာတဲ့ ခလေးမှာ ကိုယ်အင်္ဂါချို့ယွင်းခဲ့ရင် ဒါဟာ အရည်းကြီးတွေရဲ့ တန်ခိုးနဲ့ မပြုပြင်ပေးလိုက်ရလို့ ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ အဲ့ဒီမှာတော့ ပန်းဦးလွှတ် ပွဲဆိုတာ ကို စတင်တော့တာဘဲ။
အဲ့ဒီမှာ အင်မတန် ရိုးအ ပြီး အတွေးအခေါ်မရှိတဲ့ ကျွန်တော်တို့ ရှေးခေတ်ဗမာတွေဟာ မင်္ဂလာ ဆောင်သတို့သမီးကို အရည်းကြီးတွေဆီကို ပို့ရတော့တာဘဲဖြစ်တယ်။ အဓိကတော့ ပန်းဦးလွှတ်ပွဲ လုပ်ရင် မွေးလာတဲ့ ကလေးဟာ ကိုယ်အင်္ဂါ အပြည့်အစုံနဲ့ မွေးလာပြီး စီးပွားရေး လာဒ် ရွှင်ဖို့အတွက်သာဖြစ်ပါတယ်။ ဗမာအပျိုလေးတစ်ယောက်ဟာ လူသေကောင်တွေနဲ့ သင်္ချိုင်းမှာဖက်အိပ်ကာ ကျင့်စဉ်တွေ ကျင့်ထားပြီး ရေမချိုးတဲ့ အရည်းကြီးတွေရဲ့ ပန်းဦးညမှာ ဆွမ်းကြီးအလောင်းခံရတယ်ဆိုတာ ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပေတော့။ အရည်းကြီးတွေ ဟာ သူတို့ကျင့်စဉ်အရတော့ မသာအလောင်းနဲ့ သင်္ချိုင်းမှာ ဖက်အိပ်ပြီး ရက် ၇ဝ လောက်ရေမချိုးထားပါ၊ ဘယ်လောက်အနံ့နံ မလဲဆိုတာ စဉ်းစားနေစရာမလိုဘူး။ အဲ့ဒီမိန်းမ ကမွေးလာတဲ့ ကလေးဟာ အရည်းကြီးနဲ့ ရတဲ့ ကလေးမဟုတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။

ဒီလိုဘဲ ရှင်ဘုရင်တွေကလဲ သူတို့ အာဏာတည်မြဲဖို့ မွေးလာတဲ့ကလေး အင်္ဂါစုံဖို့ သူတို့ရဲ့ မိဖုရားတွေကိုလည်း ပန်းဦးဆက်သ ကြပါတယ်။ ထိုမိဖုရားတွေ မွေးတဲ့သားဦးက အရည်းကြီး နဲ့ ရတဲ့ ကလေးလည်း ဖြစ်နိုင်တယ်။ ဘုရင်တွေရဲ့ သားဦးဆိုတာ များသောအားဖြင့်တော့ အိမ်ရှေ့မင်းသား ဖြစ်ကြပါတယ်။ ဒါထက်ပိုပြီး စဉ်းစားသုံးသပ် ပြောရမယ်ဆိုရင်တော့ ထိုခေတ်က ကျွန်တော်တို့ ဗမာဘုရင်တွေမှာ အရည်းကြီးသားတွေ ရှိနေမယ်ဆိုတာ လုံးဝ ငြင်းလို့မရတဲ့အကြောင်းပါ။

ဒီကြားထဲ ဗမာလူမျိုးတွေရဲ့ စရိုက်အတိုင်း တစ်ယောက်ထက်တစ်ယောက် ပိုပြီး ဂုဏ်ပြိုင်ခြင်ကြတယ်၊ ပိုပြီးကျော်ဇောခြင်ကြတယ်။ မြို့စားမင်းတစ်ယောက်ဆို သူ့သမီးကို သူများတွေထက် စီးပွားရေး လာဒ်လာဘ ပိုမိုသာလွန်ကောင်းအောင် အရည်းကြီးတွေနဲ့ တစ်ညမဟုတ်ဘူး နှစ်ညပေးအိပ်လိုက်တယ်။ ဒါကိုမကျေနပ်လို့ နောက်တစ်ယောက်က သုံးည၊ တစ်ပါတ်၊ ဆယ်ရက်အထိ ကိုသွားပေးအိပ်ကာ သောက်တလွဲတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြိုင်ဆိုင်ကြတာကရှိသေးတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ငါသမီး သူ့သမီး ခံနိုင်ရေ အားကို ပြိုင်ကြတဲ့သဘောများလေလားဘဲ။

ဒီလို ဖြစ်လာလိုက်တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့လဲမသိဘူး အနော်ရထာ ခေတ်မှာတော့ အရည်းကြီးတွေအဆုံးသတ်သွားတယ်။ အနော်ရထာ မွန်ပြည်ကို စစ်ခင်းပြီး သံဃာတွေ လုယူခဲ့တယ်။ ဒါကိုလည်း ဗမာတွေ ဂုဏ်ယူဝံ့ကြွားစွာဖော်ပြတတ်ကြတယ် ကိုယ့်ကို ကိုယ် သူခိုး ဒါးမြ ဖြစ်လို့ ဖြစ်မှန်မသိကြဘူး။ ဒီလိုဘဲ ရခိုင်က ဘုရားတွေကို စစ်ခင်းပြီးလုယူတယ်။ တကယ်တော့ အနော်ရထာက သူ့သြဇာထက် အရည်းကြီးသြဇာက ပြည်သူတွေအပေါ်မှာ ပိုပြီးကြီးနေတာကို မကျေနပ်လို့လုပ်ခဲ့တာဖြစ်တယ်။ နောင်အချိန်မှာ ထေရဝါဒ ဗုဒ္ဓတရားကို ယုံကြည်ပါတယ်ဆိုတဲ့ အနော်ရထာ ရွှေဖျင်းကြီး ရွှေဖျင်းလေးနတ် နတ်ကွန်းတွေကို ဆောက်ပေးခဲ့တယ်။ ဒါကြောင့်လဲ ယနေ့ထိတိုင်အောင် တောင်ပြုံးပွဲဆိုတာ ရှိနေခဲ့တာဘဲ။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ဆိုရိုးစကားရှိခဲ့တာက အရှေ့ပြည်မှာ ဘုရားရှိဧ။် တရားမရှိ ဆိုတဲ့စကားဘဲဖြစ်ပါတယ်။

Saturday, September 1, 2012

ဗမာ လူမျိုးဆိုတာ ....


ဒို့ ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့ သူတွေ ကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွ စေတယ် ဆိုတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း မှာတော့ အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်တဲ့ မဟာဗမာ အယူအဆ မျိုးတွေပဲ ဖြစ်လာခဲ့တယ်။ ပြည့်တဲ့အိုးကတော့ ဘယ်တော့မှာ ဘောင်ဘင် မခတ်ပါဘူး။ မပြည့်လို့ ဒီလိုတွေ အော်နေခြင်းသာဖြစ်တယ်။ ကိုယ်ကောင်းရင် ကိုယ့်အကြောင်း သူများရေးသွားလိမ့်မယ် ကိုယ်တိုင် ရေးစရာမလိုဘူး။

ဗမာဆိုတဲ့ လူမျိုးကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်း တွေ ဘယ်လိုသတ်မှတ်ထားလဲ ဆိုတော့ အပြောချိုသလောက် အင်မတန်မှ ဥာဏ်နီ ဥာဏ်နက် များပြီး ကောက်ကျစ် ကလိမ်ကျတဲ့ လူမျိုးဆိုပြီး မြင်ကြတာဖြစ်တယ်။ ကျွဲကို ဤ ဖြစ်အောင် ပြောတတ်သလို ကြမ်းပိုးကို လိပ်ဖြစ်အောင်လဲ လူယုံအောင် ပြောတတ်ကြတယ်။ ဒါကြောင့်လဲ ယနေ့အချိန်အထိ တိုင်းရင်းသားတွေဟာ ညစ်ကျယ်ကျယ် နဲ့ ကောက်ကျစ်လွန်း ဗမာ တွေနဲ့ အတူမနေခြင်လို့ ကိုယ်ပိုင်အုပ်ချူပ်ခွင့်တွေတောင်းနေကြတာ ကမ္ဘာ အသိဘဲဖြစ်ပါတယ်။

တချိန်တည်း မှာပဲ မိုက်တယ်၊ ရိုင်းတယ်၊ ၃၈ ဖြာ မင်္ဂလာ တရားတော်ကို ဦးထိပ်ထား အကြောင်း ပြပြီး အအားနေ အပျင်းထွေ တတ်သေးတယ်။ ဝတ်ဖို့ စားဖို့ ဖျင်ထည် ရက်လုပ်တဲ့ ၀ါဂွမ်း စိုက်ပျိုးမှု နည်းပါးတော့ အင်္ကျီ မကပ်ပဲ ကျောပြောင် ကြီးတွေနဲ့  နေလေ့ ရှိကြတယ်။ ရာသီဥတု ကလည်း ပူအိုက်တော့ အတော်ပဲ ဖြစ်သွား သပေါ့။ လေလည် မိရင် သေမလောက် ရှက်ကြပြီး သားသည် အမေတွေ ကျတော့ ရင်တုံးလုံး နဲ့ မရှက် မကြောက် နေကြ ပြန်သေးတယ်။ ယောင်္ကျား ထိုးကွင်း၊ မိန်းမညှင်း၊ ဒါကိုပဲ အလှတပါး လို့ ယူဆ ကြပြန်တယ်။

ဗမာပြည်ကို မွန်၊ ရခိုင် ရှမ်းနဲ့ ကရင် တိုင်းရင်းသား တွေနောက်မှ ဝင်လာခဲ့တာဖြစ်တယ်။ ဗမာတွေ စတင်ရောက်ရှိအခြေချတဲ့နေရာက မိုးခေါင်ရေရှား မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာဖြစ်တယ်။ ဒီလို နဲ့ပဲ သက်ဦးဆံပိုင် ဘုရင် စနစ်ကို အများ နည်းတူ ထူထောင် ကြတဲ့ အခါ ရှင်ဘုရင် လုပ်တဲ့ သူက ဘာသာရေး တရားတွေထဲ ပါနေကျ ဇာတ်လိုက် ကျော်ကြီးတွေ ဖြစ်တဲ့ ဘုန်းကံ ကြီးမားတဲ့ လူမျိုးတွေ၊ အမျိုးမြတ်သော ဘုရင် မင်းတရား တွေနဲ့ ဇွတ်အတင်း ဆွေမျိုး စပ်ကြ တော့တယ်။ အထူးသဖြင့် ဆွေစဉ် မျိုးဆက် မဟုတ်ပဲ ကြားက ဖောက်ပြီး ဘုရင် ဖြစ်လာတဲ့ ငတပါး မင်းတွေ ဆိုရင် ပိုပြီး ပြောတတ် ကြတယ်။

“ငါက ဘုရား ဗျာဒိတ် ရတဲ့ သာသနာပြု မင်းပေါ့။ မျိုးရိုး ကလည်း အင်မတန် ကြီးတယ်။ ဂေါတမဘုရား နဲ့ တိုက်ရိုက် ဆက်တဲ့ အမျိုးပဲ။ မစ္ဆိမ ဒေသက သာကီဝင် ကွဲ့ ။ သာကီဝင် ဆိုတာ ကလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်တဲ့ မဟာ သမတမင်း ရဲ့ အဆက်ပေါ့” ဆိုပြီး လုပ်ဇာတ်ထွင် ပြောရ ရှာတဲ့ မင်းမျိုး တွေကို ငတပါးမင်း ခေါ်တယ်။

ထီးလိုင်မင်း ခေါ် ကျန်စစ်သား၊ မင်းကြီး စွာစော်ကဲ၊ ဟံသာဝတီ ဆင်ဖြူရှင် နဲ့ အလောင်းဘုရား ဦးအောင်ဇေယျ တို့ဟာ ဘုရင် မျိုးရိုး မဟုတ်ပဲ မင်းတက် ဖြစ်တော့ ငါ့ အမျိုးဟာ ပြာမှေး မီးခဲလို ခဏ တိမ်မြုပ် နေရှာတာ။ အရင်း စစ်တော့ ဘုရားမျိုးကွ လို့  ကောင်းသည်ထက် ကောင်းအောင် ရှာကြံ ကြွေးကြော် ရရှာတယ်။ ဒါမှ လူလေးစား မှာလို့ ထင်ကြ တာကိုး။ ရာဇ၀င် ဆရာများ လည်း ရှင်ဘုရင့် မျက်နှာ ကြည့်ပြီး ထမင်းစား ရတဲ့ လူတွေ ဆိုတော့ ဘုရင် လုပ်သမျှ ဟုတ်သပ ပေါ့လေ။

တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။
ဒါတောင် ဗြဟ္မာကြီး လေးဦး လူ့ ပြည်ကို အလည် လာရာက မြေဆီ သြဇာတွေ စားပြီး ဗြဟ္မာ့ပြည် မပြန်နိုင်ပဲ လူအသွင် ပြောင်းလာ ရာက မြန်မာ စဖြစ်တယ် ဆိုတာမျိုး ပြောချင် သေးတာ။ ယုတ္တိ မတန်လွန်းလို့ သာ မပြောတာ။ မှန်နန်း ရာဇဝင်က ရှင်ဘုရင် ကိုယ်တိုင် ပါဝင်ပြီး ရာဇဝင်ကို သုတ်သင် ပြုစုတော် မူ၍ အမှားကို အမှား၊ အမှန်ကို အမှန်၊ မဖောက် မပြန် မှတ်သားရ ပေသည်လို့ ခပ်တည်တည် ပြောပြီး ရှင်ဘုရင်မင်းဆက် စာရင်းကို ချရေးရာမှာ-

မဟာသမတမင်းမှ ဥက္ကာကရာဇ်အထိ မင်းပေါင်း- ၂၅၂၅၅၆
ဥက္ကာမုခမင်းမှ သကျသီဟ ဂေါတမအထိ မင်းပေါင်း- ၈၂၀၁၃
မဇ္ဈိမဒေသ မင်းပေါင်း- ၃၃၄၅၉၆
အဘိရာဇာမှ ဘိဒ္ဒကရာဇာထိ မင်းပေါင်း- ၃၃
ဓဇရာဇာမှ သတိုးမဟာရာဇာထိမင်းပေါင်း- ၁၇
ပျူစောထီးမှ မင်းယဉ်နရသိင်္ခထိမင်းပေါင်း- ၃၀
ထိုမှ အလောင်းဘုရားထိ မင်းပေါင်း- ၁၇
မဟာသမ္မတမှအလောင်းဘုရားထိမင်းပေါင်း- ၃၃၄၆၆၉ ဆိုပြီး တွယ်ထည့် လိုက်ပါတယ်။

မြန်မာတွေ ကလည်း ဒါမျိုးကို အများ ရှေ့မှာ ကြီးကြီး ကျယ်ကျယ် ကြွားလုံး ထုတ် ပြောတတ်အောင် သင်ပေး ထားတဲ့ ရှေးစကားလို့ နှလုံး ပိုက်ပြီး “ဟယ်-အံ့သြစရာကြီး ပါလားနော်” လို့ မြည်တမ်းရင်း အံ့သြ ချင်ယောင် ဆောင်ရင်း လက်ခံ ခဲ့ကြပါတယ်။ ဒီလို ပြောနေရင် လူတွေ မယုံမှာ စိုးပြန်တော့ ပွဲကျောင်း ဆိုတဲ့ လောကီပညာသင် ဘုန်းကြီးများ ကနေ တဆင့် “အာဒိစ္စကုလသမ္ဘူ တောသုဝိသုဒ္ဓဂုဏကာရော” စတဲ့ ပါဠိ ဂါထာလေးတွေ ထွင်ခိုင်းပြီး သကျသာကီဝင် အစစ် အမှန်ဆိုတာကို ဘုရားကပဲ ဟောထား သလိုလို ဘုရားကို သက်သေ လုပ်ခိုင်းပြန်ပါတယ်။ ရဟန်းတွေကအစ မုသာဝါဒ ကံကို ကျူးလွန်ပြီး မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောခဲ့ကြတာလေ။

အာဒိစ္စကုလသမ္တူတော-နေမင်း၏အဆက်အသွယ်ဖြစ်တော်မူထသော
သုဝိသုဒ္ဓဂုဏကာရော-စင်ကြယ်သောဂုဏ်၏တည်ရာဖြစ်ထသော
မဟာသမ္မတနာမကော-မဟာသမ္မတဟူသော အမည်ရှိထသောရာဇမင်းသည်
အာသိ-ဖြစ်၏

ဆိုပြီး မဟာသမ္မတ၊ သုဒ္ဓေါဓနနဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျတို့ ကို တစ်အူတုံဆင်းတွေ ဖြစ်အောင် လုပ်ပစ် လိုက်ကြတယ်။ ဒါမျိုးကို ကုန်းဘောင်ခေတ် ကျမှ မြိုင်မြိုင် ဆိုင်ဆိုင် တွေ့ ရတယ် ဆိုပေမဲ့ ပုဂံခေတ် ကတည်းက ထိလိုင်မင်း ခေါ် ကျန်စစ်သားတို့ လုပ်ခဲ့ပြီးတဲ့ လမ်းရိုး ကြီးပါ။ ကျန်စစ်သား ခမျာ မတော့ ပါဠိပါတ်သားတွေ၊ အကိုး အကားတွေ သိပ် မပြည့်စုံ ရှာတော့ ဆရာဘုန်းတော်ကြီး တွေကို ကြော်ငြာခိုင်းတဲ့ ဓလေ့လဲ မထွန်းကား သေးတော့ “ငါ့အဖေက နေမျိုး၊ ငါ့အမေက ဥသျှစ်သစ်မျိုး ကနေ ငါ ပေါက်ဖွားလာတယ်။ ငါကိုယ်တိုင်က ပိဿနိုး နတ်မင်းကြီး ဝင်စားတာ ပေါ့သေးသေး မမှတ်နဲ့ ”လို့ သူကိုယ်တိုင် ကျောက်စာ ထွင်းပြီး ကြော်ငြာ ခဲ့ရရှာတယ်။ အိန္ဒိယမှာ ရှိတဲ့မိထ္ဘိလာ၊ ရာဇပြိုလ်၊ သာဝထ္ဘိ၊ အာယုဒ္ဓိယ စတဲ့ နာမည်တွေကို မြန်မာ ပြည်တွင်းမှာ ယူမှည့် ပြီးတော့ အိန္ဒိယက အဖြစ်အပျက် တွေကို ဒီမှာ ဖြစ်ခဲ့ တာလို့ အာပေါင် အာရင်း သန်သန် ဇွတ်ပြောပြီး ဇွတ်ယုံ လာကြပါတယ်။ ကျန်စစ်သား အကြောင်း နှုတ်ပြော ရာဇ၀င်မှာ အမြဲ ပါလေ့ရှိတဲ့ သားလေးမွေးရင် ပေးခဲ့တဲ့ လက်စွပ်တော်နဲ့ နန်းတော်ကို လိုက်ခဲ့ဆိုတာ ကလည်း ငါးရာ့ငါးဆယ် နိပါတ်တော်က ဇာတ်နံပါတ် (၇) ပါ။ ဘုရင့်နောင် ကိုလည်း အဲဒီလို ဇာတ်လမ်းမျိုး ထွင်ပြော ခဲ့ကြတာပဲ။ အနိရုဒ္ဓရဲ့ စီမံခန့် ခွဲမှု ကောင်းမွန်ပြီး တိုင်းပြည် စီးပွားရေး ကောင်းလာလို့ ပုဂံနေပြည်တော်မှာ သာသနိက အဆောက် အဦတွေ တိုးတက် များပြား လာပြန်တော့ ရှင်အစ္စဂေါဏရဲ့ ရွေဖြစ်ငွေဖြစ် အဂိရတ် စွမ်းကြောင့် မုဆိုးမေ တွတောင် စေတီ တည်ကုန်လို့  ပုဂံမှာ စေတီ ပုထိုးပေါင်း၄၄၄၆၀၃၃ လေးသန်းကျော် ရှိတယ်ကွ။ မမေ့အောင် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”လို့ မှတ်ကြကွ ဆိုပြီး လုပ်လာ ပြန်ပါတယ်။ ၁၅ မိုင် ပတ်လည်လောက် ရှိတဲ့ မြို့ကလေးမှာ စေတီပုထိုး လေးသန်း လေးသိန်းကျော် စိတ်နဲ့ ပဲ မှန်းပြီး နေရာ ချကြည့် ကြစမ်းပါ။ လူနေဖို့ နေရာရော ကျန်နိုင် သေးရဲ့ လား။ ဒါနဲ့ ပဲ လေးသန်း လေးသိန်းကျော် ကတော့ နည်းနည်း များလွန်းတယ်။ လေးထောင်လောက် လုပ်လိုက် ဆိုပြီး အဖတ်ဆည် ပြန်တယ်။ သုတေသန လုပ်ကြည့်လို့ စေတီ နှစ်ထောင်ကျော်သာ ရှိပါတယ်လို့ အဖြေ ထွက်လာတော့ ရေတိုက်စားပြီး ကမ်းပြိုရာမှာ ပါသွားပြီလို့ လုပ်ကြ ပြန်ပါရော။ တတ်လည်း တတ်နိုင် ကြပါပေတယ်ဗျား။

ဆက်ရန်...................
ကိုးကား

သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်

အရှက်အကြောက်ကြီးသော ရှေးခေတ် ဗမာ အမျိုသမီးဝတ်ဆင်ပုံ

ရှေးခေတ်မြန်မာအမျိုးသမီးဝတ်စားဆင်ယင်ပုံနှင့် မြန်မာလူမျိုးစုဓါတ်ပုံ
မိန်းမတွေ စကတ် ကို အရှေ့အနောက်ခွဲဝတ်တာ အခုခေတ်မှမဟုတ်ပါ

နင်တို့ ခေတ်မှ စကတ်ကို မပေါ်တပေါ် တိုနန့်နန့် ဝတ်၊ ဒီကြားထဲ အနောက်ကခွဲထား၊ အရှေ့က ခွဲထားနဲ့ ရှက်ရောရှိကြသေးရဲ့လား ဆိုပြီး လူကြီးတွေ ပြောတာ ကြားဘူးကြမှာပေါ့။ အရှေ့ခေတ် မြန်မာအမျိုးသမီးတွေက အရှက်အကြောက် အရမ်းကြီးတာ ထမီဝတ်ရင် ခြေမျက်စီတောင်မမြင်ရအောင် လုံလုံ ခြုံခြုံ ဝတ်ကြတာ၊ ယောက်ျားဆိုလည်း တောင်ရှည်ပုဆိုး နဲ့ ကိုးတောင်ဝတ် မင်းယောက်ျားဆိုတာက ရှိသေးတယ်။
အော်.... ဒီဓါတ်ပုံကြည့်တော့မှ လူကြီးတွေပြောတာ မှန်ပါလားဆိုတာသိလိုက်ရတယ်။ လူကြီးတွေပြောသလိုဘဲ ခြေမျက်စိတော့ ဖုံးပါရဲ့.. ပေါင်မျက်စိကတော့မပေါ်ရုံတမယ် ဘဲ။ ကိုးတောင်ဝတ် မင်းယောက်ကျားတော့ မသိဘူး ပုံမှာမြင်ရတာတော့ လန်ကွတ်တီလေးတွေနဲ့ ချည်းဘဲ။

Friday, August 24, 2012

ပုဂံခေတ် က ဒုသနသော ကျန်စစ်သား နှင့် အဏာရူး လူသတ်သမား အနော်ရထာ

အတန်းပညာ သင်ယူဖို့ ကျောင်းတက်ပြီးဆိုတာနဲ့ ကျောင်းမှာ စသင်ရတဲ့ သမိုင်းက ပုဂံခေတ် စစ်သည်တော် လေးသိန်းအားရှိတဲ့ သူရဲကောင်းလေးဦး ကို သင်ရတော့တာဘဲ။ မသိနားမလည်သေးတဲ့ ကလေးဘဝမှာတုန်းကတော့ သမိုင်းဆိုတာ အမှန်ဘဲ ဟုတ်မှာဆိုပြီး ယုံကြည်ခဲ့တာပေါ့။ ပါဝါရိန်းဂျား တို့ ပင့်ကူလူသားတို့ ပုံစံပေါ့လေ....။ ယခုအထိလည်း သင်နေတုန်း ထင်ပါရဲ့...

ကျန်စစ်သားသည် လက်ရုံးရည်နှလုံးရည်နှင့်ပြည်စုံတယ် မြင်းစီးကျွမ်းကျင်သလို့ စကားပြောကလည်းကောင်းတယ်လေ ဒါကြောင့်လဲ အနော်ရထာ မိန်းမ မဏိစန္ဒာကို တော်ကီနဲ့ ချူပ်ပြီး အပိုင် ကြံလိုက်တာပေါ့။ ဒုသနသော (ကြာကူလီ) အလုပ်ကို လုပ်ခဲ့ပေမဲ့ သမိုင်း လှအောင် ရေးဖို့ကြတော့ ဘုရားတရားသိပ်ကြည်ညို တယ်ပေါ့လေ။ အနော်ရထာမင်း က ကျန်စစ်သား သူ့မယားကို ကြာခိုနေတာကို ပထမတော့မသိသေးဘူး၊ နောက်သူ့သား စောလူးမင်းက ပြောမှ သိတော့ စိတ်ဆိုးတာပေါ့ အဲ့ဒီတော့ ကျန်စစ်သားကို သူ့ရဲ့ လက်စွဲတော် အရိန္နမာ လှံနဲ့ ပစ်လိုက်သတဲ့ ပစ်လိုက်တာ ကျန်စစ်သားကို မထိ ဘူးဖြစ်သွားတယ်။ ကျန်စစ်သားလဲ ပြေးနိုင်မှ လွတ်မယ်ဆိုတာ သိတော့ ပြေးတာပေါ့။ အဲ့ဒီမှာထဲက ကျန်စစ်သား ဇာတိပြပုံကတော့ အနော်ရထာမင်း ပစ်လိုက်တဲ့ အရိန္နမာ လှံကို ပါ ခိုးပြေးသွားလိုက်သေးတယ်။ ဒီအကြောင်းအရာထဲမှာ အနော်ရထာက ကိုလဲ သိက္ခာအကျမခံနိုင်ဘူးလေ ဒါကြောင့် ရှေးရာဇဝင် ဆရာကြီးတွေက အနော်ရထာကို ဖာထေးပေးရတာပေါ့။ ဘယ်လိုဖာထေးလဲဆိုတော့

ကျန်စစ်သားက သူ့မယားကိုထိလို့ လှံနဲ့ပစ်သတ်ပေမယ့် ကျန်စစ်သား သစ္စာတရားကို လှံက သိတာကြောင့် မထိပဲ လွဲချော်ခဲ့ရတယ်တဲ့


အချို့ကျပြန်တော့လည်း အနော်ရထာမင်းက လှံပစ် အရမ်းကိုတိကျတာတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ အင်မတန်အားထားရတဲ့ သူရဲကောင်းတစ်ဦးကို သတ်ရတယ်ဆိုပြီး ရာဇဝန်မတင်အောင် မထိအောင်ချော်ပစ်လိုက်တာဆိုဘဲ။ အနော်ရထာ လှံပစ်တာ တိကျလား မတိကျလား တော့မသိဘူး။ မြို့တံခါးဝမှာ လူတကာလိုက်ခွေ့နေတဲ့ ကျွဲ တစ်ကောင်ကို အနော်ရထာက ငါကိုယ်တော်တိုင် ဒီကျွဲဆိုးကို သုတ်သင်မယ်ဆိုပြီး ဆင်နဲ့ချီတက်သွားခဲ့တယ်။ ကျွဲနဲ့တွေ့တဲ့အခါ လှံပစ်တိကျပါတယ်ဆိုသူကြီး လှံနဲ့ ပစ်လိုက်တာ လှံက ကျွဲကို မထိဘဲ ကျွဲ ခွေ့လို့ အသေဆိုးနဲ့ သေပါလေရောလား။

ယခုခေတ်မှာ သက်ရှိထင်ရှားရှိနေတဲ့ ဆိုးလွန်းပါတယ်ဆိုသူကြီးများဖြစ်တဲ့ ကဒါဖီ၊ မူဂါဘီ တို့ ကို အနော်ရထာက သနားတယ်။ အနော်ရထာလည်း အာဏာရူး တစ်ယောက်ဘဲ။ အနော်ရထာရဲ့ ပုဏ္ဏား နှစ်ယောက်က ဖြစ်တဲ့ ဟူးရားဖြူ၊ ဟူးရားညို တို့က အရှင်ရဲ့ ဘုရင်ရာထူးကို လူ့ယူမဲ့သူက အခုဆိုရင် အမိဝမ်းထဲမှာ သန္ဓေတည် နေပြီးလို့ တွက်ချက်တွေ့ရှိထားပါတယ်ဆိုပြီး ပြောပါလေရော။ အာဏာရူး အနော်ရထာ တစ်ယောက် ဘာပြောကောင်းမလဲ နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင် မိန်းမတွေအကုန်လုံးကို လိုက်သတ်ပစ်ခိုင်းပါလေရော။ ကာလ အတော်အကြာမှာ သတိရပြီးထပ်မေးတော့ အခုဆိုရင်ဖြင့် အရှင်မင်းရဲ့ ဘုရင်ရာထူးကို လုယူမဲ့သူဟာ နို့ဆိုအရွယ် သို့ရောက်ရှိနေပါပြီး လို့ လျှောက်ထားပြန်တော့ အနော်ရထာ ဟာ တိုင်းပြည်မှာရှိတဲ့ နို့စို့ ကလေးတွေ အကုန်လုံးကို သတ်ခိုင်း ပြန်ရော။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်မေးတော့ နွားကျောင်းသား အရွယ်ကို ရောက်နေပြီလို့ ဆိုပြန်တော့လည်း တိုင်းပြည်မှာရှိတဲ့ နွားကျောင်းသားအရွယ် ကလေးတွေ အကုန်သတ်ခိုင်းပြန်တော့ အပြစ်မဲ့ ကလေးတွေ အစုလိုက် အပြုန်လိုက် သေပွဲဝင်ခဲ့ကြရရှာတယ်။ အခုမြန်မာနိုင်ငံက ဗိုလ်ချူပ်တွေ နဲ့ အာဏာရူးတာခြင်းတူပေမဲ့ ရက်စက်တဲ့နေရာမှာတော့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ အနော်ရထာရဲ့ ခြေဖျားတောင်မမှီဘူး။ ဒါကြောင့်လဲ ကျွဲခတ်ပြီး သေခြင်းဆိုးနဲ့ သေရတာ။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ လို့ ပရောဟိတ်တွေက ဖြေတော့ ရဟန်းတွေကို သတ်ဖို့ နန်းတော်ထဲမှာ ထမင်းဖိတ်ကြွေးတယ်။ ဒီတစ်ခါ ပရောဟိတ်တွေက ဘယ်လို ထပ်ပြီးကြပ်လဲဆိုတော့ ထိုသူအား ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက် တာကိုမြင်ရလိမ့်မယ်တဲ့ .. ခင်ဗျားတို့ စဉ်းစားကြည့်ဘယ်သူက ရေသောက်ရင် ပါးစပ်ထဲက စက်ရောင်ထွက်မှာလဲ.... ဒါနဲ့ ဟူးရားဖြူ၊ ဟူးရားညို မေးပြန်ရော ဒီတစ်ခါတော့ ကျေးဇူးရှင်နှစ်ယောက်က ဘာပြန်ဖြေလဲ ဆိုတာ မင်းကြီးနဲ့ နောက်မင်းတစ်ဆက် ခြားမှ သူက ဘုရင်ဖြစ်မှာလို့ ပြန်ပြောင်းဖြေမှ ရဟန်းတွေ အနော်ရထာ သတ်မဲ့ဘေးက လွတ်ခဲ့ရတယ်။ အဲ့ဒီ လူက နောက်တော့ ကျန်စစ်သားဖြစ် သွားတယ်ဆိုဘဲ ... ကျန်စစ်သား ပါးစပ်က စက်ရောက်ထွက်လို့လည်း သမိုင်းမှာ တခါမှ မကြားဖူးဘူး။ ကျန်စစ်သားလိုလူလား သူ့ပါးစပ်က စက်ရောင်ထွက်လို့ကတော့ ရေးလိုက်မဲ့ ကျောက်စာတွေ မြန်မာတစ်နိုင်ငံလုံး ကျောက်စာ တွေပြည့်သွားလိမ့်မယ်။ ဒီအတိုင်းတောင်မှာ သူ့အဖေက နေမျိုးနေနွယ်၊ အမေက အုန်းသျှစ်သီးထဲက မွေးလာတာလို့ လျှောက်ဖြီးဖြန်း နေတာ အာခေါင်က စက်ရောင်များ ထွက်လို့ကတော့လား ပြောမဆုံးပေါင်တောသုံးထောင်ဘဲ။

အနော်ရထာမင်းဟာ ဗုဒ္ဓသာသနာကို စတင်အုပ်မြစ်ချခဲ့တယ်လို့ ဆိုပြန်တယ်။ အမှန်ကတော့ သူ့အာဏာမှေးမိန်မှု့ကို ဗုဒ္ဓသာသနာနဲ့ ပွတ်တိုက်ပြီး ပြောင်အောင်လုပ်ခဲ့တာလို့ပြောရင် ပိုမှန်မယ်။ တချိန်က မြန်မာလူမျိုးတွေမှာ အရည်းကြီး သာသနာဘဲရှိခဲ့တာပါ။ အရည်းကြီးများဟာ သူ့တို့အား ကိုးကွယ်သူ တိုင်းသူပြည်သားများ အပေါ်မှာ အနော်ရထာထက် ပိုပြီး သြဇာညောင်းပါတယ်။ အနော်ရထာ အမေကိုယ်တိုင်လည်း အရည်းကြီးများက ပန်းဦး ချွေတာ ခံခဲ့ရသူပါ။ ဒါကိုဘဝင်မကျတဲ့ အနော်ရထာက သူ့သြဇာပိုကြီးအောင် မွန်ပြည်က ရဟန်းတွေကို စစ်ခင်းဓါးမြတိုက်ယူကာ ပုဂံမှာ သာသနာပြုခိုင်းပါတယ်။ နောက်ကျတော့ ဗုဒ္ဓတရားတော် ကိုးကွယ်ရာဆိုပြီး အရည်းကြီးတွေကို သုတ်သင်လိုက်တာဘဲဖြစ်တယ်။ အနော်ရထာ ဘယ်လိုနန်းရခဲ့လဲ ဆိုတာ ပြောရင်တော့ ကိုယ့်အမေ ကို မိဖုရားပြန်မြောက်တဲ့ နောင်တော် စုက္ကတေးမင်း သတ်ပြီးနန်းရခဲ့တာပါ။

ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။

("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host