Showing posts with label Firefox ကိုအမြန်ဆုံးဖွင့်မယ် Bugyi No comments. Show all posts
Showing posts with label Firefox ကိုအမြန်ဆုံးဖွင့်မယ် Bugyi No comments. Show all posts

Monday, March 11, 2013

Firefox ကိုအမြန်ဆုံးဖွင့်မယ် Bugyi No comments


ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။


ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။



Propertiesနိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Targetကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။

Target ကို တွေ့တယ် မလား ...အဲဒီမှာ exe''နောက်မှာ space bar တချက်နှိပ်ပြီ့း /prefetch:1 ကို ထည့်ပေးလိုက်ပါ ။
အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင်
Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host