Sunday, March 17, 2013

တစ်ကိုယ်တော်ဆန္ဒပြသူနှင့် ကူညီသူ (၂)ဦး ပုဒ်မ (၁၈)ဖြင့် အမိန့်ချမှတ်ခံရ

ပီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့က အစိုးရ တရားရုံးများနှင့် ကြံ့ဖွံ့ရုံးများရှေ့တွင် ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးအပါအဝင် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ (၃)ဦးကို ပြည်မြို့နယ်တရားရုံးက ထောင်ဒဏ် (၃)လ သို့မဟုတ် ဒဏ်ငွေ တစ်သောင်းစီ ဖေဖေါ်ဝါရီလ (၆) ရက်နေ့က အမိန့်ချမှတ်လိုက်သည်။
Received“ဦးမြင့်အေးတို့သုံးဦးကို ဒီပုဒ်မ (၁၈) ‘ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု’ နဲ့ တရားစွဲဆိုခံရတာပေါ့ဗျာ ထောင်ဒဏ်က (၃)လ ငွေဒဏ်က (တစ်သောင်း)ဆိုတော့ သူတို့ သုံးဦးစလုံးက ငွေသုံးသောင်းဒဏ်ဆောင်လိုက်တော့ ထောင်မကျတော့ဘူးပေါ့ ဒါပေမယ့် ဒီပုဒ်မ (၁၈) က မရှိသင့်ဘူးဗျ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့ကာလ ငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ကိစ္စတွေမှာ အာဏာပိုင်ဘက်က ပြဿနာရှာတဲ့ ပုဒ်မလိုမျိုးဖြစ်နေတယ်ဗျ။” ဟု အမိန့်ချမှတ်တဲ့ တရားရုံးကို လိုက်ပါသွားခဲ့သူ ဒေသခံက ပြောသည်။
ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပြီး နောက်တနေ့တွင် ပြည်မြို့အမှတ် (၂)ရဲစခန်းက ဖမ်းဆီးပြီး တရားစွဲဆိုခံရကာ ပြည်မြို့နယ် တရားရုံးက ယခုလို ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်ခံလိုက်ရ ခြင်းဖြစ်သည်။
တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့် ရှေ့နေ ဦးမြင့်အေး ဆန္ဒပြရာတွင် ဗီနိုင်းပိုစတာကိုင်ဆောင် ပေးခဲ့သည့် ကိုရေခဲ ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ သုံးဦးကို ပြည်မြို့အမှတ် (၂) ရဲစခန်း ရဲအုပ်လှထွန်း က(၂၀၁၂) အမှု အမှတ်-၆၁၁၄၊ ဥပဒေပုဒမ် (၁၈) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host