Saturday, June 30, 2012

ဒေသလုံခြုံမှုရှိနေသော်လည်း မောင်တောမြို့ဒေသခံများ စိုးရိမ်နေဆဲ


ဇွန်လ ၈ ရက်နေ့က ဖြစ်ပျက်ခဲ့သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်-ရခိုင် ပြဿနာသည် အာဏာပိုင်များရဲ့ဖိအားကြောင့် မောင်တောမြို့တွင် တစ်စုံတစ်ရာအေးသွားသော်လည်း ယခု လက်ရှိအခြေနေမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များသည် ညဥ့်တွင် လူစု၊ လူဝေးပြုလုပ်လျှက်နေခြင်းကြောင့် မောင်တောမြို့ဒေသခံများက နောက်ထပ်ပြဿနာများပေါ်ပေါက်လာမှာကို စိုးရိမ်နေရသေးကြောင်း သိရှိရသည်။ မောင်တောမြို့ ယခုလက်ရှိအနေအထားကို ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းအေးသိန်းက " အခု လက်ရှိအခြေအနေကတော့ ပြဿနာဖြစ်ခါစထက်စာရင် လုံခြုံမှုရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးကို ချထားသော်လည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်တွေက ညဥ့် ၁၁နာရီ၊ ၁၂နာရီလောက်ဆိုရင် လူ ၁၀-၁၅ ယောက်အထိ စုဝေးကြတဲ့အတွက် ကျနော်တို့ မြို့သူမြို့သားတွေက ပြဿနာ နောက်ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။ ရှေ့ကဖြစ်ပျက်သွားတဲ့ ပြဿနာကြောင့် ကျနော်တို့မြို့မှာ ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော်ရှိပါတယ်။ အခုရှိနေတဲ့ဒုက္ခသည်တွေကိုတောင်မှ ကိုယ်အိမ်မှာကိုယ် ပြန်လည်နေခွင့်မရသည့်အတွက်ကြောင့် နောက်ထပ်ပြဿာ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ မော်တော်မြို့တစ်ခုလုံးဟာ ကြီးမားစွာသော အန္တရယ်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ် " ဟု ပြောသည်။ ဘင်္ဂလီမူဆလင်-ရခိုင် ပြဿနာကြောင့် ဒုက္ခရောက်ခဲ့ကြရသော မောင်တောမြို့ဒေသခံ ဒုက္ခသည် ၄၀၀၀ ကျော်ကို မောင်တောခရိုင်အမျိုးသား ကူညီစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့တွင်း တစ်သီး ပုဂ္ဂလများစုပေါင်းအဖွဲ့တို့က ဒုက္ခသည်များ အလိုအပ်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးနေပြီး ပြန်လည်နေရာချထားရေး ကိစ္စများကိုလည်း စတင်ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host