Saturday, June 30, 2012

မြန်မာ - ဘင်္ဂလား ကုန်သွယ်ရေးမှာ

myanmar-bangalမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်စီးပွားရေးမှာ ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ငြိမ်သက်နေသော်လည်း ယခုအချိန်အထိ ကုန်သွယ်စီးပွားရေးမှာ ပြန်လည်မစတင်နိုင်သေးကြောင်းသိရှိရသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသရှိ မောင်တောမြို့မှ ယင်းနှစ်နိုင်ငံစီးပွားရေး အခြေအနေကို စောင့်ကြည့် နေသူ ဦးဖြူချေအားမေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။
"ဒီဘက်ကနေ ပိတ်ဆို့ထားတာလို့တော့ သိရပါတယ်၊ ဒီမှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ထားတာပါ၊ ခုချိန်ထိတော့ ဘာမှ၊ ဘယ်သူမှလည်း စီးပွားရေးအရ တရားဝင် မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား သွားတဲ့လူမရှိသေးပါဘူး၊ ဒါပေမဲ့ စစ်တွေ-ဘူးသီးတောင်-မောင်တောမြို့ အသွားအလာကိုတော့ လုံခြုံရေးတွေ အစောင့်အကြပ်တွေနဲ့ ဖွင့်ပေးထားပါပြီ။"
ဦးဖြူချေက "အခြေအနေကတော့ ငြိမ်နေတာ အမှန်ပါ၊ ဒါပေမဲ့ တဖက်နဲ့တဖက် ဘယ်လိုမှ အယုံအကြည်မရှိ ဖြစ်နေတော့ ဆက်ပြီးတော့ အစပြန်မဖြစ်ရအောင် ထိမ်းကွပ်ထားတာနဲ့တူပါတယ်၊ ပြီးတော့ စီးပွားရေးသမားဟန်နဲ့ အကြမ်းဖက်သမားတွေ ၀င်မလာအောင် လုပ်ထားပုံနဲ့တူပါတယ်၊ ငြိမ်နေတာဟာ သိပ်ပြီးအာရုံစိုက်နေတဲ့အခြေအနေပါ။"ဟု ဆက်လက်ပြောသည်။
မောင်တောမြို့နယ်ရှိ ဘင်္ဂလီများအတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က မှောင်ခိုလမ်းမှ ဆန်အိတ်များသယ်ယူနေသော သတင်းများ ထွက်ပေါ်နေမှုများကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က နယ်စပ်တွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။
ယင်းသတင်းစာက မြန်မာမှ ဘင်္ဂလာသို့ ဆန်စပါးအပြင် တခြားကုန်ပစ္စည်းများ တင်သွင်းမှုသည် ဘင်္ဂလာလိုအင်ဖြစ်ကြောင်း၊ ယခုအခါ ဘင်္ဂလာက မြန်မာသို့ ပြန်လည်တင်ပို့မှုသည် ဘင်္ဂလာလူထုများအတွင်း အခက်အခဲများကို ဖန်တီးနေခြင်းဖြစ်ကြောင်းနှင့် နယ်စပ် စီးပွားရေး ပိတ်ဆို့နေမှုကြောင့် တစ်ရက်လျှင် တာကာ သိန်း ၄၀ နိုင်ငံတော်အတွင်း ရှုံးဆုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဖေါ်ပြသည်။
နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော-တာခ်နာမြို့နယ် နယ်စပ်တလျှောက် နစကနှင့် BGBတပ်ဖွဲ့တို့ ယခုအချိန်ထိ လုံခြုံရေးအရ စောင့်ကြည့်လျက် ရှိနေသေးကြောင်း နှစ်ဘက်နယ်စပ်မှ မျက်မြင်များက ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာ နယ်စပ်ချင်း ထိစပ်နေမှုမှာ ၂၇၁ ကီလိုမီတာ ရှည်လျားကြောင်း ဘင်္ဂလာက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေး တိုးမြင့်လုပ်ဆောင်ရန် သဘောတူ စာချုပ် လက်တွေ့လုပ်ငန်းများမှာ နှောက်နှေးကြန့်ကြာသွားနိုင်ကြောင်း နယ်စပ်စီးပွားရေးရပ်ကွက်ကပြောသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား တချို့စီးပွားရေးသမားများမှာ ယခုအချိန်ထိ တဖက်နိုင်ငံအတွင်း သောင်တင်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host