Sunday, October 27, 2013

မဟာချိုင်မြို့- ခုံခုပုလိပ်ရုံးမှာ ထိုင်းပုလိပ်များ၏ ယုတ်မာမှု ၁၆.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့ ခုံခုပုလိပ်ရုံးရှိ

မဟာချိုင်မြို့- ခုံခုပုလိပ်ရုံးမှာ ထိုင်းပုလိပ်များ၏ ယုတ်မာမှု ၁၆.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့ ခုံခုပုလိပ်ရုံးရှိ ပုလိပ်များ၏ ယုတ်မာသောနည်းဖြင့် ငွေညစ် .. ၁၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၆း၃၀ မှ ၇း၀၀ ၀န်းကျင်အချိန်တွင် ထိုင်းယူနီယမ် လမ်းဘေးတစ်ခုတွင်ထိုင်နေသောလူငယ် (၂)ဦးအား ကွန်ခွတ် ပုလိပ်ရုံးမှပုလိပ်များသည် သဲများကို ပုလပ်စတစ်အိတ်ငယ်နှင့် ထုပ်ကာ ထိုလူ ငယ်(၂)ဦးအားပြပြီး မင်းတို့တွေ ဘိန်းစာမှုတ်ထုပ် တွေ့ တယ်ဟုဆိုပြီး ဖမ်းသွားပါတယ်။ ထိုသဲထုပ်ကို လူငယ်(၂)ဦး ထိုင်နေသော နေရာတွင် ပစ်ချခဲ့ပါသည်။ ဘာမှပြောဆို၍ မရခဲ့ပါ၊ ထိုသို့ ပစ်ချထားသော သဲထုပ်ကို တွေ့ သောလူငယ်တစ်ဦးက သွားကောက်ပြီးဖြဲကြည့်ရာ သဲများဖြစ်နေကြောင်းတွေ့ ရသည်။ အနည်းဆုံး ဘတ် ၂၀၀၀-၃၀၀၀ တောင်းမည်ဖြစ်ပါသည်။ ထိုခုခံပုလိပ်ရုံးမှ ပုလိပ်များသည် မြန်မာအလုပ်သမားများအပေါ် ကလိန်ကကျစ်ကျကာ နည်းမျိုးစုံဖြင့် ဒုက္ခပေးနှိပ်စက်နေပါသည်။ ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအား နေ့စဉ်နှင့်အမျှ ထိုင်းပုလိပ်များ၏ ဖမ်းဆီးမှုကို ခံနေရပါသည်။ ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုပ်သမားများ၏ ဘ၀မြှင်တင်ရေး၊ လူအခွင့်ရေးများ အပြည်အ၀ရရှိစေရန် NGO ရုံးများ အလုပ်သမားရုံးများ သိရှိစေရန်နှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့်တကွ လူ့ အခွင့်အရေး ဆောင်ရွက်နေသော မြန်မာပြည်သားများ သိရှိစေရန် တာဝန်သိ အလုပ်သမားတစ်ဦးအနေဖြင့် တင်ပြလိုက်ရပါသည်။ သတင်းဓါတ်ပုံ - ဟိန်းထက်ဇော်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host