Wednesday, September 4, 2013

၁၂ နှစ်ကျော်အတွင်း နာရေးကူညီမှုအသင်းမှ သယ်ယူပေးခဲ့သော ရုပ်အလောင်း ၁၃၀၀၀၀ ကျော်

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်မှာ ၁၂ နှစ်ကျော်ခဲ့ပြီဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်) မှသယ်ယူပေးခဲ့သော ရုပ်အလောင်း ၁၃၀၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု ယင်းအသင်းမှ ပြောရေးဆိုခွင့်ရှိသူ
ဒေါ်ဧရာမောင်မောင်က စက်တင်ဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

စာရင်းမှာ စတင်တည်ထောင်သည့် ၂၀၀၁ ခုနှစ်ဇန်န၀ါရီလ ၁ ရက်မှ ယခုနှစ်သြဂုတ် ၃၁ ရက်အထိစာရင်းဖြစ်ပြီး သယ်ယူခဲ့သော ရုပ်အလောင်းစုစုပေါင်း ၁၃၄၀၀၀ ကျော်အထိရှိပြီဖြစ်သည်။

ဒေါ်ဧရာမောင်မောင်က “အခုဆိုရင် နာရေးကူညီမှုအသင်း တည်ထောင်ခဲ့တာ ၁၂ နှစ်ကျော်လာပါပြီ။ တစ်နေ့ကို  Body (ရုပ်အလောင်း) ပေါင်း ၃၀ ကနေ ၅၀ ကြားသယ်ရပါတယ်။ စေတနာ့ဝန်ထမ်းကလည်း ၅၀၀ ကျော်ပါပြီ” ဟုပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ နာယကမှာ ဦးသုခဖြစ်သည်။ အသင်း၏ခံယူချက်မှာ အသင်းသူအသင်းသားများသည် “မေတ္တာ” ဂရုဏာ-မုဒိတာ-ဥပက္ခာ ဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူကူညီဖေးမဆောင်ရွက်ကြပါမည်” ဟု ဖြစ်သည်။

အသင်း၏ရည်ရွယ်ချက်မှာ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများအတွက် အကူအညီ
တောင်းခံလာပါက အသင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ (အခမဲ့) ကူညီဆောင်ရွက်ပေးရန် ဖြစ်သည်။
ဆေးကုသမှုခံယူရန် လိုအပ်သောချို့တဲ့နွမ်းပါးသည့် လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကူညီမှု
ပေးခြင်း၊ အထွေထွေခွဲစိတ်ကုသမှု စားရိတ်ပေးခြင်းများကိုလည်း လူမျိုးဘာသာမရွေးကုသိုလ်ပြုရန် ဆိုသည့် အချက်လည်း ပါဝင်သည်။

ယင်းအပြင် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခါအားလျော်စွာ ဒုက္ခသည်များအား လိုအပ်သည့်အရေးပေါ် ကူညီ ကယ်ဆယ် ထောက်ပံ့မှုများ ပြုလုပ်ရန်လည်း ဆိုသည့်အချက်လည်းပါဝင်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host