Wednesday, September 4, 2013

လူမင်း၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဇာဦးတို့ ပို့ချမည့်သရုပ်ဆောင်သင်တန်း

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အောက်တိုဘာလတွင်ပို့ချမည့် သရုပ်ဆောင်သင်တန်းတွင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်း အပါအ၀င် အကယ်ဒမီထွန်းအိန္ဒြာဗို၊ မေသဉ္ဇာဦးစသည့် အနုပညာရှင်များကိုယ်တိုင် သင် ကြားပို့ချမည်
ဖြစ်သည်။ ၎င်းသင်တန်းအား သုံးလကြာပို့ချရန် စီစဉ်ထားပြီး သင်ကြားမှုတွင် အဆင့်သုံးဆင့် ထည့်သွင်းထားကြောင်း ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

“သင်တန်းကာလက သုံးလကြာမြင့်မယ်။ တစ်လကို စာတွေ့လေ့ကျင့်မယ်၊ နောက်တစ်လကို လက်တွေ့၊ နောက်ဆုံး တစ်လကတော့ ကင်မရာရှေ့မှာ သရုပ်ဆောင်ရမယ်။ သင်တန်းပြီးရင်တော့ ကုမ္ပဏီ တွေနဲ့ ဆက်ပေးမှာပါ။ ဒီသင်တန်းကို တချို့က၀ါသနာအရ လာတက်ကြတယ်။ တချို့ကျတော့လည်း ပိုက်ဆံရှိတော့ သိပ်အလေးမထားကြ ဘူးလေ။ အဲဒါကြောင့် သေချာရွေးမယ်၊ စည်းကမ်းချက်တွေလည်း ထုတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီစည်းကမ်းချက်
တွေကိုတော့ မသိရသေးပါဘူး။ အရင်တုန်းက စည်းကမ်း ချက်တွေကိုလည်း ပြန်ပြင်ထားပါတယ်” ဟု ဦးအေးကြူလေး က ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်သရုပ်ဆောင်သင်တန်းတွင် မင်းသား၊ မင်းသမီးများအပြင် ဇာတ်ညွှန်းဆရာများဖြစ်ကြသည့် ငြိမ်းမင်း၊ မြင့်ဦးဦးမြင့်တို့လည်း ပါဝင်ပို့ချမည်ဖြစ်ပြီး ညီညီထွန်းလွင်၊ မျိုးဇော်အောင်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊
ကျော်ဇောလင်း(အတွေးပုံရိပ်)၊ ကိုဇော်(အာရုဏ်ဦး) စသည့်ဒါရိုက်တာများလည်း သင်တန်းပို့ချပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ တက်လိုသူများသည် မိဘ (သို့) အုပ်ထိန်းသူများ၏ ရုပ်ရှင်သရုပ်ဆောင် သင်တန်းတက်ရောက် ရန် သဘောတူကြောင်း ထောက်ခံချက်ပါရမည်ဖြစ်ပြီး လိုအပ်သည့်စာရွက်စာတမ်းများနှင့် ထောက်ခံစာများ ယူဆောင်လာရမည်ဖြစ်သည်။ သင်တန်းကြေးကို တစ်လကျပ်တစ်သိန်း သတ်မှတ်ပေးထားပြီး သင်တန်းမှာ နံနက် ၉နာရီမှ ၁၂ နာရီအထိ သင်ကြားပေးမည် ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host