Saturday, March 16, 2013

တိုက်ပွဲခေါ်သံ

ငါလိုချင်တာ အမျိုးသားခွင့်အရေး
မင်းပေးတာနယ်ခြားစောင့်
ငါဘယ်လောက်နစ်နာတယ်ဆိုတာ
မင်းသာစဉ်းစားကြည့်ပါ။

ငါလိုချင်တာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး
မင်းပေးတာ ချဉ်ဖတ်ထုတ်
ငါဘယ်လိုလုပ် ကျေနပ်နိုင်မှာလည်းဆိုတာ
မင်းသာစဉ်းစားကြည့်ပါ။

ငါလိုချင်တာ တရားမျှတရေး
မင်းပေးတာ လက်ညှိုးထောင်ခေါင်းညိတ်
ငါဘယ်လိုလုပ် တိတ်တိတ်နေနိုင်မှာလဲဆိုတာ
မင်းသာစဉ်းစားကြည့်ပါ။

ငါလိုချင်တာ ငြိမ်းချမ်းရေး
မင်းပေးတာ အမိန့်နဲ့စိန်ခေါ်သံ
ငါဘယ်လိုလုပ် လက္ခံနိုင်မလဲဆိုတာ
မင်းသာစဉ်းစားကြည့်ပါ။

ငါလိုချင်တာ လွတ်မြောက်ရေး
မင်းပေးတာ ရွှေရည်စိမ်
ငါအကြိမ်ပေါင်းများစွာ အလိမ်ခံခဲ့ရတယ်ဆိုတာ
မင်းသာစဉ်းစားကြည့်ပါ။

မင်းအားရှိတော့ နည်းမျိုးစုံနဲ့ဖြေရှင်း
ငါလည်း ငါ့အမျိုးသားခင်းသည့်လမ်းအတိုင်း
ပန်းတိုင်အရောက် ချီတက်ဖို့ဟာ
ကတိသစ္စာ ငါပေးခဲ့ပြီ။

တိုက်ပွဲရဲ့ခေါ်သံများ
ပြန်ရင်ဆိုင်ဖို့အတွက်
တက်ကြွနေတဲ့ငါ့စိတ်ဟာ
ဒီကဗျာက သာဓကပင်တည်း။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host