
အလင်းတန်းဂျာနယ် အမှတ် ၇၀၁၊ စာမျက်နှာ ၂၀ မှ
ဖခင်ရဲ့ကျန်းမာရေး
အခြေအနေကို စစ်ဆေး ကုသဖို့အတွက် ဘန်ကောက်ကို ခရီးထွက်ရမှာ ဖြစ်တာမို့ ၂၀၁၂
ခုနှစ်မှာ ကျင်းပမယ့် မွေးနေ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပြီလို့
ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပတဲ့ ဖျော်ဖြေပွဲမှာ စင်ပေါ် မတော်တဆ ပြုတ်ကျရာက
ဆေးရုံတက် ကုသမှု ခံယူခဲ့ရတဲ့ ဖြူဖြူကျော်သိန်းရဲ့ဖခင်ဖြစ်သူ ကျန်းမာရေး
အခြေအနေက ခန္ဓာပိုင်းဆိုင်ရာမှာ အကောင်းပကတိအတိုင်း ဖြစ်လာပေမယ့် ဦးနှောက်၊
အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာမှာ စစ်ဆေးကုသမှုတွေ လုပ်ပေးချင်တာကြောင့်
ဘန်ကောက်မှာ ဆေးကုသဖို့ စီစဉ်ဖြစ်တာလို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
မွေးနေ့ အစီအစဉ် ကျင်းပမယ့် ကာလအတွင်း ဘန်ကောက်ကို သွားဖို့ အကြောင်း
ဖန်လာတာနဲ့ ပတ်သက်လို့ ”ဖြူဖြူကတော့ ဖြစ်နိုင်ရင် ချက်ခြင်းတောင်
သွားချင်တာပေါ့ နော်၊ ဒါပေမယ့် မမညိုရဲ့ ပတ်စ်ပို့ရမှ သွားလို့ရမှာဆိုတော့
ဖြူဖြူမွေးနေ့ အစီအစဉ် ကျင်းပမယ့် အချိန်လောက်မှ သွားဖြစ်တော့မယ့် သဘော
ပေါ့။ အဲဒီတော့ ဒီနှစ် မွေးနေ့ အစီအစဉ်ကို ဖြူဖြူ
မလုပ်ဖြစ်တော့ဘူးပေါ့နော်” လို့ ပြောပါတယ်။
ဖြူဖြူကျော်သိန်းက သင်္ကြန်ကာလတွေကိုတော့ မန္တလေး Alpine မှာ ဖြတ်သန်းမှာပါ။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက် ပရိသတ်တွကို ဆုတောင်းစကား ပါးလိုက်သလို
ပရိသတ်ဆီက ဆုတောင်းစကား ကြားချင်တဲ့ အကြောင်းကိုတော့ ဖြူဖြူကျော်သိန်းက
”ခေတ်ကြီးက ပြောင်းလာပြီဆိုတော့ ပရိသတ်တွေ အားလုံး နှစ်သစ်ကို
စိတ်ချမ်းသာမှုတွေနဲ့ ကူးပြောင်းရလိမ့်မယ်လို့ ဖြူဖြူ ထင်ပါတယ်။
မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပလာနေတဲ့အချိန်မှာ ကိုယ်လုပ်ချင်တဲ့
အရာတွေကို အကောင်အထည် ဖော်နိုင်ကြပါစေလို့ ဖြူဖြူ ဆုတောင်းပါတယ်။ ပြီးတော့
နှစ်သစ်မှာ စိတ်ချမ်းသာမှုတွေနဲ့ ကိုယ်စိတ်ကျန်းမာခြင်းတွေ
ပြည့်စုံပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ဖေဖေ့ ကျန်းမာရေး အခြေအနေကြောင့်
ဖြူဖြူ ပိုပြီး သဘောပေါက် နားလည်လာတာက ဘ၀မှာ ကိုယ်စိတ် ကျန်းမာဖို့က
အရေးအကြီးဆုံးပဲ ဆိုတာ ပါ။ အဲဒါကြောင့် ဖြူဖြူ့ဖေဖေရဲ့ ကျန်းမာရေးအတွက်
ပရိသတ်တွေက ဆုတောင်းပေးကြပါလို့ ဖြူဖြူက တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
မွေးနေ့ အစီအစဉ် ကျင်းပဖို့ အကောင်အထည် မဖော်ဖြစ်တော့ပေမယ့် တကိုယ်တော်
ဖျော်ဖြေပွဲကိုတော့ ၂၀၁၂ ခုနှစ်မှာ သေချာပေါက် ကျင်းပမယ်လို့
ဖြူဖြူကျော်သိန်းက ပြောပါတယ်
0 comments:
Post a Comment