Wednesday, September 4, 2013

မတည်ငြိမ်မှုများကို မဖြစ်စေရန်အတွက် မိထ်္ထီလာတွင် လွှတ်တော်အမတ်ကို ဆန္ဒပြခွင့်ပယ်ချခြင်းဖြစ်ဟု အုပ်ချုပ်ရေးမှုးပြော

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မိထ်္ထီလာမြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ဆန္ဒပြရန်ဒေသခံများက စာတင်ထားရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်မည်စိုးသည့်အတွက် ဆန္ဒပြမှုကို ခွင့်မပြုကြောင်း မိထ်္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာ ၃ ရက် တွင် မဇ္ဈိမကိုပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မိတ္ထီလာမြို့၌ လူအုပ်စုဖြင့် အကြမ်းဖက်ခံခဲ့ရကြောင်း ပြောဆိုမှုမှာမှန်ကန်သည်ဟု မီဒီယာများတွင် ပြောကြားခဲ့သည်။ ယင်းသို့ပြောဆိုမှုကြောင့် ဒေသခံများက မကျေနပ်၍ဆန္ဒပြရန်စာတင်ခြင်းကို ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

မိထ်္ထီလာခရိုင်အုပ်ချူပ်ရေးမှူး ဦးတင်မောင်စိုးက “ မိထ်္ထီလာမြို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေ ဖြစ်တယ်။ လူသွားလမ်းတွေမှာ ဆန္ဒဖော်ထုတ်ကြမှာဖြစ်တဲ့အတွက် မတည်ငြိမ်မှုတွေကို ထိန်းသိမ်းတဲ့အနေနဲ့ကျွန်တော်တို့ ဆန္ဒပြခွင့်ကို ပယ်ချရခြင်းဖြစ်ပါတယ်” ဟု မဇ္ဈိမ၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မိထ်္ထီလာတွင် လွှတ်တော်အမတ်ဦးဝင်းထိန်ကို ဒေသခံမြို့သူမြို့သားများက လူအင်အား ၁၀၀ ဖြင့် စက်တင်ဘာ ၅ ရက်တွင် ဆန္ဒပြရန်စီစဉ်ထားရာ ပယ်ချခံရသဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို စုပေါင်းတိုင်ပင်နေဆဲ
ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဆန္ဒပြရာတွင် ပါဝင်မည့်သူ မိထ်္ထီလာဒေသခံဦးညိုဝင်းက “သြဂုတ် ၃၀ ရက်က စာတင်ထားခဲ့တာကို မြို့နယ်ရဲမှူးနဲ့ အုပ်ချူပ်ရေးပိုင်းက ဆန္ဒပြခွင့်မရှိဘူးလို့ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်ဆက်လက်ပြီး ကြိုးစားသွားဦးမှာပါ” ဟုပြောသည်။

မိထ်္ထီလာဒေသခံ ဒေါက်တာဆန်းလှိုင်ကလည်း “ဦးဝင်းထိန်ကို ဆန္ဒပြမယ်ဆိုပြီး ပြောနေကြတာကြာပြီ။ လူငယ်တွေ ကတော့ အများဆုံးပြောကြတယ်။ အခုစာတင်တော့ ခွင့်ပြုချက်မရခဲ့ဘူး” ဟုမဇ္ဈိမကို ပြောသည်။

မိထ်္ထီလာမြို့ ချမ်းအေးရပ်ကွက်တွင် နေထိုင်သူဒေသခံမဖြူဖြူက “(ကင်တားနားလာစဉ်က) ကားနားမှာ ရှိနေတဲ့ လူတွေအကုန်လုံးကဒေသခံတွေပါပဲ။ သူတို့တွေ ပြောခဲ့သလို ခဲနဲ့ထု၊ ခြေနဲ့ကန်တာမရှိဘူး။ လူတွေအတင်း အုံနေတာပဲရှိခဲ့တယ်” ဟု သြဂုတ် ၁၉ ရက်ကအဖြစ်အပျက်ကို ပြန်လည်ပြောသည်။

ဆန္ဒပြခွင့်မရသော်လည်း မိတ်္ထီလာမြို့တွင် မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည် ဟုလည်း နန်းတော်ကုန်းရပ်ကွက်နေ ဦးအောင်ရီကဆိုသည်။

အမြင်မတူသည့် လူအုပ်စုများအကြား ပဋိပက္ခများဖြစ်ပွားခဲ့သည့် မိတ်္ထီလာမြို့သို့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် သြဂုတ် ၁၉ ရက်ကသွား ရောက်လေ့လာခဲ့ရာမြို့ အ၀င်တွင်ဒေသခံ ၄၀၀ ခန့်က စုပေါင်းဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် အာဏာပိုင်များထံ ခွင့်ပြုချက် ရယူပြီး မှ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host