Wednesday, September 4, 2013

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်းယာဉ်မရပ်နားရသည့် စနစ်ပြန်လည်အကောင်အထည် ဖော်ရန်စီစဉ်

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၄၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်း ယာဉ်မရပ်နားရသည့်စနစ်ကို ပြန်လည် အကောင် အထည် ဖော်ရန်စီစဉ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က စက်တင်ဘာ ၃ ရက်တွင်ပြောသည်။

ယခင်ကရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် အချိန်ပိုင်းယာဉ်မရပ်ရစနစ် ပြုလုပ်ခဲ့ဖူးသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ကားကြပ်မှုများကြောင့် အဆိုပါအချိန်ပိုင်းယာဉ် မရပ်ရစနစ်ကို ပြန်လည် အကောင်အထည်
ဖော်မည်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီးလင်းထွဋ်က “အခုဆိုမြို့ထဲမှာ ကားတွေသွားလို့မရတဲ့ အနေအထားရှိနေတယ်။ မြို့ထဲမှာ လမ်းချဲ့ဖို့က လည်း အခြေအနေမပေးတဲ့ အနေအထားပါ။ အရင်ကားထားတဲ့စနစ်အတိုင်း အကောင်အထည်ဖော် ဖို့ရှိပါတယ်” ဟုပြောသည်။

အဆိုပါစနစ်မှာ ရန်ကုန်မြို့တွင်းရှိ ပင်မလမ်းမကြီးများတွင် ကားမရပ်ရသည့် စနစ်ဖြစ်ပြီး ကားရပ်ရန်အချိန် သတ်မှတ်
ပေးထားမည်ဖြစ်သည်။ ယင်းစနစ်ကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော် မည်ကိုမူ တိတိကျကျ မသိရ
သေးပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက “မရပ်ရတာက ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း မရပ်ရဘူးဆိုပြီးလုပ်တာ။ ကားလမ်းကြပ်တော့ လမ်းဘေးမှာ ကားရပ်နေရင် ကားလမ်းပိတ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ဆိုရင် ကားကကောင်းကောင်း သွားလို့ရတယ်” ဟုပြော သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်အတွင်း ကားများအခမဲ့ရပ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက လမ်းချဲ့ပြီး ကားပါကင်များလုပ်ဆောင် နေရာလူသွားစင်္ကြံ အနည်းဆုံးချန်ပြီး ဆောင်ရွက်နေသည်။

ဦးလင်းထွဋ်က “လက်ရှိ အခြေအနေအရ ရန်ကုန်မြို့တွင်းမှာ မြေနေရာလွတ်တွေလည်း အလွန်ရှားပါတယ်။ ဒါပေမဲ့ အစီအစဉ်တစ်ခုအနေနဲ့ အကောင်အထည်ဖော်မယ်လို့ သိရတယ်” ဟုပြောသည်။

ယင်းစနစ် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host