Thursday, September 5, 2013

တာင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့်ပေးမည်မဟုတ်

ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၀၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှု လုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့် ထပ်မံပေးတော့မည် မဟုတ်ကြောင်း ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က စက်တင်ဘာ ၄ ရက်တွင် မဇ္ဈိမကို
ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် မြို့ပေါ်တွင် ဆက်လက် လုပ်ကိုင်ခွင့် ရတော့မည်မဟုတ်ဘဲ အေးသာယာမြို့သစ်ရှိ အေးသာယာစက်မှုဇုန်တွင်သာ လုပ်ကိုင်ခွင့်ပြု
တော့မည် ဖြစ်သည်။

ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “ကျွန်တော်တို့ အနေနဲ့ကတော့ တောင်ကြီးမြို့
ပေါ်မှာ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို လိုင်စင်သက်တမ်းထပ်မံတိုးပေးတော့မှာ မဟုတ်ပါ ဘူး။ သည်လို မတိုးပေးဖို့ကိုလည်း စက်မှုကြီးကြပ်ရုံးကို ပြောထားပြီးပါပြီ” ဟုဆိုသည်။

လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် မြို့ပေါ်ရှိလုပ်ငန်းများကို စက်မှုဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးနေပြီး အေးသာယာ စက်မှုဇုန်ရှိ ကျန်ရှိနေသော မြေကွက် ၁၇၄၀ခန့်ကို စက်မှုလုပ်ငန်း လုပ်ကိုင် သူများအတွက် ခွဲဝေနေရာချထားပေးနိုင်ရန် စီစဉ်ပြီးဖြစ်သည်ဟုလည်း ဦးစိုင်းထွန်းရင်က ပြောသည်။

အေးသာယာစက်မှုဇုန်တွင်လည်း အမှန်တကယ် စက်မှုလုပ်ငန်း မဆောင်ရွက်ဘဲ နေအိမ်များ ဆောက်လုပ်
နေထိုင်နေသူများရှိနေရာ ၎င်းတို့ကို စက်မှုလုပ်ငန်းများ ဆောင်ရွက်စေရန် ညှိနှိုင်းဆောင်ရွက်သွားမည်
ဖြစ်သည်ဟုလည်း ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်ကဆိုသည်။

၎င်းက “နေအိမ်လိုပဲ သဘောထားပြီး နေနေရင်တော့ စက်မှုဇုန်ဟာ ဖွံဖြိုးဖို့ အလားအလာနည်းပါတယ်။ စက်မှု လုပ်ငန်းအတွက် စက်မှုဇုန် ဖော်ထုတ်ထားတာပါ။ ဒီတော့ စက်မှုဇုန်ဆိုတာ စက်မှုလုပ်ငန်းရှင်တွေ အတွက် သာ ဖြစ်စေရမယ်လို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟုပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး အေးသာယာစက်မှုဇုန်တွင် စက်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “သည်လိုမျိုး သတ်မှတ်ပေးတာ ကောင်းပါတယ်။ တချို့လုပ်ငန်းတွေက တောင်ပေါ်မှာ လုပ်လို့ ရနေတော့ ကျွန်တော်တို့စက်မှုဇုန်ရှိတဲ့ တောင်အောက်ကိုဆင်းမလာတော့ဘူး။ သည်တော့ ကျွန်တော်တို့ အလုပ်အကိုင် မဖြစ်ဘူး” ဟု ပြောသည်။

တောင်ကြီးမြို့ အေးသာယာမြို့သစ်ရှိ အေးသာယာစက်မှုဇုန်သည် ယခင်အစိုးရလက်ထက်က အကောင် အထည်ဖော်ပေး ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စက်မှုလက်မှု လုပ်ငန်းများအားလုံးဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန်
မြေနေရာများ ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းစက်မှုဇုန်ကို ၂၀၀၀ ခုနှစ် ကပင် စတင်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host