Monday, February 18, 2013

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား

2013-02-18
နိုင်ငံတော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမေးမြန်းချက် တွေကို ဝန်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေးစေ ချင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်းလိုက်ပါတယ်။
၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့မူသဘောတွေကို ဆွေးနွေးရာမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က အခုလို ပြောကြားလိုက်တာပါ။
" အခုအချိန်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တစ်ယောက်ရဲ့ ဆွေးနွေးချက်ကို ဒါကိုကျွန်တော်တို့က ဒီလိုဆောင်ရွက်ပါမယ်၊ ဆောင်ရွက်နိုင်ခြင်းအရှိသေးပါဘူး၊ ဒီလိုမျိုး တိတိကျကျပြန်လည်ဖြေကြားမှသာ ကျွန်တော်တို့ရဲ့လုပ်ငန်းသည် အထောက်အကူပြုမှာဖြစ်ပါတယ်၊ အဲ့လိုမဟုတ်ပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးတာ လေထဲပျောက်သွားတယ်ဆိုတာမဖြစ်သင့်ပါဘူး၊ ဒါကြောင့် အဆင်သင့်မဖြစ်သေးရင် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်"
ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ တိုက်တွန်းပြောကြားချက်ဟာ မှန်ကန်တဲ့ တိုက်တွန်းချက်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဝန်ကြီးဌာန (၁၆) ခုက သက်ဆိုင်ရာဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေက အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host