2013-02-18
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်နဲ့
ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း
ပြောခဲ့တာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

0 comments:
Post a Comment