ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) Association of United
Nationalities in Japan က လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင်
ဂျပန်နိုင်ငံ၌ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတရပ်ကို
ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားကို မွန်ပြည်သစ်ပါတ်ီဥက္ကဌကြီးနိုင်ထောမွန်
တက်ရောက်ခဲ့ပါသည်။ ထို့နောက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြသည့်
ဂျပန်လွှတ်တော်အမတ်များအဖွဲ့ နှင့်တွေ့ဆုံကာ မြန်မာ့နိုင်ငံအရေး၊
တိုင်းရင်းသားများအရေးကို ဂျပန်နိုင်ငံအနေဖြင့် ပိုမိုတွန်အားပေး
ဆောင်ရွက်ရန် တိုင်းရင်းသားများကိုယ်စား မေတ္တာရပ်ခံ တင်ပြခဲ့ပါသည်။
အဆိုပါတင်ပြချက် အကြောင်းအရာများကို မကြာမီက မွန်ပြည်သစ်ပါတီ
ဗဟိုကိုပြန်ရောက်လာသည့် မွန်ပြည်သစ်ပါတီဥက္ကဌကြီး နိုင်ထောမွန်နှင့် Kaowao
သတင်းဌာနမှဤကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး - ဟုတ်ကဲ့ဥက္ကဌကြီးခင်ဗျား၊ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ AUN ခေါ်ညီညွတ်သောတိုင်း
တိုင်းရင်းသားအဖွဲ့ကကျင်းပတဲ့ အခမ်းအနားရဲ့ရည်ရွယ်ချက်ကို သိပါရစေခင်ဗျာ။
ဖြေ - ဂျပန်မှာရှိတဲ့တိုင်းရင်းသားတွေက စုစည်းညီညွတ်စွာနဲ့စစ်မှန်တဲ့ပြည်ထောင်စုပေါ်
ထွက်ရေးအတွက် သူတို့လည်းတက်နိုင်တဲ့ဘက်၊ ဖြစ်နိုင်တဲ့အနေအထားကနေကြိုး
စားကြဖို့ရည်ရွယ်ချက်စုစည်းထားတာဖြစ်ပါတယ်။
မေး - အဲဒီ AUN အဖွဲ့မှာပါဝင်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်းသိပါရစေခင်
ဗျာ-
ဖြေ - AUN မှာပါတဲ့တိုင်းရင်းသားတွေက ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့၊
ပလောင်၊ နာဂရယ်ဆိုပြီးတော့ (၉) မျိုးတိုင်းရင်းသားအဖွဲ့တွေပါဝင်ပြီး AUN မှာလှုပ်
ရှားနေတယ်။
မေး - ဥက္ကဌကြီး တွေ့ဆုံခဲ့တဲ့ ဂျပန်လွှတ်တော်အမတ်တွေ၊ အတိုက်အခံ
အမတ်တွေအနေနဲ့မြန်မာနိုင်ငံအရေးပေါ်မှာဘယ်လိုများထင်မြင်သုံးသပ်ထားပါသလဲခင်ဗျာ၊
ဖြေ - လွှတ်တော်မှာသူတို့ဖွဲ့စည်းထားတဲ့ဗမာပြည်ဒီမိုကရေစီရေးကိုထောက်ခံတဲ့လွှတ်
တော်အမတ်ဆိုပြီးတော့အဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့ရဲ့အတွင်းရေးမှူးကဦးစီးပြီးတော့ကျွန်
တော်တို့တွေ့တယ်၊ တစ်ဦးချင်းသူတို့သဘောထားတွေကိုလဲတင်တယ်၊ ပြောတယ်၊
သုံးသပ်တယ်သူတို့အပြောကဘာလဲဆိုတော့၊ ဗမာပြည်မှာဒီမိုကရေစီအရေးတခုထဲနဲ့
မပြီးဘူးဆိုတာသူတို့နားလည်လာတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ
လည်းထဲ့တွက်ပြီး လုပ်ဆောင်ဖို့လိုမယ်ဆိုတာ အခုပိုပြီးတော့သူတို့နားလည်လာတယ်။
မေး - ဟုတ်ကဲ့အဲဒီအစည်းအဝေးမှာဂျပန်လွှတ်တော်အမတ်တွေကတဆင့်ဂျပန်အစိုးရထံ
မှာမေတ္တာရပ်ခံတောင်းဆိုထားတဲ့အချက်တွေကိုလည်းပြောပြပေးပါလားခင်ဗျာ ၊
ဖြေ - လွှတ်တော်အမတ်တွေကနေတဆင့်ပေါ့မေတ္တာရပ်ခံပို့အချက်(၅) ချက်နံပါတ် (၁)
က UN ရဲ့ဆုံးဖြတ်ချက်နဲ့အညီသုံးပွင့်ဆိုင်ဆွေးနွေးပြီးတော့နိုင်ငံရေးပြဿနာကိုအ
ဖြေရှာဖို့ကိစ္စကိုဂျပန်အစိုးရကလည်း UN နဲ့တွဲပြီးဖိအားပေးဖို့၊ နောက်တခုကဖမ်းထား
တဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်းအမြန်လွှတ်ပေးဖို့ ၊ နံပါတ်(၃) ကျတော့၊ စစ်
အစိုးရရေးဆွဲတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဥပဒေဟာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အထူးသဖြင့် NLD တို့ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ညှိနှိုင်း ပြီးတော့လိုအပ်တဲ့ပြင်ဆင်မူတွေကို တကယ်လို့ သူတို့လက်မခံပဲနဲ့ တဖက်သတ်အကောင်အထည်ဖေါ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ တင်ပြတာရှိတယ်။ နံပါတ်(၄) ကျတော့ညှိနိုင်းမူမရှိပဲနဲ့ တဖက်သတ်လုပ်မယ်ဆိုယင် ကျွန်တော်တို့နိုင်ငံရေးပြသနာကိုပြေလည်အောင် ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ အခြေအနေပိုဆိုးလာနိုင်တယ် ဆိုတာလေးလေးနက်နက် သိစေချင်တယ်၊ နံပါတ်(၅) ကျတော့တဖက်သက်လုပ်မယ်ဆိုရင်လူ့အခွင့်အရေး ချိုးဖေါက်မူတွေ ပိုများလာနိုင်တယ်၊ ဒီမိုကရေစီ လူပ်ရှားမူတွေနဲ့ တိုင်းရင်းသားတွေရဲ့လူပ်ရှားမဲ့သူတွေအတွက် အခက်အခဲရှိလာမယ်၊ ဒုက္ခသည်တွေများလာမယ်၊ ပိုမိုကူညီ
နိုင်ရေးအတွက် ဂျပန်အစိုးရက စဉ်းစားပေးပါရန် ဆိုပြီးတော့အဲဒီလို(၅) ချက်တင်ထားတယ်။

![]() |
ဂျပန်နိုင်ငံ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ထောမွန် မိန့်ခွန်းမြွက်ကြားစဉ် |

0 comments:
Post a Comment