လာမည့်ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ၏ အဋ္ဌမအကြိမ် ပါတီညီလာခံကို
ရေးချောင်ဖျားရှိပါတီဌာနချုပ်တွင် ကျင်းပမည် ဖြစ်ကြောင်း
ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ညီလာခံတွင်ပါတီခေါင်းဆောင်းပိုင်းကို လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ် ခန့်အပ်မည့်အပြင် လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပါတီ၏ လမ်းစဉ်မူဝါဒများကို ပြန်လည်လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီညီလာခံဟာကျနော်တို့ ပါတီဝင်တွေအတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံမှာ ကိုယ်က ပါတီခေါင်းဆောင်အနေနဲ့ အရွေးခံချင်တယ် ဆိုရင် ရွေးချယ်ခံပိုင်ခွင့် ရှိပြီးတော့ ကိုယ်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်းကိုယ့်ဆန္ဒမဲနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာပိန်ခိုင်းကပြောသည်။
ယခုကျင်းပမည့် ပါတီညီလာခံတွင် ပါတီကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်မည် ဖြစ်ပြီး ညီလာခံကို၂ ပတ်ခန့် ကျင်းပသွားမည် ဖြစ်သည်။
“အဖွဲ့ဝင် ၅ ယောက်ကို တစ်ယောက်က
ကိုယ်စားပြု ပြီးတော့ ညီလာခံတက်ခွင့် ရမယ်။
ကိုယ်စားပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ပါတီ အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုမှု
ခံရပြီးသား ဖြစ်နေရမယ်” ဟု နိုင်ဟံသာပိန်ခိုင်းကပြောသည်။
မွန်ပြည်သစ်ပါတီသည်ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မူ လမ်းစဉ်ကို ကျင့်သုံးပြီး ပါတီကို ၁၉၅၈ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ပါတီ၏ စည်းမျဉ်းအရ ညီလာခံကို ၃ နှစ်တစ်ကြိမ် ကျင်းပသည်။
“၃နှစ်တစ်ခါ ကျင်းပရတဲ့ အကြောင်းအရင်းက ပါတီမှာ အာဏာရနေတဲ့ သူတွေက အာဏာကို အမြဲတမ်း ဆုပ်ကိုင်မထားနိုင်လေအောင်။ ပြီးတော့ အမှားအယွင်း ကျုးလွန်ခဲ့တဲ့ သူတွေက အမှားတွေ ဆက်မကျူးလွန်အောင် လုပ်ရခြင်း ဖြစ်တယ်” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကပြောသည်။
ပါတီ၏ရှေ့ဆက် နိုင်ငံရေး ရပ်တည်မှုနှင့် ပတ်သက်၍ “ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးမရမချင်း လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီး ဆုပ်ကိုင်ထားရဦးမယ်။ ကိုယ့်မှာ လက်နက် မရှိရင်ကိုယ့်တိုင်းရင်းသား အခွင့်အရေးတွေဟာ ဝါးမျိုခံရလိမ့်မယ်” ဟု နိုင်ဟံသာက ပြောသည်။
“ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသား တန်းတူညီမျှရေးက ကျနော်တို့ခေတ်မှာ မရခဲ့ရင်တောင်ကျနော်တို့ သားစဉ်မြေးဆက် ဒီလက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီးတော့ ကျင့်သုံးသွားလိမ့်မယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။
ညီလာခံ မတိုင်မီ ခေါ်ယူမည့်ဗဟိုကော်မတီ အစည်းအဝေးနှင့် ညီလာခံတွင် နိုဝင်ဘာလက မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့် ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။
ညီလာခံတွင်ပါတီခေါင်းဆောင်းပိုင်းကို လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ် ခန့်အပ်မည့်အပြင် လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပါတီ၏ လမ်းစဉ်မူဝါဒများကို ပြန်လည်လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီညီလာခံဟာကျနော်တို့ ပါတီဝင်တွေအတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံမှာ ကိုယ်က ပါတီခေါင်းဆောင်အနေနဲ့ အရွေးခံချင်တယ် ဆိုရင် ရွေးချယ်ခံပိုင်ခွင့် ရှိပြီးတော့ ကိုယ်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်းကိုယ့်ဆန္ဒမဲနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာပိန်ခိုင်းကပြောသည်။
ယခုကျင်းပမည့် ပါတီညီလာခံတွင် ပါတီကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်မည် ဖြစ်ပြီး ညီလာခံကို၂ ပတ်ခန့် ကျင်းပသွားမည် ဖြစ်သည်။
![]() |
မွန်ပြည်သစ်ပါတီသည်ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မူ လမ်းစဉ်ကို ကျင့်သုံးပြီး ပါတီကို ၁၉၅၈ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ပါတီ၏ စည်းမျဉ်းအရ ညီလာခံကို ၃ နှစ်တစ်ကြိမ် ကျင်းပသည်။
“၃နှစ်တစ်ခါ ကျင်းပရတဲ့ အကြောင်းအရင်းက ပါတီမှာ အာဏာရနေတဲ့ သူတွေက အာဏာကို အမြဲတမ်း ဆုပ်ကိုင်မထားနိုင်လေအောင်။ ပြီးတော့ အမှားအယွင်း ကျုးလွန်ခဲ့တဲ့ သူတွေက အမှားတွေ ဆက်မကျူးလွန်အောင် လုပ်ရခြင်း ဖြစ်တယ်” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကပြောသည်။
ပါတီ၏ရှေ့ဆက် နိုင်ငံရေး ရပ်တည်မှုနှင့် ပတ်သက်၍ “ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးမရမချင်း လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီး ဆုပ်ကိုင်ထားရဦးမယ်။ ကိုယ့်မှာ လက်နက် မရှိရင်ကိုယ့်တိုင်းရင်းသား အခွင့်အရေးတွေဟာ ဝါးမျိုခံရလိမ့်မယ်” ဟု နိုင်ဟံသာက ပြောသည်။
“ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသား တန်းတူညီမျှရေးက ကျနော်တို့ခေတ်မှာ မရခဲ့ရင်တောင်ကျနော်တို့ သားစဉ်မြေးဆက် ဒီလက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီးတော့ ကျင့်သုံးသွားလိမ့်မယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။
ညီလာခံ မတိုင်မီ ခေါ်ယူမည့်ဗဟိုကော်မတီ အစည်းအဝေးနှင့် ညီလာခံတွင် နိုဝင်ဘာလက မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့် ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။
0 comments:
Post a Comment