Friday, October 12, 2012

အွန်လိုင်းမှ ငွေပေးချေမှုကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီ

အွန်လိုင်းမှ ငွေပေးချေမှု တွင် အသုံးပြုသူ များ အတွက် ပိုမို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် MyanPay Account များတွင် GeoIP Tracking နည်းပညာကို ထပ်မံ ထည့်သွင်းလိုက်ပြီ  ဖြစ်သည်။ ထို GeoIp Tracking စနစ်ကို ထည့်လိုက်ခြင်းဖြင့် MyanPay Account ထဲသို့ မယုံကြည်ရသည့် တစ်နေရာမှ Longing ရယူဖို့ ကြိုးစားနေလျှင် ချက်ချင်းသိနိုင်သည်။

မြန်မာနိုင်ငံတွင် စတင် အသုံးပြုခဲ့သော MyanPay အွန်လိုင်းငွေပေးချေမှု စနစ်ကို အသုံးပြုမှု များပြားလာသည်နှင့်အညီ အသုံးပြုသူ တစ်ဦးချင်းစီ၏ လုံခြုံစိတ်ချမှု ရှိစေရန် Myanpay Account အသုံးပြုသူများ၏ အသုံးပြုနေသည့် တည်နေရာကို အလိုအလျောက် မှတ်သားခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို ထို GeoIP Tracking စနစ်က ဆောင်ရွက်နိုင်သည်။
Artificial Intelligence (AI) အလိုအလျောက် ပြန်လည်စစ်ဆေးခြင်း စနစ်ကို ထည့်သွင်းထားသည့် GeoIP Tracking စနစ်တွင် MyanPay Account ထဲသို့ နောက်ဆုံး Login ဝင်ရောက် အသုံးပြုခဲ့တဲ့ နေရာကို System က အလိုအလျောက် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
သတ်မှတ်ထားတဲ့ အချိန်ပိုင်းအတွင်းမှာ Login ဝင်ရောက်ဖို့ ကြိုးစားတာမျိုး၊ တစ်နေရာကနေ အကြိမ်ကြိမ် ဝင်ရောက်ဖို့ ကြိုးစားတာမျိုး ရှိလာရင် System က အလိုအလျောက် စစ်ဆေးပြီး အသုံးပြုသူရဲ့ အကောင့်ကို ထိန်းသိမ်းလိုက်သည်။
ထိုအခြေအနေတွင် အသုံးပြုသူသည် မိမိရဲ့ အကောင့်မှန်ရင် မိမိရဲ့မွေးနေ့၊ ဖုန်းနံပါတ်၊ လုံခြုံရေးဆိုင်ရာ အမေးအဖြေများကို One Time Password (OTP) ဖြင့် ပြန်လည် ရယူနိုင်သည်။ အသေးစိတ် သိလိုပါက www.myanpay.com.mm သို့ ဖုန်း-၀၁-၅၁၀၅၅၄ သို့ မေးမြန်းနိုင်သည်။
မိုင်းစောလွင်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host