တရုတ်နိုင်ငံသို့ မဲခေါင်မြစ်ဖြတ်၍ ကျောင်းသွားတက် သည့် မြန်မာ ကလေးငယ် ၁၄
ဦးမှာ ၂-၉-၂၀၁၂ ရက်က စက်လှေ နစ်၍ သေဆုံး ခဲ့ရကြောင်း ၅-၉-၂၀၁၂ ရက်က သိရသည်။
တရုတ်-မြန်မာ နယ်စပ်အနီးရှိ မိုင်းလား ၄ နယ်မြေမှ ကလေးငယ်များဖြစ်ပြီး
တရုတ်နိုင်ငံသို့ အပတ်စဉ် တနင်္ဂနွေမှ သောကြာနေ့အထိ သွားရောက်ကာ
စာသင်ကြားနေသော မြန်မာကျောင်းသားများ ဖြစ်ပြီး ၎င်းတို့ စီးနင်းလာသော
စက်လှေမှာ ခရီးသည် ၃၀ ကျော် ပါဝင်ပြီး ၂၂ ဦးမှာ သေဆုံးခဲ့ရသည်ဟု သိရသည်။
အခင်းဖြစ်ပွားသည့်နေ့က တရုတ်နိုင်ငံ ဆိပ်ကမ်းအာဏာပိုင်တို့၏ အဆိုအရ လူ ၁၄
ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှစ်ဦးမှာ မြန်မာကလေးငယ်များ
ဖြစ်နိုင်ကြောင်း ပြောကြားထားကာ စက်တင်ဘာ ၅ ရက်တွင် ထပ်မံ အတည်ပြုချက်အရ ၂၂
ဦးထဲမှ ၁၄ ဦးမှာ မြန်မာကျောင်းသားများ ဖြစ်သည်ဟု ဆိုသည်။ ယင်းကဲ့သို့
စက်လှေတိမ်းမှောက်မှု မဖြစ်မီ နှစ်ရက်အလိုက မြန်မာကျောင်းသားများ
စာသွားရောက်သင်ယူသည့် ကွမ့်လွေးမြို့၌ ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး
ဒေသတွင်း စက်လှေကြီးသမားများ အချင်းချင်း စုပေါင်းကာ ကလေးငယ်များ
စောင့်ရှောက်ရေး ပြုလုပ်ပေးရန် ပြောကြားထားဖူးပြီး စက်လှေ
တိမ်းမှောက်ရခြင်းမှာလည်း ရေစီးကြမ်းခြင်းနှင့် ရာသီဥတုအခြေအနေ
ဆိုးရွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။
Source : Between Online News
9:40 AM
Kawzarblogger.sport.co
Posted in: 














0 comments:
Post a Comment