Thursday, October 25, 2012

ကလေးစစ်သား အသုံးမပြုရေး အောက်ခြေတပ်မှူးများအား မွန်ပြည်သစ် ရှင်းပြ

ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်၌ အောက်ခြေ တပ်မှူးတပ်သားများ နားလည်နိုင်ရန်အတွက် ယနေ့တွင် ကျရောက်သည့် ၄၁ နှစ်ပြည့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့တွင် ရှင်းလင်းဟောပြောခဲ့ကြောင်း မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဒု-စစ်ဦးစီးချုပ်က ပြောသည်။

(၄၁) နှစ်ပြည့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ အခမ်းအနား (Photo - NMSP)
"ဒီနေ့ ပြုလုပ်တဲ့ အခမ်းအနားမှာ ထူးခြားချက်ကတော့ Geneva Call နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စာချုပ်ချုပ်ဆိုထားတဲ့ အချက်အလက် ၁၆ နဲ့ ပတ်သက်တဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြတယ်" ဟု ဒု-စစ်ဦးစီးချုပ် လယီကောင်း က ပြောသည်။

သြဂုတ်လ ၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနှင့်အတူ မွန်ပြည်သစ်ပါတီသည် နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် Geneva Call နှင့် ကလေးစစ်သား အသုံးမပြုရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်ပါ အကြောင်းအရာများကို မွန်ဘာသာ ပြန်ဆိုပြီး ပါတီလက်အောက်ရှိ တပ်ရင်းများနှင့် မြို့နယ် အသီးသီးသို့ ဖြန့်ဝေကာ၊ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း အလားတူ စာချုပ် ချုပ်ဆိုသွားရန် တိုက်တွန်းသွားမည်ဟု ဒု-စစ်ဦးစီးချုပ်က ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ၁၉၇၁ ခုနှစ်မှ စ၍ ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကလေးစစ်သား အသုံးပြုမှု တားမြစ်သည့် ဥပဒေကို ရေးဆွဲခဲ့ပြီး၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းစည်းကမ်းများကိုလည်း ပြဌာန်းထားကြောင်း မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

“ကလေးစစ်သားနဲ့ ပတ်သက်ရင် ကျနော်တို့က ရှင်းရှင်းပဲ။ လုံးဝ မရှိဘူးဆိုတာ ကျနော်တို့ အစစ်ခံနိုင်ပါတယ်” ဟု နိုင်ဟံသာပိန်ခိုင်း က ပြောသည်။

(၄၁) နှစ်ပြည့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ အခမ်းအနား (Photo - NMSP)
ဗိုလ်မှူးချုပ် လယီကောင်းနှင့် နိုင်ဟံသာဗိန်ခိုင်းတို့သည် Geneva Call နှင့် ကလေးစစ်သား အသုံးမပြုရေး စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် အစိုးရစစ်တပ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၈ ဖွဲ့က ကလေးစစ်သား စုဆောင်း အသုံးပြုမှု ရှိနေသေးကြောင်း ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိ က ပြောသည်။

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ၁၉၇၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။



COMMENTS: အပြည့်အဝလက်ခံပါတယ်။ ကလေးနဲ့စစ်ကဘာမှမဆိုင်ပါဘူး။
Feedback From
Sat, Sep 1, 2012 at 4:56 AM
COMMENTS: စစ်သားတွေ ကို တော့အရမ်းလေးစာသွာပြီး သူတို့ဘဝကလဲ မိသာစု နဲ့လဲ အတူမနေရ အမြဲတမ်းဒုက်ခ ခ့နေရတယ် လေးစားလျက်ပါ
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host