ပုသိမ်မှ ပုဂံခေတ်မွန်ကျောက်စာ?
ပုသိမ်နယ် အနောက်ဖက် ကွင်းချောင်းဘေး ဘုရားကြီးရွာ ဘုရားကြီး ယခုအခေါ် သုမနစေတီ မှာအုတ်ပုံအဖြစ်ပျက်စီးနေရာ ပြန်လည်ပြင်ဆင်နေစဉ် ကျောက်စာအပိုင်းအစတစ်ခုကိုတူးဖော်တွေ
့ရှိရပြီး ထိုကျောက်စာ၏တစ်ဖက်တွင် အရုပ် ၂ ခုပါရှိသည်။
ထိုကျောက်စာကို ပုသိမ်မြို့ မှ ၈မိုင်အကွာ ငဝန်မြစ်ကမ်းပေါ်ရှိ
ရွှေမြင်တင်ရွာ ကျောင်းတွင်ထိန်းသိမ်းထားသည်။
ကျောက်စာ အပေါ်ပိုင်း ၃ပုံ ၁ပုံ ခန့် နှင် အောက်ခြေပိုင်း ၃ပုံ ၁ပုံ ခန်
့ပျက်စီးလျှုက်ရှိသည်။
"အခုတွေ့ ရတဲ့ကျောက်စာဟာမွန်ကျောက်စာဖြစ်ပါတယ်။ ဒီအထဲမှာ ကွာန်
ဆိုတဲ့အသုံးအနှုံး အရ အလယ်ခေတ်မွန်လို့ ယူဆနိုင်ပေမဲ့
ကျန်တဲ့အရေးအသားအသုံးအနှုံန်းက
ရှေးဟောင်မွန်အသုံးအနှုန်းမျိုးဖြစ်နေပြန်တယ်။
အဓိပ္ပာယ်ကိုရသလောက်ပြန်ဆိုကြည့်ယင် တပေါင်းလဆန်း၇ ရက်နေ့ မှာ ညာကရိပင်မာရဲ
့သား ထေရ်ဓမ္မရုဏ ဟာဘုရားတည်တယ်။ ငါတို့ အရှင်ကိုဒီဘုရားမှာမြေကြီးပေးတယ်
။မြေပယ် ၁၀၀ မင်းဖံမာသာရ် ထန်းစိုက်တဲ့ကာလဆိုပြီး စကားပြတ်သွားတယ် ။ နောက်
သံဖုဘုစ် ရဗိသာမင်း အနုရုဒ္ဓါ ဆိုပြီးနာမည်တွေတွေ့ ရတယ်။ အုန်းခြံ
ဆိုတဲ့စကားလုံးလဲပါတယ်။ ကျန်အပိုင်းကဆုတောင်းစာဖြစ်ဖို့ များတယ်"
ဆရာ နိုင်ပန်းလှကအကြမ်းဖျင်းရှင်းပြခဲ့သည်။
ကျောက်စာမျက်နှာဟုယူဆတဲ့ဖက်မှာ မူလကအရုပ် ၃ ရုပ် ရှိသည်ဟုသိနိုင်ပြီး
အခုတွေ့ ရသော အရုပ် ၂ ရုပ်မှာ ဦးခေါင်းနှင့် ခြေပိုင်းတို့ ပျက်စီးနေပြီ။
ပုဂံလက်ရာနှင့်ဆင်တူပြီး မဟာယာန အယူအတိုင်း ဗောဓိသတ် နှင့် ကြင်ယာတော်တို
့ရုပ်ပုံများဖြစ်ပြီး ရှားပါသောမတ်ရပ်ဟန်ဖြစ်သည်။
မောင်မောင်သိုက်ကျော်
ရွှေမြင်တင်နှင့် ဝန်းကျင်ဒေသ သုတေသနခရီး
နဲာမွ
0 comments:
Post a Comment