Thursday, December 26, 2013

မွန်ထေရ်ရဝါဒ ဗုဒ္ဓသာသနာတက္ကသိုလ်

မွန်ထေရ်ရဝါဒ ဗုဒ္ဓသာသနာတက္ကသိုလ် မွန်လူမျိုးတို့၏ရှေးပဝေဏီအစဉ်အဆက်ကိုးကွယ်ခဲ့ကြသော ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပေသည်။ လွန်ခဲ့သည့် BC (2000) ကတဲ့ကမြန်မာနိင်ငံတွင် ရှေးအကျဆုံးလူမျိုးဖြစ်သည်သာမက အိန္ဒိယပြည်မှဗုဒ္ဓသာသနာတော်နှင့် စာပေယဉ်ကျေးမှု့ အနုပညာများကို ရှေးဦးစွာ ရရှိခဲ့သည့်လူမျိုးဖြစ်ပေသည်။ ယနေ့မြန်မာနိင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ အရှိန်အဝါကြောင့် ကမ္ဘာ့ အလယ်တွင် ဝင့်ထယ်လျက်ရှိနေရပါသည်။ မြန်မာနိင်ငံနိင်ငံသို့  ထေရဝါဒဗုဒ္ဓသာသနာအစ သုဝဏ္ဏဘူမိက ဖြစ်သည်ကို သာသနာ့သမိုင်း မြန်မာ့သမိုင်း နိင်ငံတကာသမိုင်းများအရ ထင်ရှားခိုင်လုံးနေပြီးဖြစ်သည် ။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဗုဒ္ဓဘာသာကိုရရှိသည်အခါ ယခင်က ရှိထားသောဗြဟ္မဏအယူနှင့် အကျင့်များကိုယ် တဖြည်းဖြည်း စွန့် ပယ်ခဲ့သည် ။ သာသနာ သက္ကရာဇ် ၂၃၅ BC (309) ၌ ဦးဆောင်ဆရာတော် သောဏထေရ် ဥတ္တရထေရ် နှစ်ပါးသည် နောက်လိုက် ကိသဂုတ္တ သောမာယ နှင့် အနုရုဒ္ဓထေရ် ငယ်သုံးပါးနှင့်အတူ သုဝဏ္ဏဘူမိ သထုံဒေသသို့ရောက်ရှိသာသနာပြုခဲ့သည်။ ထိုအချိန် သထုံ သုဝဏ္ဏဘူမိ ဆိုးသွမ်း ဒုက္ခပေးနေသည့် ရေသရဲဘီးလူးကြီးများကို မနုဿီဟရုပ် အသွင် ဖန်ဆင်းခြောက်လှန့် မောင်ထုတ်ခဲ့သည်။ မဟာထေရ်မြတ်တို့လည်း ပရိသတ်တို့အား ဗြဟ္မဇာလသုတ်ကို ဟော၍ သရဏဂုံသီလ၌ တည်စေကုန်၏ ။ ( ၆၀၀၀၀) သောသထုံပြည်သူပြည်သားများ သည် သောတာပတ္တိဖိုလ်၌ တည်၍များစွာသော ယောကျာ် မိန်းမတို့တည် ရဟန်းပြုကြကုန်သည် ။ ထေရဝါဒ ပရိယတ္တိသာသနာတော်ကို နှုတ်တိုက်အသွင်ဖြင့် မွန်လူမျိုးများ စတင်လက်ခံရရှိခဲ့ကြသည်။ သာသနာသက္ကရာဇ် ( ၉၅၄ )ခုနှစ် AD ( 500) ခုနှစ် သထုံဂေါ့ရွာသား ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုးကျွန်းသို့ ကူးကာ ဘုရားဟော ပိဋကတ်သုံးပုံတွင် ရောနှောနေသော သီဟိုးဘာသာများကို သန့် စင်ဖယ်ရှားပြီး မွန်အက္ခရာတို့ကိုအသုံးပြုကာ မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင် ကူးယူးပြီး သုဝဏ္ဏဘုမိ သထုံသို့ ပင့်ဆောင်လာခဲ့သည်။ မွန်တို့ ဌာနေရာမည တွင် ထေရဝါဒ ပရိယတ္တိဗုဒ္ဓသာသနာ ထွန်းပြောင်ခဲ့သည် ။ တစ်ဖန် AD ( 7) ရာစု ခန့် တွင် စောဠတိုင်းရင်သား ဒမိဠလူမျိုး များကသီဟိုးသို့ ချင်နင်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် သီဟိုးရဟန်းတော်များမှာရရှိသမျှသာသနိကစာပေများကို သယ်ဆောင်၍ သုဝဏ္ဏဘုမိ သထုံ သို့ ကြွရောက် ခိုလှုံလာခဲ့ကြပြန်သဖြင့် မွန်တို့ဌာနေရာမညတွင် အဖိုးတန် ပရိယတ္တိဓမ္မရတနာများ တိုးပွာ ပြန်လာခဲ့ပြန်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဘုရားဟော ပိဋကတ်သုံးပုံ အက္ခရာနှင့်စာပေအရေးအသားများကို ရှိခဲ့ပြီနောက် သံဃာတော် အရှင်သူမြတ်များနှင့် ဧကရာဇ်မင်များအဆက်ဆက်တို့ သည် တိုင်းနိင်ငံအတွင်း၌၎င်း ကမ္ဘာ့ ဒေသအသီးသီးတို့ ၌၎င်း ပရိယတ္တိ သာသနာတော် တိုးတက်ပြန့် ပွားအောင်ဆောင်ရွက်ခဲ့ကြသည် ။ ဘီစီသက္ကရာဇ် ကုန်ဆုံးခါနီး တိဘက်နိင်ငံတောင်ပိုင်းတွင် သီတင်းသုံးနေမူသော ( အရိယပုတ္တ ) ဘွဲ့ အမည်ရ မွန်မဟာထေရ် သည် ယေရှူ့ ခရစ်၏ အလောင်းအလျာ ဇီဝဟိရိတ ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ သာသနာသက္ကရာဇ် ၁၆၀၁ ခုနှစ်တွင် မွန်မဟာထေရ် ရှင်အရဟံ သည်ပုဂံသို့ ကြွပြီး ဗုဒ္ဓဘာသာပြန့် ပွားအောင်ဆောင်ရွက်ခဲ့သည် ။ အနော်ရထာမင်း အေဒီ ( ၁၀၄၄-၁၀၇၇ ) မြန်မာတို့၏ ကိုးကွယ်နေသည့် အရည်းကြီးများကို စွန့်ပြစ်၍ သထုံမှလာသော မွန်အရှင်အရဟံရဲ့ကျေးဇူကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကိုစတင်လက်ခံခဲ့သည်။ ခရစ်တော်နှစ် ( ၁၀၅၇ ) တွင်သထုံမှ ပိဋကတ်သုံးပုံများ ဓာတ်တော်များ ရဟန်းပညာရှိများ လူပညာရှိများ ပုဂံသို့ ရောက်ရှိသွားခဲ့သည်။ သထုံပြည်မှလာသော စာပေယဉ်ကျေးမှု့ အနုပညာလက်ရာများ မွန်အက္ခရာများ မြန်မာတို့ကစတင်လက်ခံသုံးစွဲခဲ့သည်။ ဓမ္မရာဇာဘွဲ့ ခံ ဓမ္မစေတီမင်းသည် သာသနာတော်ကို သန့် ရှင်းစင်ကြယ်အောင် ဆောင်ရွက်ပေးခဲ့သည်။ကလျာဏီသိမ်တော်ကိုလည်းဆောက်လုပ်လှူဒါန်ခဲ့သည်။ ရာမညတိုင်းလုံးဆိုင်ရာ မွန်ရဟန်း မြန်မာရဟန်း ထိုင်းရဟန်း စသောလူမျိုးမရွေး ရဟန်းပေါင်း ( ၁၅၆၀၀) ကျော်ယင်းကလျာဏီသိမ်တော်တွင် ရဟန်းအသစ် ခံယူကြကုန်၏။ ကွဲနေခဲ့သော ရဟန်းဂိုဏ်အသီးသီး ညီညွတ်စည်းလုံး၍ ရာမညနိကာယဂိုဏ်ဖြစ်ပေါ်လာစေရန်ဆောင်ရွက်ပေးခဲ့သည်။ ခရစ်သက္ကရာဇ် ၁၇၅၇ ခုနှစ် ဟံသာဝတီတွင်ပြင်းထန်သော စစ်ဘေးဒဏ်နှင့်ကြုံတွေ့ ရသည့် အခါအသက်ဘေးမှလွတ်မြောက်စေရန်မွန်လူမျိုး ရဟန်းပညာရှိ လူပညာရှိတို့ သည် ထိုင်းနိင်ငံသို့ ပြေးဝင်ခိုလှုံကြသည်။ သယ်နိင်သမျှ မွန်စာပေပုရပိုက်စာများကိုထမ်းပိုးသယ်ဆောင်သွားခဲ့သည် ။ ကောဇာသက္ကရာဇ် ၁၂၁၄ ခုနှစ် ဒေသတည်ငြိမ်အေးချမ်းလာပြီး အသက်ဘေးရန်ကင်းဝေးသွားသည့်  အခါသယ်ဆောင်သွားခဲ့သော ပေစာပုရပိုက်စာအသစ်ရေးသားပြုစုခဲ့ကြသောပုရပိုက်စာများကိုပြန်သယ်ဆောင်လာပြီးမိမိတို့ ဒေသများသို့ပြန်လာခဲ့ကြသည်။ ပြန်ရောက်လာခဲ့သည်ရဟန်းတော်များတွင်မိမိသင့်ရာကျောင်းများတွင် သီတင်းသုံးကြသည်။ ရှမ်းကျောင်ဟုခေါ်သော ဇာသပြင်ရွာ ရှမ်းကျောင်းသည် အရင်ဆုံးစာသင်တိုက်ဖွင့်ပြီး စာပေပရိယတ္တိများသင်ကြာပို့ ချပေးသည်။ သင်ခပိုင်ကျောင်းဆရာတော်၏တပည့် ဦးဇင်း မိုး နှင့် ဇာသပြင်ကျောင်းဆရာတော်၏တပည့် ဦးဇင်း ရွေငို သီလဝန္တ နှစ်ပါးတို့သည် အင်းဝသို့သက်ပြီး စာပို့ ချ နည်းကို ၅ နှစ်ဖြစ်သင်ယူခဲ့ပြီး မွန်ဒေသသို့ ပြန်ကြွလာခဲ့သည်။ သူဌေးကြီး ဦးနာအောက်သည် ထိုအရှင်နှစ်ပါးကိုပင့်လျောက်သီတင်းသုံးစေပြီ ကော့နှတ်ရွာ၌ စာသင်တိုက်ဖွင့်လှစ်ကာ ပရိယတ္တိစာပေများသင်ကြားပို့ချခဲ့သည်။ သောင်ပြင်ဆရာတော်အရှင်ပုပ္ဖ ကော့ဘိန်းဆရာတော် မုဒွန်းဆရာတော် ကျိုက်ပရံဆရာတော် ကော့ပလိုင်ဆရာတော် ခရွန်းဆရာတော် ဖားအောက်ဆရာတော် ပငဆရာတော် ခတွန်ဆရာတော် ကျွဲခြံဆရာတော် အခွန်းဆရာတော် ကျိုက်ပရံ ဆရာတော် တို့သည်ကော့နှတ်စာသင်တိုက်ထွက်ဆရာတော်များ ဖြစ်ကြသည်။ ဆရာတော်များ သင့်ရာကျောင်းတိုက်များ သီတင်းသုံးပြီ စာသင်တိုက်ဖွင့်လှစ်ကာ ပရိယတ္တိစာပေများသင်ကြားပို့ချခဲ့သည်။နောက်ပိုင်းတွင်မွန်ရဟန်းတော် များတို့သည် ကမ္ဘာ့ နိင်ငံအများပြားသို့ လည်းကြွပြီး သာသနာပြုလုပ်ငန်းများဆောင်ရွက်ကြသည်။ ယခုအချိန်တွင် ဓမ္မစရိယ အောင်မြင်ပြီး ပါဠိပါရဂူအောင်မြင်ပြီး B.A.M.A အောင်မြင်ပြီး Ph.D အောင်မြင်ပြီးရဟန်းတော်များအများအပြားရှိနေပြီဖြစ်သည်။ သို့ရာတွင် မွန်ဒေသ မွန်ထေရဝါဒ ပရိယတ္တိသာသနာတက္ကသိုလ် ခိုင်ခိုင်မာမာ တည်ဆောက်နေဆဲအချိန်တွင် မွန်လူမျိုးများ လူအင်အား ငွေကြေး ပစ္စည်း များ ပစ္စယ အချိန် နည်းပညာ များတို့ကို ပါဝင် လှုဒါန်းခဲ့ပါကြောင်းတိုက်သွင်နှိုးဆော်ခဲ့ပါသည်။ မွန်ထေရဝါဒ ပရိယတ္တိသာသနာ့တက္ကသိုလ်ပြီစီပါက မြတ်စွာဘုရားဟောကြားတော်မှုသည့်နှုတ်ကပတ်တော် ပရိယတ္တိ စာပေးများကိုမွန်ဘာသာဖြင့်လွယ်လင့်တကူ သင်ယူနိင်မည်ဖြစ်ပါတသည်။ ( ကိုးကား လွီဟံသာမဂ္ဂဇင်း အမှတ် ၉ )

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host