မြန်မာနိုင်ငံအတွင်း ဒေသအချို့မှာ အပူချိန်တွေ သိသိသာသာ
မြင့်မားနေခဲ့တာကြောင့် သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ မန္တလေးတိုင်း၊
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက
မြို့နယ်တွေမှာ အပူချိန်မြင့်မားမှုကြောင့်
ပြည်သူအချို့ဆက်လက်သေဆုံးနေတာပါ။ ဒီလ ၁၄ ရက် နေ့ တရက်တည်းမှာတင်
မန္တလေးမြို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် ကျော်ရှိခဲ့တာကြောင့် လူ ၁၂ဝ
ကျော်နီးပါး သေဆုံးခဲ့တယ်လို့ မန္တလေးမြို့တော်စည်ပင်နဲ့ နီးစပ်သူတစ်ဦး
ကပြောပါတယ်။ မန္တလေးမြို့မှာ အဲ့ဒီနေ့က ကြုံတွေ့ခဲ့ရပုံကိုလည်း
မန္တလေးမြို့ခံတစ်ဦးက
“ဆေးရုံရောက်သွားတော့
တချို့တွေဆို တအားစိတ်ပူတာ ကိုယ့်ကလေးကို ပွေ့လာတာလေ အသက်မပါတာတောင်မှ
မသိကြဘူး။ ဆေးရုံတိုင်းမှာလည်း အခန်းအပြည့်၊ နောက်ပြီးတော့
ဘော်ဒီရုံမှာလည်း လူသေထားတဲ့ နေရာမှာလည်း နေရာ တောင်မရှိဘူး။ ခုံတွေပေါ်ကအစ
အကုန်တင်ထားရတာလေ သင်္ဂြီုဟ်စက်မှာဆိုရင်လည်း တောက်လျှောက်အပြည့်၊
တနေ့တည်းနဲ့ကို တရာကျော်တယ်တဲ့။”
“ဘယ်ရပ်ကွက်ကနေလာတယ်ပေါ့ ဘယ်နှစ်ယောက် တက်သလဲ။ အပူရှပ်ပြီးလာတာ ဘယ်နှစ်ယောက်လာလဲ။ ဘယ်နှစ်ယောက်သေသလဲ ဆိုပြီးတော့ မယကတို့ဘာတို့မေးတော့ အဲဒီမှာ တာဝန်ရှိတဲ့ လူတယောက်က ပြောလိုက်တယ် ခင်ဗျားတို့က ဘာလုပ်ပေးနိုင်မှာမို့လို့လည်းတဲ့၊ မီးသာလာရင် လူတွေ ဒီလောက်မသေဘူး။ တရာသေမယ့်ဟာ ငါးဆယ်ပဲသေမယ်ပေါ့။ မီးမလာလို့ တရာလောက် သေနေတာဆိုပြီး ဘာမှ စာရင်းမပေးနိုင်ဘူး။ ပြန်တော့ဆိုပြီး အဲဒီလို ပြန်လွှတ်လိုက်တယ်တဲ့။”
မန္တလေးမြို့ခံတစ်ဦးပြောခဲ့တာပါ။ မိထ္ထီလာမြို့မှာဆိုရင် ဒီလ ၁၆ ရက်နေ့ ၁၇ ရက်တွေမှာ အပူဒဏ်ကြောင့်သေဆုံးသူ ၂ဝ နီးပါးရှိတယ်လို့လည်း မိတ္ထီလာ ရန်အောင်မြင် နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်မြို့ မှာဆိုရင်လည်း အပူဒဏ်ကြောင့် သေဆုံးမှုတွေမြင့်မားနေဆဲပါ။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းတစ်ခုတည်းတင် ယခင်ကထက် ထက်ဝက်နီးပါး ပိုပြီးသင်္ဂြီုဟ် ပေးနေရတယ်လို့ အသင်းဥက္ကဌ ကိုကျော်သူက ပြောပါတယ်။
“တို့တွေအသင်းအနေနဲ့
လုပ်ပေးတာဆိုရင် အရင်နှစ်တွေကရော ဘာရောဆိုရင် အားလုံးပျမ်းမျှ တရက်ကို
လေးဆယ်နဲ့ ငါးဆယ်ကြားပေါ့လေ။ ငါးဆယ်အလွန်ဆုံးပဲ၊ အခုပြီးခဲ့တဲ့
လေးငါးရက်လောက်ကစပြီးတော့ တက်လာတယ်။ တက်လာတာက ခြောက်ဆယ်ကျော်လာတယ်။
ဟိုတနေ့က နှစ်ရက်ရှိပြီ ပြီးခဲ့တဲ့ မနေ့ကရယ် တမြန်နေ့ကဆိုရင် တရက်ကို ၇၆
လောင်း ဖြစ်နေပြီ။ ဒီနေ့ဆိုရင် ပိုတက်ပြီ၊ ဒီနေ့တက်မယ်ဆိုတာ မနက် ၁ဝ နာရီ
၁၁ နာရီလောက်ရှိပြီ ၄ဝ ကျော်နေပြီ။ အဲဒီတော့ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်တွေက အိမ်ကို ညပြန်မယ်ဆိုရင် ည ၈ နာ ရီ၊ ၉ နာရီ၊ ၁ဝ
နာရီလောက်မှ အိမ်ရောက်ကြတယ်။ အဲဒီလိုတွေ ဖြစ်နေတယ်။”
နာရေးကူညီမှုအသင်းဥက္ကဌ ကိုကျော်သူပြောခဲ့တာပါ။ သေဆုံးသူအများစု ထဲက လူကြီးပိုင်းတွေနဲ့ ကလေးငယ်တွေဟာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ဦးနှောက် သွေးကြောပြတ်၊ အပူရှပ်၊ အပူငုတ်၊ နှလုံးခုန်ရပ်၊ လေဖြတ်၊ အထက်လန်အောက်လျှော စတဲ့ရောဂါလဏ္ခာမျိုးတွေနဲ့ အများဆုံး ကွယ်လွန်ခဲ့ကြတာဖြစ်တယ်။ လူလတ်ပိုင်းအများစုကတော့ အပူချိန်များလွန်းနေတဲ့ အချိန်တွေမှာ ရေစိုအဝတ်နဲ့ သုတ်သင်တာ၊ ခြေလက်ရေဆေးတာ၊ ရေချိုးတာ၊ ရေးခဲရေ သောက်သုံးတာ၊ အရက်အလွန်အကျွံ သောက်သုံးတွေကြောင့် သေဆုံးကြတာလို့ ဆေးပညာလောကသားတွေ သုံးသပ်ပြောဆိုကြပါတယ်။

“ဘယ်ရပ်ကွက်ကနေလာတယ်ပေါ့ ဘယ်နှစ်ယောက် တက်သလဲ။ အပူရှပ်ပြီးလာတာ ဘယ်နှစ်ယောက်လာလဲ။ ဘယ်နှစ်ယောက်သေသလဲ ဆိုပြီးတော့ မယကတို့ဘာတို့မေးတော့ အဲဒီမှာ တာဝန်ရှိတဲ့ လူတယောက်က ပြောလိုက်တယ် ခင်ဗျားတို့က ဘာလုပ်ပေးနိုင်မှာမို့လို့လည်းတဲ့၊ မီးသာလာရင် လူတွေ ဒီလောက်မသေဘူး။ တရာသေမယ့်ဟာ ငါးဆယ်ပဲသေမယ်ပေါ့။ မီးမလာလို့ တရာလောက် သေနေတာဆိုပြီး ဘာမှ စာရင်းမပေးနိုင်ဘူး။ ပြန်တော့ဆိုပြီး အဲဒီလို ပြန်လွှတ်လိုက်တယ်တဲ့။”
မန္တလေးမြို့ခံတစ်ဦးပြောခဲ့တာပါ။ မိထ္ထီလာမြို့မှာဆိုရင် ဒီလ ၁၆ ရက်နေ့ ၁၇ ရက်တွေမှာ အပူဒဏ်ကြောင့်သေဆုံးသူ ၂ဝ နီးပါးရှိတယ်လို့လည်း မိတ္ထီလာ ရန်အောင်မြင် နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်မြို့ မှာဆိုရင်လည်း အပူဒဏ်ကြောင့် သေဆုံးမှုတွေမြင့်မားနေဆဲပါ။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းတစ်ခုတည်းတင် ယခင်ကထက် ထက်ဝက်နီးပါး ပိုပြီးသင်္ဂြီုဟ် ပေးနေရတယ်လို့ အသင်းဥက္ကဌ ကိုကျော်သူက ပြောပါတယ်။

နာရေးကူညီမှုအသင်းဥက္ကဌ ကိုကျော်သူပြောခဲ့တာပါ။ သေဆုံးသူအများစု ထဲက လူကြီးပိုင်းတွေနဲ့ ကလေးငယ်တွေဟာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ဦးနှောက် သွေးကြောပြတ်၊ အပူရှပ်၊ အပူငုတ်၊ နှလုံးခုန်ရပ်၊ လေဖြတ်၊ အထက်လန်အောက်လျှော စတဲ့ရောဂါလဏ္ခာမျိုးတွေနဲ့ အများဆုံး ကွယ်လွန်ခဲ့ကြတာဖြစ်တယ်။ လူလတ်ပိုင်းအများစုကတော့ အပူချိန်များလွန်းနေတဲ့ အချိန်တွေမှာ ရေစိုအဝတ်နဲ့ သုတ်သင်တာ၊ ခြေလက်ရေဆေးတာ၊ ရေချိုးတာ၊ ရေးခဲရေ သောက်သုံးတာ၊ အရက်အလွန်အကျွံ သောက်သုံးတွေကြောင့် သေဆုံးကြတာလို့ ဆေးပညာလောကသားတွေ သုံးသပ်ပြောဆိုကြပါတယ်။
0 comments:
Post a Comment