TEXT SIZE
04.06.2013
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ ပျော့တယ်
(soft) စကားလုံး အခြေခံတယ့် အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ soft spot,
soft money နဲ့ soft sell တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ soft spot ဖြစ်ပါတယ်။ Soft က ပျော့သော၊ Spot က နေရာ၊ အကွက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပျော့တဲ့နေရာ၊ ပျော့တဲ့အကွက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ရင်ထဲမှာ နှစ်သက်ကြင်နာတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရဆိုရင်တော့ လူဆိုရင်ကျတယ်။ ဥပမာ သူကတော့ ငယ်ငယ်ချောချောလေးဆိုရင် ကျတာပဲဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ soft spot ဟာ လူတွေသာမကပါဘူး။ တိရစ္ဆာန်တွေကို ချစ်တာ၊ ပစ္စည်းတခုခုကိုမြင်ရင် မျက်စိကျ၊ သဘောကျတာမျိုးကိုလည်း ရည်ညွှန်းသုံးနိုင်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary has a soft spot for babies. No wonder she works at a day care.
Mary က ခလေးပေါက်စလေးတွေကို သိပ်ချစ်တာ။ ဒါကြောင့် သူနေ့ခလေးထိန်းကျောင်းမှာ အလုပ်လုပ်နေတာလည်း မဆန်းပါဘူး။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ soft money ဖြစ်ပါတယ်။ Soft က ပျော့သော၊ Money က ငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပျော့သောငွေ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အဲဒီငွေဟာ လွယ်လွယ်နဲ့ရတဲ့ငွေကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူဌေးသားသမီးတွေဆိုရင်တော့ မိဘက မုန့်ဖိုးမှန်မှန်ပေးနေတော့ ပင်ပင်ပန်းပန်း ရှာဖို့မလိုဘဲ ရတဲ့ငွေမျိုးကို ဆိုလိုပါတယ်။ လွယ်လွယ်ပြောရရင်တော့ easy money ဖြစ်ပါတယ်။

Soft money spoils my friend, John. His parents are rich. So, he spends money like water.
လွယ်လွယ်နဲ့ရတဲ့ငွေကြောင့် ကျနော့်သူငယ်ချင်း John လည်း ပျက်စီးတော့တယ်။ သူ့မိဘတွေက ချမ်းသာတော့ သူကငွေကို ရေလိုသုံးတယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ soft sell ဖြစ်ပါတယ်။ Soft က ပျော့သော, Sell က ရောင်းသည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပျော့ပျော့ရောင်းသည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ တခုခုကို ရောင်းဖို့ ကြော်ငြာရာမှာဖြစ်ဖြစ်၊ ရောင်းဖို့ကြိုးစားရာမှာဖြစ်ဖြစ် တိုက်ရိုက်မပြောဘဲ မသိမသာနဲ့ ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို သွယ်ဝိုက်ပြီး ကောင်းတာတွေကို တင်ပြတာမျိုး။ ဒါမှမဟုတ် ဝယ်သူနဲ့ ရင်းနှီးအောင်လုပ်ပြီးမှ ရောင်းတာမျိုး။ တခါတရံလည်း မုန့်ဆိုရင် အမြည်းပေးစားပြီးမှ ရောင်းတာမျိုး စသဖြင့် ရောင်းနည်းမျိုးကို ဆိုလိုပါတယ်။ တခါတရံလည်း ဒီနည်းဟာ အောင်မြင်တာတွေရှိသလို၊ တခါတရံလည်း အချိန်ကုန် စိတ်ရှုပ်မခံလိုသူတွေအတွက်တော့ ဒါဟာ စိတ်တိုစရာ ဖြစ်ပါတယ်။

The insurance company’s soft sell technique worked on Joan. She likes the way information was presented.
အာမခံကုမ္မဏီက ဝယ်သူနဲ့ ရင်းနှီးအောင်လုပ်ပြီး ရောင်းတဲ့နည်းဟာ Joan နဲ့တော့ အောင်မြင်သွားပြီ။ အချက်အလက်တွေကို အရင်တင်ပြတဲ့နည်းကို သူကနှစ်သက်တယ်။

0 comments:
Post a Comment