Saturday, September 7, 2013

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ်တို့ နန်နင်းမြို့၌ တွေ့ဆုံ၍ မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီကာချန်းတို့သည် စက်တင်ဘာ ၂ ရက် ညနေပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ရှိ လီယွမ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စက်တင်ဘာ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက နေပြည်တော်မှတစ်ဆင့် လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့သည်ဟု သတင်းအစီအစဉ်တွင် ပါဝင်သည်။

အဆိုပါ (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန်၏ လေးကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ကြောင်း သိရသည်…

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီး ပြည်သူ့ကွန်ဂရက် အတွင်းရေးမှူး Mr.Peng Quighua အား စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင်လည်း နိုင်ငံတော်သမ္မတ ခေတ္တတည်းခိုသည့် နန်နင်းမြို့ရှိ လီယွမ် ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်းလိုင်းများ အပြန်အလှန် ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်မှာ တစ်ရက်ကြာမြင့်မည်ဖြစ်ပြီး စက်တင်ဘာ ၃ ရက် (ယနေ့) တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်မှာ နန်နင်းမြို့တွင် ကျင်းပမည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး အချို့လည်း လိုက်ပါသွားကြောင်း သိရသည်။
အဆိုပါ (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန်၏ လေးကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၉ ဘီလျံ ရှိကြောင်းသိရပြီး စီမံကိန်း ၄၉ ခုတွင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host