Saturday, September 7, 2013

တရုတ် နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး စည်းဝေး

အာဆီယံအဖွဲ့ဝင်ကြီးနဲ့ တရုတ်နိုင်ငံတို့ကြားမှာ ပူးပေါင်းဆောင်ရွက် မှု အစပြုခဲ့တာ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wan Yi တို့ တရုတ် နိုင်ငံဘေဂျင်းမြို့တော်မှာ ဒီကနေ့ ကြာသပတေးနေ့မှာ
တွေ့ဆုံခဲ့ကြပြီး ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ရေးအတွက်
ဆွေးနွေးခဲ့ကြပါတယ်။
အာဆီယံ-တရုတ် ၁၀နှစ်ပြည့် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံပွဲ၊ တရုတ် ဘေဂျင်းမြို့တော်။ (သြဂုတ်လ ၂၉၊၂၀၁၃)
အာဆီယံ-တရုတ် ၁၀နှစ်ပြည့် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံပွဲ၊ တရုတ် ဘေဂျင်းမြို့တော်။ (သြဂုတ်လ ၂၉၊၂၀၁၃)
အဲဒီအခမ်းအနားအတွက် ဘေဂျင်းမြို့တော်မှာရောက်နေတဲ့
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့
တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wan Yi တို့ ဗုဒ္ဓဟူးနေ့တုန်းက သီးခြားစီ
တွေ့ဆုံခဲ့ကြပါတယ်၊ ကမ္ဘာ့ တခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံက
ဆက်ဆံရေး  တိုးတက်အောင်ဆောင်ရွက်နေတဲ့အပေါ်မှာ တရုတ်ကဝမ်းသာတဲ့ အကြောင်း တရုတ်ဝန်ကြီး Wan Yi က မြန်မာ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို
ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးရာ လုပ်ငန်းကြီးတွေ ကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရေး၊ ၂ နိုင်ငံကြားမှာ ပိုပြီးခေတ်မှီတဲ့
ဆက်သွယ်ရေးလမ်းကြောင်းတွေဖောက်လုပ်ရေးနဲ့ India, Bangladesh, မြန်မာနဲ့ တရုတ်နိုင်ငံတို့ကြား
စီးပွားရေး လမ်းကြောင်းကြီး သွယ်တန်းဖောက်လုပ်မဲ့အစီအစဉ်ကို
ဆက်ပြီးဆောင်ရွက် သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖက်က
ကတိပေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းကပြောပါတယ်။
ဟိုးအရင်ထဲက တရုတ်နိုင်ငံက မြန်မာ အပေါ် ထောက်ခံ လာတဲ့ပေါ်  မြန်မာဖက်က တန်ဖိုးထားတဲ့ အကြောင်း၊ အဓိက စီမံကိန်းလုပ်ငန်းကြီးတွေ၊ လမ်းကြောင်းဖောက် လုပ်မှုတွေ၊ နယ်စပ်တည်ငြိမ်ရေး ကိစ္စပိုင်းတွေမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု  ပိုမိုခိုင်မာအောင် လုပ်ဖို့ မြန်မာဖက်ကလဲ အသင့်ရှိတဲ့ အကြောင်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောခဲ့တယ်လို့ဆိုပါတယ်။
တရုတ်နဲ့ အာဆီယံအဖွဲ့ကြားဆက်ဆံရေး ပိုမိုအဆင်ပြေရေး အတွက်လဲ မြန်မာအစိုးရက ကူညီမယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကို
ကတိပေးခဲ့ ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host