Saturday, March 16, 2013

“2010 ညီလေးသို့”

နှစ်ပေါက်ရှိတယ်ကွာ
အထွက်နဲ့အဝင်
မင်းဘယ်လမ်းရွေမလဲ၊
နှစ်ခြမ်းရှိတယ်ကွာ
အချိုနဲ့အချဉ်
မင်းဘယ်ဟာစားမလဲ၊
နှစ်လမ်းရှိတယ်ကွာ
အမှောင်နဲ့အလင်း
မင်းဘယ်လမ်းလျှောက်မလဲ၊
နှစ်ပိုင်းရှိတယ်ကွာ
ခေါင်းနဲ့အမြီး
မင်းဘယ်ဟာမြည်းမလဲ၊
အနိမ့်အမြင့်
အနီးအဝေးဆိုတာဟာ
မင်းအပေါ်မှာမူတည်တယ်ညီ၊
2010 နိုဝင်ဘာ ၇ ရက်
မင်းလက်နဲ့ခြစ်ပစ်လိုက်ပါ၊
မင်းရဲ့အနာဂတ်
မင်းလက်ထဲမှရှိတယ်လို့
မင်းယုံကြည်ရင်ပေါ့ကွာ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host