Monday, February 18, 2013

မြန်မာသင်္ဘောသား ၁၄ ဦး ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်မှာ ပျောက်ဆုံးနေ

2013-02-18
မြန်မာနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစင်း ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်မှာ တနင်္ဂနွေနေ့ မနေ့က နှစ်မြုပ်သွားခဲ့ရာမှာ တဦးသေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင်အစိုးရ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ အဲဒီ MV Arita Bauxite ဆိုတဲ့ ကုန်တင်သင်္ဘော က ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၁၄ ဦးကို ဆက်လက်ရှာဖွေနေဆဲပဲလို့လည်း ဆိုပါတယ်။
photo: Google Map
ဖိလစ်ပိုင်မြေပုံ
သင်္ဘောသား စုစုပေါင်း ၂၄ ဦးပါဝင်တဲ့ အဲဒီမြန်မာသင်္ဘောဟာ အင်ဂျင်စက်ပျက်ခဲ့ပြီး နောက်ပိုင်းမှာ နှစ်မြုပ်ခဲ့တာဖြစ်ပြီး အသက်ရှင်သူ ၉ ဦးကို တရုပ်သင်္ဘောတစင်းကတွေ့ရှိ ကယ်တင်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတဦးရဲ့ အလောင်းကိုလည်း အဲဒီ သင်္ဘောကပဲ ဆယ်ယူခဲ့တာဖြစ်ပြီး ဖြစ်ပွားရာဒေသကို ဖိလစ်ပိုင်အစိုးရက အခုကမ်းခြေစောင့် ရဟတ်ယဉ်တစင်းနဲ့ သင်္ဘောတစင်း စေလွတ်ထားကြောင်း ဖိလစ်ပိုင်အရာရှိက ပြောပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host