Monday, January 14, 2013

ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေးမည်

2013-01-14
လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ အားလုံး စုံစမ်းစစ်ဆေး ပြီးသွားရင် အများပြည်သူတွေ သိအောင် တရားဝင်ထုတ်ပြန်သွားဖို့ ရှိတယ်လို့ လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဇန်န၀ါရီလ ၁၄ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော် ခေတ္တနားစဉ်အတွင်း သတင်းထောက်တွေ ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
Photo:RFA/Myint Oo
ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမရက်က အစည်းအဝေး ခေတ္တရပ်နားစဉ် မှာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ တွေ့ဆုံစဉ်။
"ဇန်နဝါရီလ မကုန်ခင်တင်မယ်လို့ ပြောထားတော့ မကုန်ခင်တင်မှာပါ၊ ကြားဖြတ်ကတော့ ထုတ်ပြန်စရာအကြောင်းမရှိဘူး၊ ဖိုင်နယ်ကျမှ ထုတ်ပြန်မှာပါ၊ ဒီကြားဖြတ်ကတော့ နိုင်ငံတော်သမ္မတကို အစီရင်ခံတင်ဖို့ပဲ"
လက်ပန်းတောင်းတောင်စီမံကိန်း အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်က ဇန်န၀ါရီလ ၁၁ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဘက်ပေါင်းစုံကနေ စစ်ဆေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီစစ်ဆေးချက်တွေကရရှိတဲ့ အသေးစိတ်အချက်အလက်တွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ မုံရွာခရိုင်၊ ဆားလင်ကြီး မြို့နယ်ထဲမှာရှိပြီး အဲဒီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုပ် ၀မ်ပေါင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host