Monday, January 14, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်မှာ ကြေညာချက်ထုတ်ပြန်

2013-01-14
ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဇန်န၀ါရီလ ၁၁ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆို ကို မြစ်ကြီးနား မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် က ဆွေးနွေးပြီး လွှတ်တော်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ကို ကြေညာချက် ထုတ်ပြန်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်။
Photo:RFA
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက  ငြိမ်းချမ်းရေးလိုချင်ရင် တိုက်ယူတာထက် လွှတ်တော်မှာ ဆွေးနွေးဖို့လိုတယ်လို့ ပြောခဲ့ပါတယ် ။
"ကချင်လူထုအနေနဲ့လည်း တိုက်ယူမယ်ဆိုတဲ့ကိစ္စက တန်းတူညီမျှကို ပြောခြင်းဖြစ်တယ်၊ ကချင်တွေမို့ ပြောခြင်းဖြစ်တယ်၊ တိုက်ယူမှ တန်းတူညီမျှရမယ်လို့ ထင်တယ်၊ ဒီကနေ့မှာတော့ တန်းတူညီမျှ အခွင့်အရေးဆိုတာ တိုက်ယူမှ မဟုတ်ဘဲ၊ လွှတ်တော်မှာ ဆွေးနွေးလို့ရပြီဆိုတာ ပြောထားပြီးဖြစ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးပေးပါ၊ အမြန်ဆုံးတိုက်ပွဲတွေ ရပ်ပေးပါလို့ မှာလိုက်ပါတယ်"

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host