Sunday, January 13, 2013

လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင်အဖွဲ့ အစီရင်ခံစာထွက်မည်

2013-01-11
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ ဒီတစ်လ အတွင်း နိုင်ငံတော်သမ္မတကို သီးခြားကြားဖြတ် အစီရင်ခံစာ တင်ပြသွားမယ်လို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မနက်ပိုင်း ပြည်သူ့လွှတ်တော် အစည်းအဝေး မစခင်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
Photo:RFA/Myint Oo
ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမရက်က အစည်းအဝေး ခေတ္တရပ်နားစဉ် မှာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ တွေ့ဆုံစဉ်။
အခုလို စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က လက်ပန်းတောင်းတောင်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ စုံစမ်းရေးကော်မရှင်တွေ့ဆုံခဲ့တဲ့အပေါ်မှာ သူ့ရဲ့အမြင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။
လက်ပန်းတောင်းတောင်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်စောင်လည်း ဒီကနေ့မှာ ထွက်လာဖို့ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host