Friday, January 4, 2013

AAPP မြန်မာပြည်ကို လာမည်

2013-01-04
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် နဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် တို့ဟာ တလကြာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် မနက်ဖြန် ရန်ကုန်မြို့ကို ဆိုက်ရောက်မယ်လို့သိရပါတယ်။
Phto: RFA
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရုံးခန်းတွင် ချိတ်ဆွဲထားသော မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပုံ
ကျန်နေတဲ့နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘဝ ပြန်လည်ထူထောင်ရေးကိစ္စတွေ ပိုပြီးဆောင်ရွက်နိုင်ဖို့ အစိုးရတာဝန်ရှိသူတွေ၊ ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံ ဆွေးနွေးမယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကိုပြောပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရတာဝန်ယူလာပြီးတဲ့နောက် နိုင်ငံရေးအကျဉ်းသား ၁ထောင်ကျော် လွှတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ ၂ရာကျော် ကျန်နေသေးသလို၊ ဒီသတင်းပတ်တွေထဲမှာတင် ဆန္ဒပြလို့ထောင်ဒဏ် ငွေဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တိုးလာတာတွေ့ရတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။
ဒီခရီးမှာ ပြီးခဲ့တဲ့ ၁၃နှစ်အတွင်း AAPP က လက်ခံထိမ်းသိမ်းထားခဲ့တဲ့ နိုင်ငံတကာကဆုတံဆိပ်တွေ၊ လက်မှတ်တွေကိုလဲ သက်ဆိုင်ရာနိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ပေးအပ်မယ်လို့သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host