Sunday, December 16, 2012

မီးလောင်ဒဏ်ရာရ သံဃာတော် ဆေးကုသ ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

2012-12-13
လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတဲ့ သံဃာတော်တွေထဲက ဆရာတော်ဦးသိက္ခဥာဏဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီကနေ့ ညနေ ၄ နာရီခွဲက ဆေးဝါး ကုသဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
Photo: RFA
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ ဆရာတော် ဦးသိက္ခဥာဏကို ထိုင်းနိုင်ငံမှာ ဆေးကုသဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သယ်ဆောင်သွားနေစဉ်
မန္တလေးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ဒဏ်ရာဆိုးဝါးတဲ့ သံဃာတော်တွေထဲက သံဃာတော် ၅ပါးဟာ ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ စီစဉ်နေကြပြီး၊ အဲ့ဒီအထဲကမှ ဆရာတော်ဦးသိက္ခဥာဏက ပထမဆုံး ဘန်ကောက်ဆေးရုံကို ထွက်ခွာသွားတဲ့ သံဃာတော်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူဖို့အတွက် အာမခံငွေ ဘတ်တစ်သန်း ပေးသွင်းရမှာဖြစ်ပြီး ကုန်ကျစရိတ်တွေအတွက် လက်ပံတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်၊  လူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ စေတနာရှင်တွေက လှူဒါန်းကြတယ်လို့ ဆရာတော်ဦးသိက္ခဥာဏရဲ့သားဖြစ်တဲ့ ဒေါက်တာနေသူရိန်က RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသဖို့အတွက် ဆရာတော် ဦးသိက္ခဥာဏနဲ့အတူ သားဖြစ်သူ ဒေါက်တာနေသူရိန်၊ သမီးဖြစ်သူ ဒေါ်မေသန္တာခိုင်၊ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းတို့ လိုက်ပါသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဦးသိက္ခဥာဏကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ စမ်းချောင်းကိုကိုကြီး၊ ကိုဗသက်အောင်၊ ကိုပြုံးချိုနဲ့ မုံရွာမြို့နယ် ဗကသအဖွဲ့ဝင်တချို့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို  လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host