Sunday, December 16, 2012

သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ လူလေးဦး အဖမ်းခံရ

2012-12-14
မန္တလေးမြို့မှာ ဗကသများအဖွဲ့ချုပ်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က လူ ၄ ဦး မနေ့ညဦးပိုင်းက ဖမ်းဆီးခံခဲ့ ရပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော် အပါး ၃၀၀ တတိယမြောက်နေ့ ဆန္ဒပြပွဲပြုလုပ်နေစဉ်။
အဖမ်းဆီးခံခဲ့ရသူတွေကတော့ ဗကသများအဖွဲ့ချုပ်က ကိုအောင်မိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုကျော်ကြီးတို့ဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုဖမ်းဆီးခဲ့တာဟာ သံဃာတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်နေတယ်လို့ မန္တလေးမြို့ခံတွေက ယူဆကြပါတယ်။
ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ရဲ့ ဇနီး ဒေါ်ခက်ခက်တို့ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းတင်ပြထားတာကိုနားဆင်နိုင်ပါတယ်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host