ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်
တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲတွင် ငါးထောင်တန် ငွေစက္ကူ အတု
သိန်းတရာကျော်ကို ဖမ်းဆီးရမိပြီး ရက်ပိုင်းအတွင်း နယ်စပ်မြို့ ဖြစ်သည့်
တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် သိန်းလေးဆယ်ကျော်ကို ထပ်မံ
ဖမ်းဆီးရမိခဲ့သည်။
“ဒီကောင်မလေး လိုက်ဝယ်ထားတာ မနည်းဘူး။ အခုဆို ကော့သောင်းမှာ ငါးထောင်တန်ဆို မကိုင်ရဲလောက်အောင် ဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က အတုလား အစစ်လား ခွဲခြား မတတ်ဘူး” ဟု ကော့သောင်း ဒေသခံ တဦးက ပြောသည်။ ကော့သောင်း ရဲစခန်းနှင့် နီးစပ်သူများ၏ အဆိုအရ ဖမ်းဆီးရမိသည့် ငွေစက္ကူ အတုများကို အသက် ၂၄ နှစ်ခန့်ရှိ မဝေယံဖြိုးနှင့် အပေါင်းပါ အမျိုးသမီးတဦးက ထိုင်းနိုင်ငံမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး၊ ၎င်းတို့မှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ကာ၊ ကျန်တဦးမှာ တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ မဝေယံဖြိုးကို စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်စစ်ဆေးနေပြီး လက်ရှိတွင် ကော့သောင်း မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။ မဝေယံဖြိုးနှင့်အတူ ငွေစက္ကူအတုများကို ဖမ်းဆီးရမိသည်မှာ ဟုတ်မှန်ကြောင်းနှင့် မကြာမီ အဖြစ်အပျက် အသေးစိတ်ကို သိရှိရမည် ဖြစ်ကြောင်း ကော့သောင်း မြို့မရဲစခန်း က ပြောသည်။ |
|||
Feedback From Tue, Sep 11, 2012 at 8:28 PM Name of sender: ချင်းလေး Email of sender: naymin5556@gmail.com COMMENTS : ဟုတ်လား ... တို့တောင်ပ်ါသားတွေကတော့ကြောက်ရတယ် တာမျိုးငွေတွေ တို့တောင်ပေါ် ဒေသမှာမရောက်ပါစေနဲ့လို့ဆုတောင်းပါတယ် ဘာလို့လဲဆိုတော့တို့တောင်ပေါ် သားတွေက လူတွေကို ကိုယ်လိုပဲထင်ကြတာလေ ..ပြောတာယုံမှားမှာစိုးလို့................ |
|||
Feedback From Thu, Oct 11, 2012 at 7:32 AM Name of sender: ကေဇာ Email of sender: kayzarinnlay@gmail.com COMMENTS : နောက်ထပ်အတုများမရှိပါစေနဲ့လို့ဆုတောင်းပါတယ် အတုများထဲကအတုအားလုံးရော |
0 comments:
Post a Comment