Friday, July 11, 2014

သတင်းသမားတွေ ခြိမ်းခြောက်ခံရမှု အရေးယူပေးဖို့ တောင်းဆို

journal_seller_305px.jpg
ဂျာနယ်ရောင်းနေသော ဈေးသည်တစ်ဦးကို တွေ့ရစဉ်
(Photo: AFP)
သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေနှင့်အညီ အရေးယူပေးဖို့  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နဲ့  ဂျာနယ်လစ်ကွန်ရက်MJN တို့က ဇူလိုင် ၈ ရက် မနေ့က ကြေညာချက်ထုတ်ပြန်  တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ သတင်းရယူတဲ့ သတင်းထောက်တွေကို အစွန်းရောက် အကြမ်းဖက်သူတချို့က အန္တရာယ်ပြု ခြိမ်းခြောက်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို တိုက်တွန်းတောင်းဆိုတာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးကျော်မင်းဆွေက ပြောပါတယ်။
အထူးသဖြင့်တော့ သတင်းယူတဲ့ ဓါတ်ပုံ သတင်းထောက်တွေပေါ့နော် တစ်ဖက်က ဓါတ်ပုံပြန်ရိုက်ပြီးတော့ သူတို့ကို မှတ်တမ်းယူတာတွေရှိ တယ်၊ နောက်တခါ မီဒီယာတိုက်တချို့ကို ဖုန်းနဲ့ဆက်ပြီးတော့ ဘက်လိုက်ပြီးတော့ မရေးဖို့ ဘက်လိုက်ရေးလို့ရှိရင် အန္တရာယ်ပြုမယ်ဆိုပြီးတော့ ခြိမ်းခြောက်တာတွေရှိတယ်၊
သတင်းမီဒီယာသမားတစ်ဦးအနေနဲ့ ပဋိပက္ခဖြစ်ရာနေရာ၊ ဆန္ဒပြရာနေရာစသဖြင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းကမ်းများနှင့်အညီ သတင်းရယူရာမှာ  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိပါက အဲဒီအဖွဲ့ အစည်းတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမယ်လို့  သတင်းမီဒီယာဥပဒေမှာ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မီဒီယာသမားတွေ ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး  လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့ ကာကွယ်စောင့်ရှောက် မှုပေးဖို့  MPC နဲ့ MJN တို့က တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းဆွေကို RFA အဖွဲ့သူ မခင်ခင်အိ  ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host