Monday, November 11, 2013

စိတ်ကြွ ဆေးပြား များ နှင့် ဆေးပြား ထုတ်လုပ် သည့် စက်များ သိမ်းဆည်း ရမိ …

တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု မယ်ဖုံးလုံ ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဘာဘီချောင်း အနီး တစ်ဝိုက်တွင် စိတ်ကြွ ရူးသွပ်ဆေး ပြားများနှင့် ဆေးပြား ထုတ်လုပ်သည့် စက်များ သိုဝှက်ထားကြောင်း သတင်း ရရှိ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက နိုဝင်ဘာ ၅ရက် ညနေပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးရာ ဘာဘီချောင်းစပ် အနီးရှိ ချုံအတွင်း၌ ဝါးရွက်ခြောက် များဖြင့် ဖုံးအုပ်ဝှက်ထားသော ဆာလာအိတ် ငါးလုံးအား ပိုင်ရှင်မဲ့ တွေ့ရှိရသဖြင့် တာချီလိတ် မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုသို့ သယ်ဆောင်၍ သက်သေများ ရှေ့တွင်ဖွင့်ဖောက် စစ်ဆေးရာWY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၆ဝဝဝ ပြားပါ ရှစ်ထုပ် နှင့် ၂ဝဝပြား ၁ဝထုပ်၊ စုစုပေါင်း ၅ဝဝဝဝပြား၊ တန်ဖိုးကျပ်သိန်း ၁ဝဝဝခန့်၊ စိတ်ကြွ ဆေးပြားထုတ်လုပ်ရန် အသင့် ရောစပ်ထားသည့် ပန်းရောင် အဖက်တမင်း အမှုန့် တစ်ထုပ်လျှင် ၁ ကီလိုပါ ၁ဝထုပ်နှင့် သုညဒသမ ၃၆ကီလိုပါ တစ်ထုပ်၊ စုစုပေါင်း ၁ဝဒသမ ၃၆ကီလိုခန့်နှင့် နီညိုရောင် အဖက် တမင်း အခဲ ၂ဒသမ ၆ကီလို၊ စုစု ပေါင်း တန်ဖိုးကျပ် ၂၅၉၂သိန်း၊ အနံ့ဆေးရည် ၃၅ဝ မီလီလစ်တာပါ တစ်ပုလင်း၊ အရောင်ဆေးရည် သုညဒသမ ၅လစ်တာပါ တစ်ဘူးတို့ နှင့်အတူ အမြင့် ၂ပေ ၁ဝလက်မ ခန့်ရှိ စိတ်ကြွ ဆေးပြားရိုက် စက်တစ်လုံး၊ အမြင့် ၂ပေခန့်ရှိ စိတ်ကြွ ဆေးပြားရိုက်စက် တစ်လုံးတို့အား သိမ်းဆည်း ရမိခဲ့ပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများနှင့် ထုတ်လုပ်သည့် စက်များ၏ တရားခံအား ဖမ်းဆီးရမိရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host