Wednesday, September 4, 2013

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားရန်ကုန်မှ တစ်ပတ်တစ်ကြိမ်ပြေးဆွဲမည်

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့သို့ တစ်ပတ်လျှင်တစ်ကြိမ် အထူးအမြန် ရထားတစ်စင်းပြေးဆွဲမည်ဖြစ်ပြီး စက်တင်ဘာ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာမီးရထား အောက်မြန်မာပြည်ဌာနမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်သင်းက စက်တင်ဘာ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါခရီးစဉ်သို့ ပြေးဆွဲမည့် အမြန်ရထားနှစ်စင်းရှိပြီး ကျိုက်ထို ၁ နှင့် ၂ ဖြစ်သည်။ အမြန်ရထားကျိုက်ထို ၁ သည် အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မှ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာ၍ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်ဘူတာများတွင် ရပ်နားမည်ဖြစ်ပြီး ကျိုက်ထိုမြို့သို့ နေ့လည် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

ကျိုက်ထိုမြို့မှ ရန်ကုန်ခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့တွင် ထွက်မည်ဖြစ်ပြီး ကျိုက်ထို ၂ အမြန်ရထားမှာ နေ့လည် ၁၂ နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ လမ်းတွင် သိမ်ဇရပ်၊ ဝေါ၊ ပဲခူးဘူတာများ တွင်ရပ်နားပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ရောက်မည်ဖြစ်သည်။

ဦးမောင်မောင်သင်းက“ရထားတွဲတွေမှာက အဲယားကွန်းနဲ့ အဆင့်မြင့်ထိုင်ခုံတွေ တပ်ဆင်ပေးထားပါတယ်။ ၀န်ဆောင်မှု ကိုလည်း အဆင့်မြင့်ပေးမှာပါ” ဟုဆိုသည်။

လက်မှတ်ခဈေးနှုန်းသည် ခရီးစဉ်တစ်ကြောင်းအတွက် ၃၅၀၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများအတွက် ၁၀ ဒေါ်လာ (၁၀၀၀၀ ကျပ်နီးပါး) ဖြစ်သည်။

ယင်းကဲ့သို့ လမ်းကြောင်းသစ်များ ပြေးဆွဲခြင်းနှင့်ပတ်သက်၍ Exotissimo Travel မှ မန်နေဂျာ ကိုကျော်ဆန်းဝင်းက “မြန်မာပြည်မှာ ရထားစီးရတာက တောတောင်ရေမြေသဘာဝနဲ့ မြင်ကွင်းတွေကိုကြည့်ပြီး ရထားစီးရတာ ကောင်းပါ တယ်။ အချိန်မမှန်တာတွေ၊ ၀န်ဆောင်မှုကောင်းကောင်း မပေးတာကတော့ မြန်မာ့မီးရထားတွေမှာ အမြဲတွေ့နေရ
သေးတယ်။ ဒီလိုအားနည်းချက် အားသာချက်တွေ မြန်မာနိုင်ငံကမီးရထား တွေမှာ ရှိနေသေးတယ်” ဟု မှတ်ချက်ချ သည်။

မီးရထားများတွင် ထိုင်ခုံပေါင်း ၇၂ ခုံပါရှိပြီး ဂျပန်နိုင်ငံမှ ၂၀၁၂ တွင်ထုတ်လုပ်ခဲ့သော RPE အမျိုးအစား မီးရထား
ဖြစ်သည်။ ယခုပြေးဆွဲသော ရထားလိုင်းအဆင်ပြေ အောင်မြင်ပါက ရန်ကုန်၊ ကျိုက်ထို၊ မြိတ်၊ ကော့သောင်းမြို့များ အထိ ပြေးဆွဲရန်အထွေ ထွေမန်နေဂျာ ဦးမောင်မောင်သင်းက ဆိုသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host