Monday, August 19, 2013

ဒူးယားရွာ အုပ်ချပ်ရေးမှူးရွေးချယ်ပွဲ လူထုကျေနပ်မှုရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရာထူးအား ဒီဇင်ဘာလ ၁၆ ရက်နေ့၌ ရွေးချယ်တင်မြှောက် ခဲ့ရာ ဒေသခံများ၏ကျေနပ်အားရမှုရှိကြောင်း သတင်းရသည်။

နိုင်တင်ယု ရွာရဲ့လူမှုရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တွေ့မြင်ရပုံ (ဓါတ်ပုံ-ကောင်းဝါ)
“ရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင် စဖွဲ့ကတဲက ပါဝင်တဲ့လူကြီးတွေက လူထုကိုပညာပေးရှင်းပြတယ်။ လွတ်လွတ်လပ် လပ် မဲထဲ့ဘို့ ပြောထားတော့ အားလုံးကသဘောတူကြတယ်” ဟု ဒူးယားရွာသား နိုင်ဖလဲ့က ကောင်းဝါသတင်းထောက် သို့ပြောသည်။

ဒူးယားတိုက်နယ် ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့အား ဒီဇင်ဘာ ၁၃ ရက်တွင် နိုင်တင်ရှိန်၊ နိုင်မျိုးချစ်နှင့် နိုင်တင်ဦးတို့ပါဝင် သည့် ရပ်မိရပ်ဖ ငါးဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ဆယ်အိမ်စုကိုယ်စားလှယ်များက ကျေးရွာအုပ်ချုပ်ရေးမှူးအား လျှို့ဝှက်မဲပေးစနစ် ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နိုင်တင်ယု ( ဓါတ်ပုံ-ကောင်းဝါ)
“နိုင်တင်ယု ဥက္ကဌအဖြစ်အရွေးခံရတာ ကောင်းပါတယ်။ သူက ရွာရဲ့လူမှုရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ စေတနာဝန်ထမ်း အများကြီးကူညီခဲ့ပြီး ရွာသားတွေကလဲ လေးစားကြတယ်” ဟု အနောက်ပိုင်းရပ်ကွက်နေ နိုင်ကြည်က ပြောပြသည်။

မွန်ပြည်နယ်တွင် ကျင်းပခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ရွေးချယ်ရာတွင် အချို့ဒေသ၌ နည်းဥပဒေအားနဲ ချက်များရှိပြီး လူထုစိတ်ဝင်စားမှုမရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် စီးပွားရေးသမားများလညှ်း နောက်ကွယ်မှလိုက်လံ စည်းရုံးမှုရှိကြောင်း အမည်မဖေါ်လိုသည့် ရေးမြို့သားတဦးက ပြောပါသည်။

“ကျနော်ကတော့ သိပ်မျှော်လင့်မထားပါဘူး။ ဘယ်သူဘဲတက်တက် ရပ်ရွာတိုးတက်ဖွံ့ဖြိုးအောင်လုပ်ဘို့က အစိုးရအ ထောက်ပံ့ မရရင်မလွယ်ဘူး။ ကျေးလက်ဒေသတွေ ဆက်ပြီးဆင်းရဲနေမှာပါ။” ဟု မော်လမြိုင်တက္ကသိုလ်မှ မင်းသက်လွင် က သုံးသပ်ပြသည်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများအား ဒီဇင်ဘာလတွင် အပြီးရွေးချယ်ခန့်အပ်ရန် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာထားပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လက်ရှိဥပဒေအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတင်မြှောက်ရာတွင် လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ပြီး တရားမျှတမှုမရှိသည့် တချို့ဒေသများတွင် တိုင်တန်းကန့်ကွက်မှုများရှိလာကာ ဥပဒေနည်း လမ်းကျစွာ လုပ်ကိုင်လာကြောင်းတွေ့ရသည်။

ဒူးယားတိုက်နယ်သည် ရေးမြို့အနောက်ဘက်တွင်တည်ရှိပြီး ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း အဓိကလုပ် ကိုင်သည့် မွန်လူမျိုးများနေထိုင်ရာဒေသဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host