Monday, June 17, 2013

မြန်မာကလေးငယ်တွေ အာဟာရ ဓာတ်ပြည့်ဝရေး ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

dassk-kawhmu-hospital-school305
၂ဝ၁၃ ခုနှစ် ဇွန် ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ် အထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ်
Photo:RFA/Myo Zaw Ko
မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အာဟာရဓာတ် ချို့တဲ့နေတာတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ် ပြည်သူ့ဆေးရုံကို တနင်္ဂနွေနေ့က သွားရောက်ခဲ့စဉ်အတွင်း၊ ကလေးတွေရဲ့ အာဟာရနဲ့ ပတ်သက်ပြီး ကျန်းမာရေးပညာပေး အစီအစဉ်တွေဆောင်ရွက်ဖို့ ဆေးရုံတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ် ပါတယ်။
"ကျွန်မတို့ကလေးတွေက အများကြီးချူချာတာပဲ၊ ကြည့်လိုက်လို့ရှိရင် သေးသေးမျှင်မျှင် ဖြစ်နေ တယ်။ အဲဒါကတော့ အဓိက အဟာရနဲ့ သက်ဆိုင်တယ်လို့ထင်တယ်၊ အဟာရနဲ့ ပက်သက်လို့ ကလေးမိဘတွေဘက်က တတ်နိုင်တဲ့ဘယ်ဟာတွေကို ကျွေးသင့်တယ်ဆိုတာကို လုပ်သင့်တယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ အခြေခံပညာ အထက်တန်းကျောင်းကိုလည်း သွားရောက်ပြီး ဆရာ၊ ဆရာမတွေ တွေ့ကြုံနေရတဲ့အခက်အခဲ၊ ကျောင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတာတွေကို မေးမြန်းခဲ့သလို၊ ဆရာ၊ ဆရာမတွေအတွက် မွမ်းမံသင်တန်းတွေပေးရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ကော့မှူးခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ ရန်ကုန်တိုင်း အမှတ် ၁ဝ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေကလည်း လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဆောင်ပုဒ်တွေသာရှိပြီး တကယ်တမ်းလက်တွေ့ဖြစ်မလာဘူးလို့ ဆွေးနွေးခဲ့ပါတယ်။
"ပညာရေးဝန်ကြီး တစ်ယောက်ပြောင်းတိုင်း သင်ရိုးညွှန်တမ်းတွေ ပြောင်းတယ်၊ ကျောင်းသားတွေ ယုံကြည်မှုနည်းလာတယ်၊ ထိုနည်းလည်းကောင်း ကျောင်းသားကနေ ဆရာဖြစ်လာတဲ့သူတွေလည်း ယုံကြည်မှုနည်းနေတယ်၊ ဆောင်ပုဒ်တွေလည်း အမျိုးမျိုး၊ နှစ်သုံးဆယ် စီမံကိန်း၊ ကျန်းမားကြံ့ခိုင်တဲ့ ပညာရေးစနစ် စပေးကတည်းက ကလေးတွေက ပိန်လှီကုန်တယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကိုမရောက်ခင် လှိုင်သာယာ-ဒလ-တွံတေးလမ်းမကြီးပေါ်မှာရှိတဲ့ ဒိုင်းကြီးပင်ရွာ သစ်ပင်စိုက်ပျိုးပွဲမှာ ပါဝင်စိုက်ပျိုးခဲ့ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host