Monday, June 17, 2013

မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာ ၅ဝ ခန့် အရေးယူခံရ

malay-75.jpg                 


သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး မလေးရှား အာဏာပိုင်တွေက တရားမဝင် အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာတွေကို ဖမ်းဆီးခဲ့ရာမှာ တရားဝင် အထောက်အထားမရှိသူတွေကို အခုလို အရေးယူလိုက်တာဖြစ်ပါတယ်။

တကယ်လို့ ဒီအမှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၁ သောင်း၊ အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ်တွေအထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ၁၃၇ ဦးကိုလည်း မနက်ဖြန်မှာ ဒီအမှုနဲ့ ရုံးထုတ်စီရင်မယ်လို့ ဆာပန်းတရားသူကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

(

Malaysia government is not genuinely seeking for terrorists but revenging to Myanmar indirectly by seeking illegal stay. If possible, its better all Myanmar return back to Myanmar and cut off diplomatic relations between Malaysia and Myanmar...
Jun 17, 2013 11:15 PM

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host