Thursday, March 21, 2013

လူမှုရေးကိစ္စကနေ ဘာသာရေးပြဿနာအဖြစ်မဖန်တီးကြဖို့ သီတဂူဆရာတော်တိုက်တွန်း

sitagu-sayadaw-nyanissara-305-z
သီတဂူဆရာတော် အရှင်ဥာဏိဿရ
photo: www.dhammaweb.net
မနေ့က မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ရှုမြင်တဲ့ အတွက် နိုင်ငံတော် ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိဿရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။
"ဈေးအရောင်းအဝယ်ကိစ္စကို လူမှုရေးကိစ္စတွေ၊ဘာသာရေးကိစ္စတွေနဲ့ ရောပြီးတော့ အကုန်လုပ်ကြတဲ့ အတွက်ကြောင့် နိုင်ငံမှာ ရှုပ်ထွေးတဲ့ ပြဿနာတွေ၊သူ့လမ်းကြောင်းနဲ့သူ ရှင်းရှင်းလင်းလင်း အလုပ်မလုပ်ကြတဲ့ တို့လူမျိုးတွေ၊တို့နိုင်ငံမှာနေတဲ့ လူသားတွေအားလုံးပေါ့။အဲလို အလုပ်မလုပ်တတ်ကြတာ တိုင်းပြည် အနာဂတ်မှာ စိုးရိမ်စရာတွေ ရှိတယ်။"
ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်းမြို့တွေမှာ သီတင်းသုံးတဲ့ သံဃာတော်တွေ မိတ္ထီလာမြို့ကို ကြွရောက်ဖို့ ပြင်နေကြတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ သီတဂူဆရာတော်က အခုလို မေတ္တာရပ်ခံ ပန်ကြားပါတယ်။
"သံဃာတော် အရှင်မြတ်တို့ကလည်း ဆူပူမှုထဲ ပါဝင်တဲ့ ဆူပူလှုပ်ရှားသူများ မဖြစ်အောင်၊ဆူပူမှုကို ဝိုင်းထိန်းတဲ့ ဘုရားသားတော်တွေပဲ ဖြစ်ချင်တယ်။ဆူပူမှုထဲပါဝင်တဲ့ ဆူပူသောင်းကျန်းသူများမဖြစ်အောင် စောင့်ဆည်းတော်မှုကြပါ"
ဆက်လက်ပြီးတော့ ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဥပဒေအတိုင်းထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ အခုလို ပြောပါတယ်။
"လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ခြေလွန်လက်လွန်မဖြစ်ကြဘဲ ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ။ဥပဒေထဲမှာ ပညာ၊ဂရုဏာပါလို့ရှိရင် ဒီဥပဒေမှာ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးကို အားပေးရာရောက်ပါတယ်။ဂရုဏာ၊ပညာကို လက်လွတ်ပြီး တစ်ခါတစ်ခါ ဒေါသလွန်ကဲလာရင် ဆူပူမှုကို ကိုယ်တိုင်အားပေးသလို ဖြစ်လာတတ်ပါတယ်"
မနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယခုအချိန်ထိ သံဃာတော်တစ်ပါးနဲ့မြို့ခံ လေးဦး သေဆုံးခဲ့ပြီး၊မိတ္ထီလာမြို့ရဲ့ မင်္ဂလာဇေယျုံနယ်မြေနဲ့ သီရိမင်္ဂလာရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host