ဂျွန်ယက်တောမလာလဲ တခြားတနည်းနည်းနဲ့ ပုဒ်မတပ်ပြီးထိန်းသိမ်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် လုပ်မှာပဲ။
ဦးအေးသာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPP)
CRPP ရဲ့သဘောထားအမြင်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ခုနကလို တရားစွဲပြီးတော့ ပြစ်ဒဏ်ပေးဖို့ စီမံနေတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီးတော့ နှစ်တွေပြည့်လာတဲ့အခါမှာ မလိုချင်တဲ့သဘောနဲ့ ဂျွန်ယက်တောကို အကြောင်းပြပြီးတော့ ပြစ်ဒဏ်ချဖို့စီမံနေတယ်လို့ သဘောထားတယ်။
အကယ်၍ ဂျွန်ယက်တော မလာလို့ရှိရင်လဲ အခြားတနည်းနည်းနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မတခုခုတပ်ပြီးတော့ ဆက်လက်ပြီးတော့ ထိမ်းသိန်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ်ပေါ့ လုပ်မယ်လို့ သဘောထားရှိပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောင်ပွဲ မတိုင်ခင်မှာ ပြင်ပကို မလွှတ်ချင်တဲ့အတွက်ကြောင့် အဲဒီလို စီမံပြီးတော့ ပြစ်ဒဏ်ချဖို့ လုပ်နေတယ်လို့ သဘောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရေးမှာ ယခင့်ယခင် ပုဂ္ဂိုလ်တွေကိုထောင်ချတာနဲ့တော့ မတူဘူးပေါ့။ တစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာဟာ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို တနည်းနည်းနဲ့ ထိန်းချုပ်လိုက်တယ်လို့ သဘောထားတယ်။ ဒီအပေါ်မှ နိုင်ငံရေးပါတီတွေ CRPP အပါဝင်၊ NLD အပါဝင် နိုင်ငံရေးပါတီတွေရဲ့ တနည်းနည်းနဲ့ တုံ့ပြန်ရမယ့် အနေအထားတွေကိုတော့ အခုထက်ထိ ဆွေးနွေးတုန်းပါပဲ။ တိတိကျကျတော့ မဆုံးဖြတ်ရသေးပါဘူး။
ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD)
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတာနဲ့ ပတ်သက်လို့က ကျွန်နော်ကတော့တလျှောက် လုံးပြောလာတာ ဒါနိုင်ငံရေးလုပ်ကြံမှုပဲ။ တရားဥပဒေကြောင်းတွေ ကျနော်တို့ သိပ်မပြောလိုပါဘူး။ သူ့ကိုကန့်သန့်ထားတာက သူက အတွင်းကနေပြီးတော့ အပြင်ကိုမဆက်သွယ်ဖို့ အခုဟာက အပြင်ကလူကလာဆက်သွယ်တာ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဘာမှမသက်ဆိုင်ဘူး ဒါအပြစ်ပေးမယ်ဆိုရင် လုံခြုံရေးစောင့်တဲ့သူတွေကိုသာ အပြစ်ပေးရမယ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဘာမှ အပြစ်မရှိဘူး။ အပြစ်မရှိပဲနဲ့ တရားစွဲတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့ဖို့ ။ ဘာဖြစ်လို့ ထောင်ထဲပို့ချင်လဲ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပင်မရေးစီးကြောင်းထဲက ဆွဲထုတ်ပြီးတော့ ဘေးဖယ်ထုတ်ချင်လို့ လုပ်ကြံတာ အဲဒါကြောင့် နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်လို့ သတ်မှတ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အရေးယူတာကို ကျွန်နော်တို့ လက်မခံဘူး။ ဒီအမှုဟာ ကျွန်နော်တို့ သဘောကတော့ ရုတ်သိမ်းပေးရမယ်၊ အဲလို ရုတ်သိမ်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။
နောက်တစ်ခုပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုလုပ်နေတဲ့ကြားထဲက ကမ္ဘာကရော ဝိုင်း ကန့်ကွက်နေကြတယ်၊ ပြည်တွင်းကလဲဝိုင်းကန့်ကွက်နေတယ်၊ နိုင်ငံရေးအင်အားစုကြီးကလဲ ဝိုင်းကန့်ကွက်နေကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရေစီးကြောင်းထဲက ဘေးဖယ်ထုတ်ချင်နေတဲ့အတွက် ထောင်ကျမယ်ဆိုရင် ကျွန်နော်တို့ ဘာလုပ်ကြမလဲ ဆိုတာကို ဝိုင်းပြီးစဉ်းစားနေကြတဲ့နေရာမှာ ကျွန်နော်ကတော့ ဘာစဉ်းစားလဲဆိုရင် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် ဒီလိုအနေထားမျိုးဖြစ်တာဟာ ဒုတိယအကြိမ်ဖြစ်တာပဲ ၁၉၈၉ ခုနှစ်၊ ဇွန်လိုင် ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်တဲ့အချိန်တုန်းကလဲ အလားတူ ဒီလိုကိစ္စမျိုးကြုံခဲ့တယ်။ အဲဒီအချိန် တုန်းကလဲ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစု ဆန္ဒပြမှုတွေ၊ သဘောထားဖော်ထုတ်မှုတွေ၊ ကန့်ကွက်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ သို့သော် သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်တယ်။ ပြီးတဲ့ အခါကြတော့ NLD ရောဘာရောညာရော အကုန်လုံး လူပေါင်းများစွာကို ဖမ်းလိုက်ရတယ်။
အခုလဲဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချမယ်။ အဲဒီအခါမှာလဲ သူတို့ကဘာလုပ်ရမလဲဆိုရင် ပါတီတွေအများကြီးရုတ်သိမ်းမယ်။ အဲ့ဒီမှာ လူထုကခံမှာမဟုတ်ဘူး၊ ဟိုတုန်းက လည်းငုံ့မခံခဲ့ဘူး၊ ခုလည်းငုံ့ခံမှာမဟုတ်ဘူး၊အဲ့ဒါကိုပြောချင်တယ်၊ ဟိုတုံးကငုံ့မခံခဲ့ဘူးဆိုတာက နယ်စပ်ကိုထွက်သူထွက် ထောင်ထဲရောက်တဲ့လူကရောက်နဲ့၊ ဒါပေမဲ့လို့အဲ့ဒီအချိန်တုန်းက နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ထောက်ခံအားပေးမှု၊ ၀ိုင်းဝန်းကူညီမှုဟာဒီလောက်ထိမရှိသေးဘူး၊ ခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာအလွန်ကြီးမားပါတယ်။ ခုတော့ ကမ္ဘာ တခုလုံးရဲ့ ထောက်ခံမှု လူထုကြီးရဲ့ထောက်ခံမှုနဲ့ဒီကိစ္စကို ၀ိုင်းဝန်းပြီးတော့ဟန့်တားကြမယ် ဆုံးဖြတ်ကြမယ်ဆိုတဲ့အခါမှာ သူတို့ဘယ်လောက်ပဲ ဖမ်းဖမ်း လူထုရဲ့တုံ့ပြန်ချင်တဲ့အနေထားအကောင်းဆုံးအနေထားမှာရှိမယ်လို့ ပြောချင်ပါတယ်။
အခုသူတို့ ဒီလိုထောင်ချမယ့်အနေထားနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ့ကြာကြာ လူတွေကိုထောင်ထဲ ဆွဲသွင်းမယ်လို့် ကြံနေတဲ့အချိန်မှာပဲ တဘက်ကနေပြီးတော့ ကမ္ဘာကနေပြီးတော့ အတင်းဖိအားပေးနေတဲ့အတွက် အကျဉ်းသားတွေ လွှတ်ပေးပါတော့မယ် ဆိုတဲ့ စကားသံမျိုးတွေထွက်လာနေရတယ်ပေါ့ဗျာ။ ဒါ အရင်တုန်းက သူတို့ ဒီလို ဟာမျိုး ထွက်ရိုး ထုံးစံမရှိပါဘူး။ အကျဉ်းသားလို့တော့ပြောတာပဲ နိုင်ငံရေးကျဉ်းသားမပါဘူးဗျ။ လွှတ်ပေးတဲ့အခါမှာလဲ နိုင်ငံရေးကျဉ်းသားမပါဘူး။ သို့သော်ဘာပဲပြောပြော ကြိုတင်ပြီးတော့ လွှတ်ပေးဖို့ အစီစဉ်ရှိတယ် ဘာညာ ဆိုတာကို ရက်ပေါင်းများစွာချီလို့ ၊ လပေါင်းများစွာချီလို့ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။
စစ်တပ်ဟာသူတို့ဘက်မှာ ကမ္ဘာရဲ့ ဖိအားဟာ ဘယ်လောက်ကြီးတယ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ဘာပဲ ပြောပြော သူတို့ရှောင်ရှားရမယ့် အနေအထား မှာရှိတယ်။ အဲဒါကို ကြည့်မယ်ဆိုလို့ ရှိရင် လူထုရဲ့ တုံ့ပြန်မှုအားဟာ ပိုသိရမယ်။ လူထုကဘာလည်းဆိုရင် စစ်အစိုးရကို ကြည့်နေတာကိုး။ ဘာနဲ့တူသလဲဆိုရင် သွေးညှီနှံ့ရတဲ့ကျားလိုပဲ သွေးနံ့ရတယ်ဆိုရင်တော့ ကျားကခုန်အုပ်မှာဘဲ၊ လူတွေ က အတော်ကိုဒုက္ခရောက်နေတယ်၊ လူထုအပေါ်သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလည်း အတော်ကိုကြီးမားနေတယ်၊
အဲ့ဒီ အချိန်မှာ သူတို့အကျဉ်းသားတွေကို လွှတ်ပေးပါ့မယ်လို့ကြိုတင်ပြီးတော့ပြောရတာ ဒေါ်စုကိုထောင်ချဖို့ တဖက်က ကြံနေ တဲ့တချိန်တည်းမှာပဲ အကျဉ်းသားတွေလွှတ်ပေးပါ့မယ်လို့ထုတ်ဖော်ကြေညာရတာ၊ ချက်ခြင်းကိုအူရားဖားရား ဘန်ကီမွန်း ကို အမှီလိုက်ပြီးတော့ သံအမတ်နဲ့ ပြောရတယ်ဆိုတာက ဒါအဓိပ္ပါယ်ရှိတယ်၊ အဲ့ဒီလိုသူတို့ရဲ့အားနည်းခြင်းကို ကြည့် ပြီးတော့ လူထုရဲ့တုန့်ပြန်မှုကလည်း ကြီးမားလိမ့်မယ်လို့ကျနော်ယူဆတယ်၊
ကျနော်တို့ဘက်က ဘာတွေလုပ်မယ်ကိုင်မယ်ဆိုတာကတော့ ပြောလို့သိပ်မလွယ်ဘူး၊ အဖွဲ့အစည်းဖြစ်နေတော့ အဖွဲ့စည်းကိစ္စပုံ သဏ္ဍန်နဲ့သွားရမှာပဲ၊ သေချာတာတခုကတော့ အဲ့ဒီလိုဖြစ်လာရင် ပြည်တွင်း၊ ပြည်ပ အပြန်အလှန် ပူးပေါင်းပြီးတော့၊ အပြန်အလှန်အားပေးကူညီပြီးတော့ ဒါအုံကြွမှုကြီးတွေပေါ်လာနေရင် ဒါဟာ အုံကြွမှုတွေပေါ်လာတဲ့ အလားအလာ ကလဲ အလွန်ကိုကြီးကြီးမားမားကြီးကို ရှိနေတယ်။ အထူးသဖြစ်ကတော့ စစ်တပ်ရဲ့ အားနည်းချက်ကို မြင်ရတဲ့ ကြားရတဲ့အတွက် လူထုရဲ့ အုံကြွမှုက ပိုကြီးမားတယ်လို့ ကျွန်နော်တို့ပြောချင်တယ်။ အဲဒီ နှစ်ချက်ပဲ ကျွန်နော်တို့ ပြောချင်တယ်။
သို့သော် ဘာလဲဆိုတော့ ပါတီတွေနေနဲ့ကတော့ ကြိုတင်ပြောလို့မရတဲ့အတွက် မပြောနိုင်သေးပေမဲ့လို့ သေချာတာတခုကတော့ ဒီတစ်ခါမှာတော့ တခုခုဖြစ်လာရင် ကျွန်နော်ထင်တယ် ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ပါတီတွေဟာ ငြိမ်နေမယ့် အနေထားမျိုးတော့ မရှိတော့ဘူး။ ဒီခါမှ ငြိမ်လိုက်ပြီဆိုရင်တော့ ကျွန်နော်တို့ ဘာမှ ကျန်တော့ မှာမဟုတ်ဘူး။ ဒေါ်စုလို ခေါင်းဆောင်မျိုး လူထုထောက်ခံမှု အပြည့်အဝရှိပြီး ဒေါ်စုရဲ့ အရေးခင်း ကမ္ဘာရဲ့ ထောက်ခံမှု အပြည့်ဝရှိတဲ့ အရေးအခင်း၊ အဲဒီလို အရေးခင်းမျိုးမှာမှ ပါတီတွေဟာ ရွှေဝါရောင်တုန်းကလိုပဲ ဘေးထိုင်တိုင်နေမယ်၊ လက်ပိုက်ကြည့်နေမယ် ဆိုရင်တော့ ဒါသူတို့ရဲ့ တော်တော်ကြီးမားတဲ့ တန်ပြန်မှုတွေကို ပေါ်လာမှာပဲ အဲဒါကြောင့် ကျွန်နော်ထင်တယ် နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း လူထုရဲ့အုံကြွမှုတွေမှာ ပါဝင်လာမှာပဲလို့ ကျွန်နော်ကတော့ ခန့်မှန်းတာပေါ့နော်။
အရှင်တိက္ခ (သံဃာ့တပ်ပေါင်းစု)
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင်တော့ သံဃာထုတွေအနေနဲ့ကတော့ အရင် စက်တင်ဘာ လှုပ်ရှားမှု တွေလို ပြန်လည်ပေါ်ပေါက်လာနိုင်တာပါပဲ။ အရင် နှစ်လည်း အကြောင်းပြပြီးတော့ အဓိကရည်မှန်းချက် ပန်း တိုင် ကတော့ စစ်အာဏာရှင် စနစ်ပြုတ်ကျပြီးတော့ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ အစိုးရတရပ် ပေါ် ပေါက်ရေးဆိုတော့ ဒီဟာကို အကြောင်းပြပြီးတော့ ဒီဟာနဲ့ပူးပေါင်းပြီးတော့ အဲဒီအချက်ပေါ်မှာ မူတည်ပြီးတော့ စက်တင် ဘာ လိုဖြစ်ရပ်မျိုးဘဲ ပြန်ဖန်တီးရမှာပါ။
ဒါပေမယ့် ဒီတခါကြတော့ အကုန်လုံး အလွှာစုံအပါဝင် သံဃာထု တခုတည်း မဟုတ် ဘဲနဲ့ ကျောင်းသားရော ပြည်သူလူထုရော ဝန်ထမ်းပါအပါအဝင် ပေါင်းဖက်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါ ၊မြန်မာ နိုင်ငံ တနိုင်ငံလုံးအပေါ်ကို ကျေးဇူးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်း ဖြစ်တဲ့ ပြည်သူလူထုအတွက် တကယ်နစ်နာခံ ဆောင်ရွက်နေတဲ့ အမျိုးသမီး လည်းဖြစ်တယ်၊ တင်စားပြီးပြောလို့ ရှိရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်မျှော်လင့်ချက်ပါဘဲ၊ ဒီ အနာဂါတ် မျှော်လင့်ချက်ကို ရိုက်ချိုး ဖျက်ဆီးပစ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဒေါသဟာ ထိန်းလို့ရမယ်လို့ မထင်ပါဘူး။
ပြည်သူလူထုကတော့ ဘုန်ကြီးတွေ ဆွမ်းခံကြွနေတော့ ပိုသိတာပေါ့ သူတို့မှာ ဘဲဥလေးကို အာလူးနဲ့ ရောပြီး တော့ ဘဲဥလေး တစ်ခြမ်း၊ အာလူးလေးတစ်လုံးလောက်နဲ့ စားနေရတာ။ ပြည်သူလူထုရဲ့ ကြုံတွေ့နေရ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကုန်လုံးက စီးပွားရေးရော လူမှုရေးရော အစစ အရာရာ အကုန်လုံးကြပ်တည်းနေတာပဲ ။ ဒီကြားထဲ သူတို့ရဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု မျိုးကိုလည်း ရင်ဆိုင်နေရတာပါဘဲ။
မနက်မိုးလင်းရင် ရေဒီယိုလေးတွေနဲ့ အသံလွှင့်မီဒီယာတွေဘဲ လက်လှမ်းမှီတာပေါ့ ၊မရှိတဲ့ အိမ်တွေကလဲ ရှိတဲ့ အိမ်တွေက ကျယ်ကျယ်ဖွင့်တာလေးကို နားထောင်ပြီးတော့ အကုန်လုံးတော့ အဲဒါမတရားဘူး လုပ်သင့်တယ် လို့တော့ အချင်းချင်းဝေဖန်ကြတာပေါ့။ တချို့ကြတော့ သူတို့နည်း သူတို့ဟန်နဲ့ မေတ္တာပို့ကြတာပေါ့။ သီးသန့်လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။
ကိုထင်ပေါ် (၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ)
၂၀၀၇ မျိုးဆက်သစ်အနေနဲ့ လက်မခံဘူးဆိုတာကို လှုပ်ရှားမှုတွေနဲ့ ပြသခဲ့ပြီးဖြစ်ပါတယ်၊ ကျောင်းသားတွေ အနေနဲ့ကလဲ လှုပ်ရှားမှုတွေမှာ ပါဝင်လာတယ်၊ သူတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လာတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် နအဖက ၂၀၁၀ မှာ မဖြစ်မနေဆက်လုပ်မယ်၊ အာဏာရှင်စနစ် ဆိုတာကို ဆက်လက်အသက်သွင်းသွားမယ်ဆိုတာပေါ်လွင်ပါတယ်၊ တကယ်လို့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ဒီထက်ကြီးမားကျယ်ပြန့်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ကျနော်တို့ ကျောင်းသားထုအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ် ဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ကျနော်တို့ ဆန္ဒကိုဖော်ထုတ်မယ်၊ နောက်ဆုံး လမ်းပေါ်ထွက်ပြီး ပြည်သူလူထု ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးဆန့်ကျင် ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊
လူထုအာရုံစိုက်မှုကတော့ အပြည့်အဝရှိတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံ တရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်၊ အဲလိုဖြစ်လာရင် လူထုက ချက်ချင်းဆိုသလို ပူးပေါင်းပါ ဝင်လာပါလိမ့်မယ်၊ အခုအချိန်ထိ အရှိန်လျော့ကျသွားတာမရှိသေးဘူး၊
ထောင်ချလိုက်မယ်ဆိုရင် ကျောင်းတွင်းမှာ ကျောင်းသားဒီမိုကရေစီအုံကြွမှုတွေ ကျောင်းတွင်လှုပ်ရှားမှုတွေ ကျနော်တို့ ဖော်ဆောင်မယ်၊ တဖြည်းဖြည်းနဲ့ အင်းအားကောင်းလာပြီး ကျောင်းသားတွေ စုစည်းရပြီဆိုတာနဲ့ လမ်းပေါ်ကို ထွက်ပြီး ကိုယ့်ဆန္ဒဖော်ထုတ်ပြီး ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမှာပါ။
ကိုဇာနည် ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် – ABFSU)
ကျနော်တို့ လက်ရှိ ဗကသများအဖွဲ့ချုပ်အနေနဲ့ အတိုက်အခံ အင်အားစုရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အဖမ်းဆီးခံ ထားရတဲ့ အပေါ် လုံးဝမနှစ်မြို့ဘူး။ လက်ခံနိုင်ခြင်းလည်း မရှိဘူး။ စစ်မှန်တဲ့ အခြေခံဥပဒေကို ဒီလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးအရေးယူတဲ့နည်းနဲ့ ရယူ နိုင်မှာမဟုတ်ဘူး။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့သဘောထား လုပ်ဆောင်မှုတွေကို လှစ်လျှူရှုခြင်းဟာ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် တိုင်းပြည်ရဲ့ အေးချမ်းစွာ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေးကိုပါ လျစ်လျူရှုတာ ဖြစ်တယ်။ အတိုက်အခံအင်အားစုတွေကို မတရား ဖမ်းဆီး ထောင်သွင်းအကျဉ်းချတယ်၊ တဖက်သတ် အခြေခံဥပဒေ ရေးဆွဲတယ် ဆိုတာဟာ မင်းမဲ့စရိုက် ဆန်ဆန်၊လူမိုက်ဆန်ဆန်ဖြေရှင်းတာဖြစ်တယ်။ အဲသလို နည်းလမ်းမျိုးနဲ့တော့ စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုကို ဘယ်လိုမှမရရှိနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး ကိုပြန်လွှတ်ပေးခြင်းဖြင့်သာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းစွာ တိုးတက် ပြောင်းလဲရေးကို အစပြုနိုင်မှာပါ။ အဲဒီကမှ တဆင့် စစ်မှန်တဲ့ တိုင်းရင်းသား လူတန်းစား ပေါင်းစုံ လက်ခံနိုင်တဲ့အခြေခံဥပဒေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဦးတည်ရှေ့ဆက်နိုင် မှာဖြစ်တယ်။
ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ သမိုင်းတလျှောက်လုံး လူထုရှေ့မှာ ရပ် တည်ပြီး လူထုအကျိုးစီးပွားကို အစဉ်တစိုက် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် လူထုက အမှန်တကယ် လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုများရရှိဖို့အတွက် သမိုင်းပေး တာဝန်တွေကို ဦးဆွေးဆံမြေ့ ထမ်းဆောင်သွား မှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ် မြောက်ရေးအတွက် လိုအပ်တဲ့တိုက်ပွဲတွေ၊ campaignွကို အဆင့်ဆင့် စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမယ်ဆိုတာ လုံးဝလက်မခံနိုင်တဲ့ အကြောင်းတရားပါ။ တိုင်းပြည် အတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးလည်းဖြစ်၊ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ တရပ်လုံးကိုလည်း စိန်ခေါ် လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက အဲသလိုသာ ရက်စက်ခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ လုံလောက်တဲ့ အင်အားစုတွေကို စုစည်းပြီး အဖြစ်သင့်ဆုံး အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုပြီး၊လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ပြည်သူလူထုတရပ်လုံးကို အသိပေးချင်ပါတယ်။
ဦးအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – DPNS)
တစ်ချက်ကတော့ ကျနော်မြင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကျိုးစားတာဖြစ်တယ်။ နှစ်အချက်ကတော့ အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကို ဒီကနေ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်တာဖြစ်တယ်။သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသဖြင့် ကိုမင်းကိုနိုင် ဒီနိုင်ငံရေး အကျဉ်းသားတွေအပါအဝင် မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှု တစ်ခုလုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်က နေပြီးတော့ ဖယ်ထုတ်ဖို့ နအဖရဲ့ကျိုးစားတဲ့ ခြေလှန်းတစ်ခု ဖြစ်တယ်လို့ ကျနော်မျင်တယ်။
အဓိကတော့ နအဖရဲ့ သူတို့ ပြောပြောနေတဲ့ အဆင့် (၇) ဆင့်ရှိတဲ့ လမ်းပြမြေပုံကို အဓမ္မဆက်ပြီးအကောင်အထည်ဖော်ဖို့တွက် ကျိုးစားတဲ့ လုပ်ရပ် တခု ဖြစ်တယ်လို့ ကျနော်အဲလိုပဲ မြင်တယ်။
ပထမအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အခြေအနေ၊ အမှုရင်ဆိုင်နေရတဲ့ အခြေ အနေမှာ ကျနော်တို့ ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးပြန်လွတ်ဖို့ကိစ္စကို ကိုယ်တတ်နိုင်တဲ့ဘက်က ရုန်းဖို့လိုတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ဖို့လို တယ်လို့ ကျနော်တော့ အဲလိုယူဆတယ်။
နှစ်အချက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ပြတ်ပြတ်တင်းတင်း ထောင်ချမယ်ဆိုရင်လည်းပဲ အဲဒီထောင်ချတဲ့ နေ့မှာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နအဖရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဝိုင်းဝန်း ပြီးတော့ ကန့်ကွက်ရှုံ့ချဖို့ လိုတယ်လို့ ကျနော် မြင်တယ်။
သုံးအချက်က လက်ရှိအခြေအနေ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့ ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဆောင်ရွက်နိုင်မှုက အရေးကြီးတယ်လို့ ကျနော် မြင်တယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက်ကို အဲဒီတော့ ကျနော်တို့က အားစိုက် ဆောင်ရွက်သင့်တယ်လို့ ကျနော်တော့ အဲလိုယူဆပါတယ်။
ကျနော့်အမြင်ပြောရရင် ကနေ့ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကြိုက်နှစ်သက်ခြင်း မရှိဘူး။ လက်ခံခြင်း မရှိဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်တဲ့ အပေါ်မှာလဲ ပြည်သူအများစုရဲ့ ဆန္ဒကတော့ လုံးဝလက်ခံနိုင်ခြင်းမရှိဘူးလို့ ကျနော်အဲလိုပဲ မျင်ပါတယ်။ ပြည်သူလူထုအနေနဲ့ သိရှိမှု၊ အာရုံစိုက်မှုလဲ ရှိတယ်လို့ ကျနော်ယုံပါတယ်။
ဒေါက်တာနိုင်အောင် (မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု – FDB)
ပထမ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ မပါအောင်လုပ်ဖို့ ကြိုးစားတဲ့ ကြိုးစားချက်လို့ ကျနော် မြင်ပါတယ်။
ဒုတိယ တခုအနေနဲ့ NLD ကနေပြီးတော့ ကမ်းလှမ်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ Constitution အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေး ပြန်လည်သုံးသပ်ရေးအတွက်ကို တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆိုတဲ့ဟာကို ငြင်းပယ်လိုက်တဲ့ ဥစ္စာလို့လဲ ယူဆပါတယ်။ နောက် အတိုက်ခံအင်အားစုတွေအားလုံးကလဲ ပြောနေတဲ့ အမျိုးသား ပြန်လည်သင့်မြန့်ရေ်းကိုလဲ ငြင်းပယ်ပြီးတော့မှ သူတို့ အနေနဲ့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုး ရှည်အောင်လုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်သွားမယ့် ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ကြိုးစားတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျာ။
အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုင်ရာ လူထုလှုပ်ရှားမှုတွေကို ကျနော်တို့ တတ်နိုင်သမျှ ကျနော်တို့ကြိုးစားသွားမယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ကို လက်မခံတဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆက်ကြိုစားသွားမယ်။ နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လို့များ အပြစ်ပေးအရေးယူလာလို့ ရှိရင် နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ထိရောက်တဲ့ ပစ်မှတ်ထားပြီးဆောင်ရွက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ကြိုးပမ်းသွားမယ်။ နောက်ပြီးတော့ ကုလသမ္မဂလုံခြုံရေးကောင်စီ အဆင့်ကနေပြီးတော့မှ ဗမာပြည်တွင်းကို အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းသွားမယ်။ အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့ အတွက် ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်။
သာမာန်နေ့စဉ် စားဝတ်နေရေးရုန်းကန်နေရတဲ့ ပြည်သူတွေအနေနဲ့ကတော့ ဒီကိစ္စကို နိုင်ငံရေးကိစ္စတွေအပေါ်မှာ အချိန်ပြည့်ဖြစ်နိုင်ဖို့ အတွက်ခက်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့နေရတဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ရင်ထဲမှာရောက်နေပြီးသား ခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ စိတ်ဝင်စားမှုတွေ၊ နားထောင်မှုတွေ၊ လေ့လာမှုတွေ၊ အာရုံစူးစိုက်မှုတွေ ရှိတယ်လို့တော့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ လူထုလှုပ်ရှားမှုလို့ပြောမယ်ဆိုလို့ရှိရင် အဲဒီအနေ အထားကတော့ အများကြီး ကြိုးစားရဦးမယ် လို့ ကျနော်ထင်ပါတယ်။
ကိုမောင်မောင်လေး (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် – HRDP)
ဒီမှာက ရေဘူယျခြုံပြောရင်တော့ဗျာ ဒါ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တဲ့ ကိစ္စပဲ။ ဥပဒေ ဆိုင်ရာ အခွင့်အရေးတွေကို လုံးဝဆုံးရှုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဆိုတဲ့ ကိစ္စနဲ့ စွဲတာကို အဲဒီတော့ နေအိမ်အကျယ်ချုပ်ဘာကြောင့်ကျရတုန်းဆိုတာကို ကျနော်တို့ ဒီမှာ ဥပဒေအပိုင်းကနေ ကျနော်တို့ နည်းနည်း စီစစ်ဖို့လိုလိမ့်မယ်။ အဲဒီတော့ ၂၀၀၃ ကို ပြန်သွားရလိမ့်မယ်ဗျ။ အဲဒီတော့ ၂၀၀၃ မှာပေါ့ဗျာ၊ ဥပဒေဆိုင်ရာ ပုဒ်ထီးပုဒ်မတွေနဲ့ ကျနော်မပြောဘူး၊ အင်မတန် သဘာဝကျတဲ့ ဥပဒေပုဒ်မတွေနဲ့ ကျနော်ပြောမယ် အကြမ်းဖက်ခံရသူနဲ့ အကြမ်းဖက်သတ်ခံရသူ အသတ်ခံရသူ အရိုက်ခံရသူနဲ့ ရိုက်တဲ့လူ အဲဒီမှာ ဥပဒေအကြောင်းရ ကျနော်တို့ ဘယ်လိုစီစဉ်ရမယ် သေချာတာတစ်ခုကတော့ ၂၀၀၃ ဖြစ်စဉ်က အကြမ်းဖက်ခံရသူတွေကို ဖမ်းဆီးတဲ့ပွဲဖြစ်တယ် ။
နောက်တစ်ချက်က အသတ်ခံရတဲ့သူတွေနဲ့ အရိုက်ခံရတဲ့ သူတွေကို ဖမ်းဆီးအရေးယူ ထိန်းချုပ်တဲ့ ပွဲဖြစ်တယ်။ အဲဒီတော့ အဲဒီဖြစ်စဉ်မှာကိုက ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပဒေအရ လုပ်မယ်ဆိုရင် ကျနော်တို့ အကြမ်းဖက်တဲ့သူနဲ့ အကြမ်းဖက်ခံရတဲ့သူ အကြမ်းဖက်တဲ့သူတွေ ဘာကြောင့် ဥပဒေနဲ့အညီ ရုံးတော်ကို မတင်လာတာလဲ နောက်ထပ်ဖြစ်စဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုပေါ့ဗျာ ဒီမှာလဲကျနော် ပုဒ်ထီး၊ ပုဒ်မတွေပ် မပြောလိုဘူး အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာရိက္ခာတွေစားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာ လည်း အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရှိတဲ့သူတွေ တာဝန်ပျက်ကွက်တဲ့သူတွေကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။
ဒါ ဥပဒေအကြောင်းအရ ပုဒ်ထီး၊ ပုဒ်မတွေအရ မသိပဲ အင်မတန်မှ သဘာဝကျသော လူမှု တရား ရှုထောင့်ကကြည့်ရင် ဒီလိုဖြစ်စဉ်မှ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို လုံးဝ ချိုးဖောက်ခံရတာ ဖြစ်တယ်။ လက်ရှိ ဖြစ်စဉ်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေဆိုင်ရာအခွင့်အရေး ကာကွယ်ပိုင်ခွင့် အပြည့်အဝမရဘူး အဲဒီ အနေအထားမျိုးမှာ ကျနော်တို့က ဒါ ဥပဒေချိုးဖောက်မှုပဲလို့ ကျနော်တို့ မြင်တယ်။ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ခံစားပိုင်ခွင့် မရှိဘူး ပြည်တွင်းမှာ ဥပဒေ မရှိဘူး ဥပဒေ မဲ့နေတယ်ဆိုတာကို ပြတာပါ။
ကျနော်တို့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တယ် ဆိုတာထက်ပေါ့နော် တစ်ချက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်ယောက်လို့ ကျနော်တို့ မြင်ပါတယ်။ အင်မတန်မှ ပြည်တွင်းက လက်ခံသော လူထုက ချစ်ခင်သော နိုင်ငံတကာက လက်ခံသော ပြည်တွင်းရဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်လိမ့်မယ် ပြည်တွင်းရဲ့ စည်းလုံး ညီညွတ်မှုကို လုပ်ပေးနိုင်လိမ့်မယ်ဆိုတာကို ပြည်တွင်းရော ပြည်ပကပါ အားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စဉ်မှာလဲ အခုနက ပြောသလိုပေါ့ ဥပဒေနဲ့ မမျှတစွာလုပ်ခဲ့တဲ့ ကိစ္စ ကျနော်တို့ဘက်ကတော့ ဒီ ကိစ္စတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချ ရမယ်။
နောက်ဆက်တွဲ ဘာတွေလုပ်မလဲ ဆိုတာကတော့ ကျနော်တို့မှာ HRDP နဲ့ လုပ်တဲ့ ကိစ္စကလဲ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အကြောင်းတွေ ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့ အကြောင်းတွေသိတယ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့ ချက်လက်တွေရှိတယ် သို့သော် တရားရုံးတွေမရှိဘူး၊ စစ်တပ်တွေမရှိဘူး အဲဒီအတွက်သူတို့မှာ လုပ်ပိုင်ခွင့်တွေနည်းပါတယ်။ အလားတူ ကျနော် တို့ ပြည်တွင်းမှာ HRDP အနေနဲ့လုပ်တဲ့ အခါမှာ ဘာလုပ်နိုင်မလဲ ဘာဆက်လုပ်မလဲ ဆိုတာကိုလှုပ်ရှားမှုအရ ကျနော်တို့ လုပ်နိုင်မှုနည်းပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့ ကိစ္စတွေကို စာတမ်းတစ်စောင်ပြုစုပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေးဖွဲ့စည်းတွေကို သိရှိအောင်ပြင်ဆင်နေတာ ရှိပါတယ်။
ကျနော်တို့ အခုမှ ရှင်းလင်းတင်ပြတာမဟုတ်ပါဘူး။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်နဲ့ စပြီးတော့ ချိုးဖောက်တယ်လို့ တရားစွဲဆိုတဲ့ နေ့ကပေါ့နော် အတိကျပြောရရင် ၁၆ ရက်နေ့ကပေါ့နော် ဒေသပေါင်း ၁၆ ခု မြို့နယ်နဲ့ ပြောရင် ၁၆ မြို့နယ် ၊ ကျေးလက်ဒေသတွေ အများကြီး သွားထားပါတယ်။
ကျေးလက်ဒေသတွေမှာ ကျနော်တို့ ဘာတွေ နှိုးဆော်လဲဆိုရင် ကျနော်တို့ လူ့အခွင့်အရေးသမားဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေး အခြေခံပြီး ဘေးကနေပြီး ဥပဒေအကြောင်းဆိုင်ရာမဲ့တဲ့ ကိစ္စတွေ ကျနော်အခုနက ပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျ သွားရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားပြီ ဆိုမှ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချိုးဖောက်တယ်ဆိုပြီး ရုံးတင်စဉ်ကတည်းက စပြီး လူ့အခွင့်အရေးရဲ့ ဖြစ် စဉ် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေဆိုင်ရာ ချိုးဖောက်ခံရမှုတွေအမျိုးသမီးဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နောက်တခါ အခြေခံ လူ့အခွင့်အရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်တစ်ခါ အခြေခံ လူ့ အခွင် အရေးနဲ့ ၂၀၁၀ ပြုလုပ်လိမ့်မည်ဆိုသော ရွေးကောက်ပွဲ ကိစ္စတွေ အဲဒီမှာ ကျနော်တို့ လူ့အခွင့်အရေး အခြေခံတွေ ဘယ်လောက် ကင်းမဲ့စွာသင့်တင့်ခံနေရလဲ လူ့အဖွဲ့အစည်းပေါ်မှာ ဘယ်လောက် အာမခံချက်တွေ ကင်းမဲ့နေတယ် ဆိုတာ ကို ကျနော်တို့ နယ်မြို့တွေမှာ ကျနော်တို့ ၁၆ ရက်နေ့ကတည်းက သွားပြီးဆောင်ရွက်နေပါတယ်။
ဒေသအသီးသီးမှာ HRDP ကို တာဝန်ယူနေတဲ့ သူတွေကို ကျနော်တို တိုင်ပင်ထားပါတယ်။ ရှေ့ဆက်ထောင်ကျသွားပြီးတဲ့နောက်မှာလဲ ကျ နော်တို့ လူ့အခွင့်အရေးဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ သော်လည်းကောင်း အမျိုးသမီးအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သော် လည်းကောင်း တင်ပ်ြဖို့ ကျနော်တို့ စာတမ်းတစောင်ပြုစုနေပါတယ်။ အဲဒီ ကိစ္စတွေကိုလဲ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ပြည်သူ့ကို ဗမာပြည်တွင်းမှာ လူ့အခွင့်အရေးဘယ်လောက် ချိုးဖောက်ခံနေရလဲ ဘယ်လောက် ချိုးဖောက်ခံရ နိုင်ဖွယ်ရှိ တယ် ဆိုတာကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သော်လည်းကောင်း၊ ဥပဒေအနေနဲ့ သော်လည်းကောင်း တတည်ပြုပြဌာန်းပြီးတော့ သော်လည်းကောင်း အကာအကွယ်မဲ့ ဆက်လက်ဖြစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါတယ်။

CRPP ရဲ့သဘောထားအမြင်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ခုနကလို တရားစွဲပြီးတော့ ပြစ်ဒဏ်ပေးဖို့ စီမံနေတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီးတော့ နှစ်တွေပြည့်လာတဲ့အခါမှာ မလိုချင်တဲ့သဘောနဲ့ ဂျွန်ယက်တောကို အကြောင်းပြပြီးတော့ ပြစ်ဒဏ်ချဖို့စီမံနေတယ်လို့ သဘောထားတယ်။
အကယ်၍ ဂျွန်ယက်တော မလာလို့ရှိရင်လဲ အခြားတနည်းနည်းနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မတခုခုတပ်ပြီးတော့ ဆက်လက်ပြီးတော့ ထိမ်းသိန်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ်ပေါ့ လုပ်မယ်လို့ သဘောထားရှိပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောင်ပွဲ မတိုင်ခင်မှာ ပြင်ပကို မလွှတ်ချင်တဲ့အတွက်ကြောင့် အဲဒီလို စီမံပြီးတော့ ပြစ်ဒဏ်ချဖို့ လုပ်နေတယ်လို့ သဘောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရေးမှာ ယခင့်ယခင် ပုဂ္ဂိုလ်တွေကိုထောင်ချတာနဲ့တော့ မတူဘူးပေါ့။ တစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာဟာ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို တနည်းနည်းနဲ့ ထိန်းချုပ်လိုက်တယ်လို့ သဘောထားတယ်။ ဒီအပေါ်မှ နိုင်ငံရေးပါတီတွေ CRPP အပါဝင်၊ NLD အပါဝင် နိုင်ငံရေးပါတီတွေရဲ့ တနည်းနည်းနဲ့ တုံ့ပြန်ရမယ့် အနေအထားတွေကိုတော့ အခုထက်ထိ ဆွေးနွေးတုန်းပါပဲ။ တိတိကျကျတော့ မဆုံးဖြတ်ရသေးပါဘူး။
x x x x x
ဟိုတုန်းက လူထုက ငုံ့မခံဘူး၊ အခုလဲငုံ့ခံမှာမဟုတ်ဘူး။ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD)
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတာနဲ့ ပတ်သက်လို့က ကျွန်နော်ကတော့တလျှောက် လုံးပြောလာတာ ဒါနိုင်ငံရေးလုပ်ကြံမှုပဲ။ တရားဥပဒေကြောင်းတွေ ကျနော်တို့ သိပ်မပြောလိုပါဘူး။ သူ့ကိုကန့်သန့်ထားတာက သူက အတွင်းကနေပြီးတော့ အပြင်ကိုမဆက်သွယ်ဖို့ အခုဟာက အပြင်ကလူကလာဆက်သွယ်တာ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဘာမှမသက်ဆိုင်ဘူး ဒါအပြစ်ပေးမယ်ဆိုရင် လုံခြုံရေးစောင့်တဲ့သူတွေကိုသာ အပြစ်ပေးရမယ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဘာမှ အပြစ်မရှိဘူး။ အပြစ်မရှိပဲနဲ့ တရားစွဲတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့ဖို့ ။ ဘာဖြစ်လို့ ထောင်ထဲပို့ချင်လဲ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပင်မရေးစီးကြောင်းထဲက ဆွဲထုတ်ပြီးတော့ ဘေးဖယ်ထုတ်ချင်လို့ လုပ်ကြံတာ အဲဒါကြောင့် နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်လို့ သတ်မှတ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အရေးယူတာကို ကျွန်နော်တို့ လက်မခံဘူး။ ဒီအမှုဟာ ကျွန်နော်တို့ သဘောကတော့ ရုတ်သိမ်းပေးရမယ်၊ အဲလို ရုတ်သိမ်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။
နောက်တစ်ခုပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုလုပ်နေတဲ့ကြားထဲက ကမ္ဘာကရော ဝိုင်း ကန့်ကွက်နေကြတယ်၊ ပြည်တွင်းကလဲဝိုင်းကန့်ကွက်နေတယ်၊ နိုင်ငံရေးအင်အားစုကြီးကလဲ ဝိုင်းကန့်ကွက်နေကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရေစီးကြောင်းထဲက ဘေးဖယ်ထုတ်ချင်နေတဲ့အတွက် ထောင်ကျမယ်ဆိုရင် ကျွန်နော်တို့ ဘာလုပ်ကြမလဲ ဆိုတာကို ဝိုင်းပြီးစဉ်းစားနေကြတဲ့နေရာမှာ ကျွန်နော်ကတော့ ဘာစဉ်းစားလဲဆိုရင် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် ဒီလိုအနေထားမျိုးဖြစ်တာဟာ ဒုတိယအကြိမ်ဖြစ်တာပဲ ၁၉၈၉ ခုနှစ်၊ ဇွန်လိုင် ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်တဲ့အချိန်တုန်းကလဲ အလားတူ ဒီလိုကိစ္စမျိုးကြုံခဲ့တယ်။ အဲဒီအချိန် တုန်းကလဲ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစု ဆန္ဒပြမှုတွေ၊ သဘောထားဖော်ထုတ်မှုတွေ၊ ကန့်ကွက်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ သို့သော် သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်တယ်။ ပြီးတဲ့ အခါကြတော့ NLD ရောဘာရောညာရော အကုန်လုံး လူပေါင်းများစွာကို ဖမ်းလိုက်ရတယ်။
အခုလဲဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချမယ်။ အဲဒီအခါမှာလဲ သူတို့ကဘာလုပ်ရမလဲဆိုရင် ပါတီတွေအများကြီးရုတ်သိမ်းမယ်။ အဲ့ဒီမှာ လူထုကခံမှာမဟုတ်ဘူး၊ ဟိုတုန်းက လည်းငုံ့မခံခဲ့ဘူး၊ ခုလည်းငုံ့ခံမှာမဟုတ်ဘူး၊အဲ့ဒါကိုပြောချင်တယ်၊ ဟိုတုံးကငုံ့မခံခဲ့ဘူးဆိုတာက နယ်စပ်ကိုထွက်သူထွက် ထောင်ထဲရောက်တဲ့လူကရောက်နဲ့၊ ဒါပေမဲ့လို့အဲ့ဒီအချိန်တုန်းက နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ထောက်ခံအားပေးမှု၊ ၀ိုင်းဝန်းကူညီမှုဟာဒီလောက်ထိမရှိသေးဘူး၊ ခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာအလွန်ကြီးမားပါတယ်။ ခုတော့ ကမ္ဘာ တခုလုံးရဲ့ ထောက်ခံမှု လူထုကြီးရဲ့ထောက်ခံမှုနဲ့ဒီကိစ္စကို ၀ိုင်းဝန်းပြီးတော့ဟန့်တားကြမယ် ဆုံးဖြတ်ကြမယ်ဆိုတဲ့အခါမှာ သူတို့ဘယ်လောက်ပဲ ဖမ်းဖမ်း လူထုရဲ့တုံ့ပြန်ချင်တဲ့အနေထားအကောင်းဆုံးအနေထားမှာရှိမယ်လို့ ပြောချင်ပါတယ်။
အခုသူတို့ ဒီလိုထောင်ချမယ့်အနေထားနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ့ကြာကြာ လူတွေကိုထောင်ထဲ ဆွဲသွင်းမယ်လို့် ကြံနေတဲ့အချိန်မှာပဲ တဘက်ကနေပြီးတော့ ကမ္ဘာကနေပြီးတော့ အတင်းဖိအားပေးနေတဲ့အတွက် အကျဉ်းသားတွေ လွှတ်ပေးပါတော့မယ် ဆိုတဲ့ စကားသံမျိုးတွေထွက်လာနေရတယ်ပေါ့ဗျာ။ ဒါ အရင်တုန်းက သူတို့ ဒီလို ဟာမျိုး ထွက်ရိုး ထုံးစံမရှိပါဘူး။ အကျဉ်းသားလို့တော့ပြောတာပဲ နိုင်ငံရေးကျဉ်းသားမပါဘူးဗျ။ လွှတ်ပေးတဲ့အခါမှာလဲ နိုင်ငံရေးကျဉ်းသားမပါဘူး။ သို့သော်ဘာပဲပြောပြော ကြိုတင်ပြီးတော့ လွှတ်ပေးဖို့ အစီစဉ်ရှိတယ် ဘာညာ ဆိုတာကို ရက်ပေါင်းများစွာချီလို့ ၊ လပေါင်းများစွာချီလို့ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။
စစ်တပ်ဟာသူတို့ဘက်မှာ ကမ္ဘာရဲ့ ဖိအားဟာ ဘယ်လောက်ကြီးတယ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ဘာပဲ ပြောပြော သူတို့ရှောင်ရှားရမယ့် အနေအထား မှာရှိတယ်။ အဲဒါကို ကြည့်မယ်ဆိုလို့ ရှိရင် လူထုရဲ့ တုံ့ပြန်မှုအားဟာ ပိုသိရမယ်။ လူထုကဘာလည်းဆိုရင် စစ်အစိုးရကို ကြည့်နေတာကိုး။ ဘာနဲ့တူသလဲဆိုရင် သွေးညှီနှံ့ရတဲ့ကျားလိုပဲ သွေးနံ့ရတယ်ဆိုရင်တော့ ကျားကခုန်အုပ်မှာဘဲ၊ လူတွေ က အတော်ကိုဒုက္ခရောက်နေတယ်၊ လူထုအပေါ်သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလည်း အတော်ကိုကြီးမားနေတယ်၊
အဲ့ဒီ အချိန်မှာ သူတို့အကျဉ်းသားတွေကို လွှတ်ပေးပါ့မယ်လို့ကြိုတင်ပြီးတော့ပြောရတာ ဒေါ်စုကိုထောင်ချဖို့ တဖက်က ကြံနေ တဲ့တချိန်တည်းမှာပဲ အကျဉ်းသားတွေလွှတ်ပေးပါ့မယ်လို့ထုတ်ဖော်ကြေညာရတာ၊ ချက်ခြင်းကိုအူရားဖားရား ဘန်ကီမွန်း ကို အမှီလိုက်ပြီးတော့ သံအမတ်နဲ့ ပြောရတယ်ဆိုတာက ဒါအဓိပ္ပါယ်ရှိတယ်၊ အဲ့ဒီလိုသူတို့ရဲ့အားနည်းခြင်းကို ကြည့် ပြီးတော့ လူထုရဲ့တုန့်ပြန်မှုကလည်း ကြီးမားလိမ့်မယ်လို့ကျနော်ယူဆတယ်၊
ကျနော်တို့ဘက်က ဘာတွေလုပ်မယ်ကိုင်မယ်ဆိုတာကတော့ ပြောလို့သိပ်မလွယ်ဘူး၊ အဖွဲ့အစည်းဖြစ်နေတော့ အဖွဲ့စည်းကိစ္စပုံ သဏ္ဍန်နဲ့သွားရမှာပဲ၊ သေချာတာတခုကတော့ အဲ့ဒီလိုဖြစ်လာရင် ပြည်တွင်း၊ ပြည်ပ အပြန်အလှန် ပူးပေါင်းပြီးတော့၊ အပြန်အလှန်အားပေးကူညီပြီးတော့ ဒါအုံကြွမှုကြီးတွေပေါ်လာနေရင် ဒါဟာ အုံကြွမှုတွေပေါ်လာတဲ့ အလားအလာ ကလဲ အလွန်ကိုကြီးကြီးမားမားကြီးကို ရှိနေတယ်။ အထူးသဖြစ်ကတော့ စစ်တပ်ရဲ့ အားနည်းချက်ကို မြင်ရတဲ့ ကြားရတဲ့အတွက် လူထုရဲ့ အုံကြွမှုက ပိုကြီးမားတယ်လို့ ကျွန်နော်တို့ပြောချင်တယ်။ အဲဒီ နှစ်ချက်ပဲ ကျွန်နော်တို့ ပြောချင်တယ်။
သို့သော် ဘာလဲဆိုတော့ ပါတီတွေနေနဲ့ကတော့ ကြိုတင်ပြောလို့မရတဲ့အတွက် မပြောနိုင်သေးပေမဲ့လို့ သေချာတာတခုကတော့ ဒီတစ်ခါမှာတော့ တခုခုဖြစ်လာရင် ကျွန်နော်ထင်တယ် ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ပါတီတွေဟာ ငြိမ်နေမယ့် အနေထားမျိုးတော့ မရှိတော့ဘူး။ ဒီခါမှ ငြိမ်လိုက်ပြီဆိုရင်တော့ ကျွန်နော်တို့ ဘာမှ ကျန်တော့ မှာမဟုတ်ဘူး။ ဒေါ်စုလို ခေါင်းဆောင်မျိုး လူထုထောက်ခံမှု အပြည့်အဝရှိပြီး ဒေါ်စုရဲ့ အရေးခင်း ကမ္ဘာရဲ့ ထောက်ခံမှု အပြည့်ဝရှိတဲ့ အရေးအခင်း၊ အဲဒီလို အရေးခင်းမျိုးမှာမှ ပါတီတွေဟာ ရွှေဝါရောင်တုန်းကလိုပဲ ဘေးထိုင်တိုင်နေမယ်၊ လက်ပိုက်ကြည့်နေမယ် ဆိုရင်တော့ ဒါသူတို့ရဲ့ တော်တော်ကြီးမားတဲ့ တန်ပြန်မှုတွေကို ပေါ်လာမှာပဲ အဲဒါကြောင့် ကျွန်နော်ထင်တယ် နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း လူထုရဲ့အုံကြွမှုတွေမှာ ပါဝင်လာမှာပဲလို့ ကျွန်နော်ကတော့ ခန့်မှန်းတာပေါ့နော်။
x x x x x
သီးသန့် လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။အရှင်တိက္ခ (သံဃာ့တပ်ပေါင်းစု)
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင်တော့ သံဃာထုတွေအနေနဲ့ကတော့ အရင် စက်တင်ဘာ လှုပ်ရှားမှု တွေလို ပြန်လည်ပေါ်ပေါက်လာနိုင်တာပါပဲ။ အရင် နှစ်လည်း အကြောင်းပြပြီးတော့ အဓိကရည်မှန်းချက် ပန်း တိုင် ကတော့ စစ်အာဏာရှင် စနစ်ပြုတ်ကျပြီးတော့ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ အစိုးရတရပ် ပေါ် ပေါက်ရေးဆိုတော့ ဒီဟာကို အကြောင်းပြပြီးတော့ ဒီဟာနဲ့ပူးပေါင်းပြီးတော့ အဲဒီအချက်ပေါ်မှာ မူတည်ပြီးတော့ စက်တင် ဘာ လိုဖြစ်ရပ်မျိုးဘဲ ပြန်ဖန်တီးရမှာပါ။
ဒါပေမယ့် ဒီတခါကြတော့ အကုန်လုံး အလွှာစုံအပါဝင် သံဃာထု တခုတည်း မဟုတ် ဘဲနဲ့ ကျောင်းသားရော ပြည်သူလူထုရော ဝန်ထမ်းပါအပါအဝင် ပေါင်းဖက်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါ ၊မြန်မာ နိုင်ငံ တနိုင်ငံလုံးအပေါ်ကို ကျေးဇူးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်း ဖြစ်တဲ့ ပြည်သူလူထုအတွက် တကယ်နစ်နာခံ ဆောင်ရွက်နေတဲ့ အမျိုးသမီး လည်းဖြစ်တယ်၊ တင်စားပြီးပြောလို့ ရှိရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်မျှော်လင့်ချက်ပါဘဲ၊ ဒီ အနာဂါတ် မျှော်လင့်ချက်ကို ရိုက်ချိုး ဖျက်ဆီးပစ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဒေါသဟာ ထိန်းလို့ရမယ်လို့ မထင်ပါဘူး။
ပြည်သူလူထုကတော့ ဘုန်ကြီးတွေ ဆွမ်းခံကြွနေတော့ ပိုသိတာပေါ့ သူတို့မှာ ဘဲဥလေးကို အာလူးနဲ့ ရောပြီး တော့ ဘဲဥလေး တစ်ခြမ်း၊ အာလူးလေးတစ်လုံးလောက်နဲ့ စားနေရတာ။ ပြည်သူလူထုရဲ့ ကြုံတွေ့နေရ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကုန်လုံးက စီးပွားရေးရော လူမှုရေးရော အစစ အရာရာ အကုန်လုံးကြပ်တည်းနေတာပဲ ။ ဒီကြားထဲ သူတို့ရဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု မျိုးကိုလည်း ရင်ဆိုင်နေရတာပါဘဲ။
မနက်မိုးလင်းရင် ရေဒီယိုလေးတွေနဲ့ အသံလွှင့်မီဒီယာတွေဘဲ လက်လှမ်းမှီတာပေါ့ ၊မရှိတဲ့ အိမ်တွေကလဲ ရှိတဲ့ အိမ်တွေက ကျယ်ကျယ်ဖွင့်တာလေးကို နားထောင်ပြီးတော့ အကုန်လုံးတော့ အဲဒါမတရားဘူး လုပ်သင့်တယ် လို့တော့ အချင်းချင်းဝေဖန်ကြတာပေါ့။ တချို့ကြတော့ သူတို့နည်း သူတို့ဟန်နဲ့ မေတ္တာပို့ကြတာပေါ့။ သီးသန့်လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။
x x x x x
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံတရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်။ကိုထင်ပေါ် (၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ)
၂၀၀၇ မျိုးဆက်သစ်အနေနဲ့ လက်မခံဘူးဆိုတာကို လှုပ်ရှားမှုတွေနဲ့ ပြသခဲ့ပြီးဖြစ်ပါတယ်၊ ကျောင်းသားတွေ အနေနဲ့ကလဲ လှုပ်ရှားမှုတွေမှာ ပါဝင်လာတယ်၊ သူတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လာတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် နအဖက ၂၀၁၀ မှာ မဖြစ်မနေဆက်လုပ်မယ်၊ အာဏာရှင်စနစ် ဆိုတာကို ဆက်လက်အသက်သွင်းသွားမယ်ဆိုတာပေါ်လွင်ပါတယ်၊ တကယ်လို့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ဒီထက်ကြီးမားကျယ်ပြန့်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ကျနော်တို့ ကျောင်းသားထုအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ် ဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ကျနော်တို့ ဆန္ဒကိုဖော်ထုတ်မယ်၊ နောက်ဆုံး လမ်းပေါ်ထွက်ပြီး ပြည်သူလူထု ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးဆန့်ကျင် ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊
လူထုအာရုံစိုက်မှုကတော့ အပြည့်အဝရှိတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံ တရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်၊ အဲလိုဖြစ်လာရင် လူထုက ချက်ချင်းဆိုသလို ပူးပေါင်းပါ ဝင်လာပါလိမ့်မယ်၊ အခုအချိန်ထိ အရှိန်လျော့ကျသွားတာမရှိသေးဘူး၊
ထောင်ချလိုက်မယ်ဆိုရင် ကျောင်းတွင်းမှာ ကျောင်းသားဒီမိုကရေစီအုံကြွမှုတွေ ကျောင်းတွင်လှုပ်ရှားမှုတွေ ကျနော်တို့ ဖော်ဆောင်မယ်၊ တဖြည်းဖြည်းနဲ့ အင်းအားကောင်းလာပြီး ကျောင်းသားတွေ စုစည်းရပြီဆိုတာနဲ့ လမ်းပေါ်ကို ထွက်ပြီး ကိုယ့်ဆန္ဒဖော်ထုတ်ပြီး ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမှာပါ။
x x x x x
အဲသလိုသာ ရက်စက်ခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ
ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည်
တိုက်ပွဲတွေကို စနစ်တကျစီမံပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ကိုဇာနည် ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် – ABFSU)
ကျနော်တို့ လက်ရှိ ဗကသများအဖွဲ့ချုပ်အနေနဲ့ အတိုက်အခံ အင်အားစုရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အဖမ်းဆီးခံ ထားရတဲ့ အပေါ် လုံးဝမနှစ်မြို့ဘူး။ လက်ခံနိုင်ခြင်းလည်း မရှိဘူး။ စစ်မှန်တဲ့ အခြေခံဥပဒေကို ဒီလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးအရေးယူတဲ့နည်းနဲ့ ရယူ နိုင်မှာမဟုတ်ဘူး။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့သဘောထား လုပ်ဆောင်မှုတွေကို လှစ်လျှူရှုခြင်းဟာ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် တိုင်းပြည်ရဲ့ အေးချမ်းစွာ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေးကိုပါ လျစ်လျူရှုတာ ဖြစ်တယ်။ အတိုက်အခံအင်အားစုတွေကို မတရား ဖမ်းဆီး ထောင်သွင်းအကျဉ်းချတယ်၊ တဖက်သတ် အခြေခံဥပဒေ ရေးဆွဲတယ် ဆိုတာဟာ မင်းမဲ့စရိုက် ဆန်ဆန်၊လူမိုက်ဆန်ဆန်ဖြေရှင်းတာဖြစ်တယ်။ အဲသလို နည်းလမ်းမျိုးနဲ့တော့ စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုကို ဘယ်လိုမှမရရှိနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး ကိုပြန်လွှတ်ပေးခြင်းဖြင့်သာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းစွာ တိုးတက် ပြောင်းလဲရေးကို အစပြုနိုင်မှာပါ။ အဲဒီကမှ တဆင့် စစ်မှန်တဲ့ တိုင်းရင်းသား လူတန်းစား ပေါင်းစုံ လက်ခံနိုင်တဲ့အခြေခံဥပဒေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဦးတည်ရှေ့ဆက်နိုင် မှာဖြစ်တယ်။
ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ သမိုင်းတလျှောက်လုံး လူထုရှေ့မှာ ရပ် တည်ပြီး လူထုအကျိုးစီးပွားကို အစဉ်တစိုက် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် လူထုက အမှန်တကယ် လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုများရရှိဖို့အတွက် သမိုင်းပေး တာဝန်တွေကို ဦးဆွေးဆံမြေ့ ထမ်းဆောင်သွား မှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ် မြောက်ရေးအတွက် လိုအပ်တဲ့တိုက်ပွဲတွေ၊ campaignွကို အဆင့်ဆင့် စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမယ်ဆိုတာ လုံးဝလက်မခံနိုင်တဲ့ အကြောင်းတရားပါ။ တိုင်းပြည် အတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးလည်းဖြစ်၊ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ တရပ်လုံးကိုလည်း စိန်ခေါ် လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက အဲသလိုသာ ရက်စက်ခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ လုံလောက်တဲ့ အင်အားစုတွေကို စုစည်းပြီး အဖြစ်သင့်ဆုံး အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုပြီး၊လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ပြည်သူလူထုတရပ်လုံးကို အသိပေးချင်ပါတယ်။
x x x x x
ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ဦးအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – DPNS)
တစ်ချက်ကတော့ ကျနော်မြင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကျိုးစားတာဖြစ်တယ်။ နှစ်အချက်ကတော့ အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကို ဒီကနေ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်တာဖြစ်တယ်။သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသဖြင့် ကိုမင်းကိုနိုင် ဒီနိုင်ငံရေး အကျဉ်းသားတွေအပါအဝင် မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှု တစ်ခုလုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်က နေပြီးတော့ ဖယ်ထုတ်ဖို့ နအဖရဲ့ကျိုးစားတဲ့ ခြေလှန်းတစ်ခု ဖြစ်တယ်လို့ ကျနော်မျင်တယ်။
အဓိကတော့ နအဖရဲ့ သူတို့ ပြောပြောနေတဲ့ အဆင့် (၇) ဆင့်ရှိတဲ့ လမ်းပြမြေပုံကို အဓမ္မဆက်ပြီးအကောင်အထည်ဖော်ဖို့တွက် ကျိုးစားတဲ့ လုပ်ရပ် တခု ဖြစ်တယ်လို့ ကျနော်အဲလိုပဲ မြင်တယ်။
ပထမအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အခြေအနေ၊ အမှုရင်ဆိုင်နေရတဲ့ အခြေ အနေမှာ ကျနော်တို့ ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးပြန်လွတ်ဖို့ကိစ္စကို ကိုယ်တတ်နိုင်တဲ့ဘက်က ရုန်းဖို့လိုတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ဖို့လို တယ်လို့ ကျနော်တော့ အဲလိုယူဆတယ်။
နှစ်အချက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ပြတ်ပြတ်တင်းတင်း ထောင်ချမယ်ဆိုရင်လည်းပဲ အဲဒီထောင်ချတဲ့ နေ့မှာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နအဖရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဝိုင်းဝန်း ပြီးတော့ ကန့်ကွက်ရှုံ့ချဖို့ လိုတယ်လို့ ကျနော် မြင်တယ်။
သုံးအချက်က လက်ရှိအခြေအနေ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့ ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဆောင်ရွက်နိုင်မှုက အရေးကြီးတယ်လို့ ကျနော် မြင်တယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက်ကို အဲဒီတော့ ကျနော်တို့က အားစိုက် ဆောင်ရွက်သင့်တယ်လို့ ကျနော်တော့ အဲလိုယူဆပါတယ်။
ကျနော့်အမြင်ပြောရရင် ကနေ့ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကြိုက်နှစ်သက်ခြင်း မရှိဘူး။ လက်ခံခြင်း မရှိဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်တဲ့ အပေါ်မှာလဲ ပြည်သူအများစုရဲ့ ဆန္ဒကတော့ လုံးဝလက်ခံနိုင်ခြင်းမရှိဘူးလို့ ကျနော်အဲလိုပဲ မျင်ပါတယ်။ ပြည်သူလူထုအနေနဲ့ သိရှိမှု၊ အာရုံစိုက်မှုလဲ ရှိတယ်လို့ ကျနော်ယုံပါတယ်။
x x x x x
အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့
အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့
အတွက် ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်။ ပထမ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ မပါအောင်လုပ်ဖို့ ကြိုးစားတဲ့ ကြိုးစားချက်လို့ ကျနော် မြင်ပါတယ်။
ဒုတိယ တခုအနေနဲ့ NLD ကနေပြီးတော့ ကမ်းလှမ်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ Constitution အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေး ပြန်လည်သုံးသပ်ရေးအတွက်ကို တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆိုတဲ့ဟာကို ငြင်းပယ်လိုက်တဲ့ ဥစ္စာလို့လဲ ယူဆပါတယ်။ နောက် အတိုက်ခံအင်အားစုတွေအားလုံးကလဲ ပြောနေတဲ့ အမျိုးသား ပြန်လည်သင့်မြန့်ရေ်းကိုလဲ ငြင်းပယ်ပြီးတော့မှ သူတို့ အနေနဲ့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုး ရှည်အောင်လုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်သွားမယ့် ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ကြိုးစားတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျာ။
အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုင်ရာ လူထုလှုပ်ရှားမှုတွေကို ကျနော်တို့ တတ်နိုင်သမျှ ကျနော်တို့ကြိုးစားသွားမယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ကို လက်မခံတဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆက်ကြိုစားသွားမယ်။ နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လို့များ အပြစ်ပေးအရေးယူလာလို့ ရှိရင် နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ထိရောက်တဲ့ ပစ်မှတ်ထားပြီးဆောင်ရွက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ကြိုးပမ်းသွားမယ်။ နောက်ပြီးတော့ ကုလသမ္မဂလုံခြုံရေးကောင်စီ အဆင့်ကနေပြီးတော့မှ ဗမာပြည်တွင်းကို အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းသွားမယ်။ အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့ အတွက် ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်။
သာမာန်နေ့စဉ် စားဝတ်နေရေးရုန်းကန်နေရတဲ့ ပြည်သူတွေအနေနဲ့ကတော့ ဒီကိစ္စကို နိုင်ငံရေးကိစ္စတွေအပေါ်မှာ အချိန်ပြည့်ဖြစ်နိုင်ဖို့ အတွက်ခက်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့နေရတဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ရင်ထဲမှာရောက်နေပြီးသား ခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ စိတ်ဝင်စားမှုတွေ၊ နားထောင်မှုတွေ၊ လေ့လာမှုတွေ၊ အာရုံစူးစိုက်မှုတွေ ရှိတယ်လို့တော့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ လူထုလှုပ်ရှားမှုလို့ပြောမယ်ဆိုလို့ရှိရင် အဲဒီအနေ အထားကတော့ အများကြီး ကြိုးစားရဦးမယ် လို့ ကျနော်ထင်ပါတယ်။
x x x x x
အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊
သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို
စောင့်ရှောက် ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာ
ရိက္ခာ တွေစားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာလည်း။ အဲဒီ အချက်ပေါ့
အဲဒီမှာလဲ တာဝန်ရှိတဲ့သူတွေ တာဝန်ပျက်ကွက်တဲ့သူတွေကို ဥပဒေနဲ့အညီ
ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။ ကိုမောင်မောင်လေး (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် – HRDP)
ဒီမှာက ရေဘူယျခြုံပြောရင်တော့ဗျာ ဒါ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တဲ့ ကိစ္စပဲ။ ဥပဒေ ဆိုင်ရာ အခွင့်အရေးတွေကို လုံးဝဆုံးရှုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဆိုတဲ့ ကိစ္စနဲ့ စွဲတာကို အဲဒီတော့ နေအိမ်အကျယ်ချုပ်ဘာကြောင့်ကျရတုန်းဆိုတာကို ကျနော်တို့ ဒီမှာ ဥပဒေအပိုင်းကနေ ကျနော်တို့ နည်းနည်း စီစစ်ဖို့လိုလိမ့်မယ်။ အဲဒီတော့ ၂၀၀၃ ကို ပြန်သွားရလိမ့်မယ်ဗျ။ အဲဒီတော့ ၂၀၀၃ မှာပေါ့ဗျာ၊ ဥပဒေဆိုင်ရာ ပုဒ်ထီးပုဒ်မတွေနဲ့ ကျနော်မပြောဘူး၊ အင်မတန် သဘာဝကျတဲ့ ဥပဒေပုဒ်မတွေနဲ့ ကျနော်ပြောမယ် အကြမ်းဖက်ခံရသူနဲ့ အကြမ်းဖက်သတ်ခံရသူ အသတ်ခံရသူ အရိုက်ခံရသူနဲ့ ရိုက်တဲ့လူ အဲဒီမှာ ဥပဒေအကြောင်းရ ကျနော်တို့ ဘယ်လိုစီစဉ်ရမယ် သေချာတာတစ်ခုကတော့ ၂၀၀၃ ဖြစ်စဉ်က အကြမ်းဖက်ခံရသူတွေကို ဖမ်းဆီးတဲ့ပွဲဖြစ်တယ် ။
နောက်တစ်ချက်က အသတ်ခံရတဲ့သူတွေနဲ့ အရိုက်ခံရတဲ့ သူတွေကို ဖမ်းဆီးအရေးယူ ထိန်းချုပ်တဲ့ ပွဲဖြစ်တယ်။ အဲဒီတော့ အဲဒီဖြစ်စဉ်မှာကိုက ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပဒေအရ လုပ်မယ်ဆိုရင် ကျနော်တို့ အကြမ်းဖက်တဲ့သူနဲ့ အကြမ်းဖက်ခံရတဲ့သူ အကြမ်းဖက်တဲ့သူတွေ ဘာကြောင့် ဥပဒေနဲ့အညီ ရုံးတော်ကို မတင်လာတာလဲ နောက်ထပ်ဖြစ်စဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုပေါ့ဗျာ ဒီမှာလဲကျနော် ပုဒ်ထီး၊ ပုဒ်မတွေပ် မပြောလိုဘူး အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာရိက္ခာတွေစားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာ လည်း အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရှိတဲ့သူတွေ တာဝန်ပျက်ကွက်တဲ့သူတွေကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။
ဒါ ဥပဒေအကြောင်းအရ ပုဒ်ထီး၊ ပုဒ်မတွေအရ မသိပဲ အင်မတန်မှ သဘာဝကျသော လူမှု တရား ရှုထောင့်ကကြည့်ရင် ဒီလိုဖြစ်စဉ်မှ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို လုံးဝ ချိုးဖောက်ခံရတာ ဖြစ်တယ်။ လက်ရှိ ဖြစ်စဉ်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေဆိုင်ရာအခွင့်အရေး ကာကွယ်ပိုင်ခွင့် အပြည့်အဝမရဘူး အဲဒီ အနေအထားမျိုးမှာ ကျနော်တို့က ဒါ ဥပဒေချိုးဖောက်မှုပဲလို့ ကျနော်တို့ မြင်တယ်။ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ခံစားပိုင်ခွင့် မရှိဘူး ပြည်တွင်းမှာ ဥပဒေ မရှိဘူး ဥပဒေ မဲ့နေတယ်ဆိုတာကို ပြတာပါ။
ကျနော်တို့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တယ် ဆိုတာထက်ပေါ့နော် တစ်ချက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်ယောက်လို့ ကျနော်တို့ မြင်ပါတယ်။ အင်မတန်မှ ပြည်တွင်းက လက်ခံသော လူထုက ချစ်ခင်သော နိုင်ငံတကာက လက်ခံသော ပြည်တွင်းရဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်လိမ့်မယ် ပြည်တွင်းရဲ့ စည်းလုံး ညီညွတ်မှုကို လုပ်ပေးနိုင်လိမ့်မယ်ဆိုတာကို ပြည်တွင်းရော ပြည်ပကပါ အားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စဉ်မှာလဲ အခုနက ပြောသလိုပေါ့ ဥပဒေနဲ့ မမျှတစွာလုပ်ခဲ့တဲ့ ကိစ္စ ကျနော်တို့ဘက်ကတော့ ဒီ ကိစ္စတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချ ရမယ်။
နောက်ဆက်တွဲ ဘာတွေလုပ်မလဲ ဆိုတာကတော့ ကျနော်တို့မှာ HRDP နဲ့ လုပ်တဲ့ ကိစ္စကလဲ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အကြောင်းတွေ ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့ အကြောင်းတွေသိတယ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့ ချက်လက်တွေရှိတယ် သို့သော် တရားရုံးတွေမရှိဘူး၊ စစ်တပ်တွေမရှိဘူး အဲဒီအတွက်သူတို့မှာ လုပ်ပိုင်ခွင့်တွေနည်းပါတယ်။ အလားတူ ကျနော် တို့ ပြည်တွင်းမှာ HRDP အနေနဲ့လုပ်တဲ့ အခါမှာ ဘာလုပ်နိုင်မလဲ ဘာဆက်လုပ်မလဲ ဆိုတာကိုလှုပ်ရှားမှုအရ ကျနော်တို့ လုပ်နိုင်မှုနည်းပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့ ကိစ္စတွေကို စာတမ်းတစ်စောင်ပြုစုပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေးဖွဲ့စည်းတွေကို သိရှိအောင်ပြင်ဆင်နေတာ ရှိပါတယ်။
ကျနော်တို့ အခုမှ ရှင်းလင်းတင်ပြတာမဟုတ်ပါဘူး။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်နဲ့ စပြီးတော့ ချိုးဖောက်တယ်လို့ တရားစွဲဆိုတဲ့ နေ့ကပေါ့နော် အတိကျပြောရရင် ၁၆ ရက်နေ့ကပေါ့နော် ဒေသပေါင်း ၁၆ ခု မြို့နယ်နဲ့ ပြောရင် ၁၆ မြို့နယ် ၊ ကျေးလက်ဒေသတွေ အများကြီး သွားထားပါတယ်။
ကျေးလက်ဒေသတွေမှာ ကျနော်တို့ ဘာတွေ နှိုးဆော်လဲဆိုရင် ကျနော်တို့ လူ့အခွင့်အရေးသမားဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေး အခြေခံပြီး ဘေးကနေပြီး ဥပဒေအကြောင်းဆိုင်ရာမဲ့တဲ့ ကိစ္စတွေ ကျနော်အခုနက ပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျ သွားရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားပြီ ဆိုမှ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချိုးဖောက်တယ်ဆိုပြီး ရုံးတင်စဉ်ကတည်းက စပြီး လူ့အခွင့်အရေးရဲ့ ဖြစ် စဉ် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေဆိုင်ရာ ချိုးဖောက်ခံရမှုတွေအမျိုးသမီးဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နောက်တခါ အခြေခံ လူ့အခွင့်အရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်တစ်ခါ အခြေခံ လူ့ အခွင် အရေးနဲ့ ၂၀၁၀ ပြုလုပ်လိမ့်မည်ဆိုသော ရွေးကောက်ပွဲ ကိစ္စတွေ အဲဒီမှာ ကျနော်တို့ လူ့အခွင့်အရေး အခြေခံတွေ ဘယ်လောက် ကင်းမဲ့စွာသင့်တင့်ခံနေရလဲ လူ့အဖွဲ့အစည်းပေါ်မှာ ဘယ်လောက် အာမခံချက်တွေ ကင်းမဲ့နေတယ် ဆိုတာ ကို ကျနော်တို့ နယ်မြို့တွေမှာ ကျနော်တို့ ၁၆ ရက်နေ့ကတည်းက သွားပြီးဆောင်ရွက်နေပါတယ်။
ဒေသအသီးသီးမှာ HRDP ကို တာဝန်ယူနေတဲ့ သူတွေကို ကျနော်တို တိုင်ပင်ထားပါတယ်။ ရှေ့ဆက်ထောင်ကျသွားပြီးတဲ့နောက်မှာလဲ ကျ နော်တို့ လူ့အခွင့်အရေးဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ သော်လည်းကောင်း အမျိုးသမီးအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သော် လည်းကောင်း တင်ပ်ြဖို့ ကျနော်တို့ စာတမ်းတစောင်ပြုစုနေပါတယ်။ အဲဒီ ကိစ္စတွေကိုလဲ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ပြည်သူ့ကို ဗမာပြည်တွင်းမှာ လူ့အခွင့်အရေးဘယ်လောက် ချိုးဖောက်ခံနေရလဲ ဘယ်လောက် ချိုးဖောက်ခံရ နိုင်ဖွယ်ရှိ တယ် ဆိုတာကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သော်လည်းကောင်း၊ ဥပဒေအနေနဲ့ သော်လည်းကောင်း တတည်ပြုပြဌာန်းပြီးတော့ သော်လည်းကောင်း အကာအကွယ်မဲ့ ဆက်လက်ဖြစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါတယ်။
0 comments:
Post a Comment