ကောင်းကင်ညိုညို
တိမ်တိုက်လူးလွင့်
မိုးစက်ပွင့်တို့.....ကြွေ။
မိုးသည်းပေမဲ့
အနာဂတ်ကြယ်တို့ လင်းလက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး မျိုးရိုးဂုဏ်ကို
ပြခဲ့ကြတယ်။ ။
မိုးကုန်ဆောင်းအကူး
မြူမှုန်အုပ်ဆိုင်း
နှင်းစက်ပွင့်တို့....ဝေ။
အအေးလွန်ပေမဲ့
အနာဂတ်ကြယ်တို့ မှေးစက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး ဖြူစင်နှလုံးသား
ရဲရင့်သွေးကို
ပြခဲ့ကြတယ်။ ။
ဆောင်းနှင်းပြယ်သော်
ကံ့ကော်ရနံ့ သင်းမြမြ
တကိုယ်တည်းဥသြ
လွမ်းတေးလေး….ဆို။ ။
နေရှိန်ပူပြင်း
အိုက်စပ်ပေမဲ့
အနာဂတ်ကြယ်တို့ ပျော်ပါးခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး ယဉ်ကျေးမှုကို
ပြခဲ့ကြတယ်။ ။
တိမ်တိုက်လူးလွင့်
မိုးစက်ပွင့်တို့.....ကြွေ။
မိုးသည်းပေမဲ့
အနာဂတ်ကြယ်တို့ လင်းလက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး မျိုးရိုးဂုဏ်ကို
ပြခဲ့ကြတယ်။ ။
မိုးကုန်ဆောင်းအကူး
မြူမှုန်အုပ်ဆိုင်း
နှင်းစက်ပွင့်တို့....ဝေ။
အအေးလွန်ပေမဲ့
အနာဂတ်ကြယ်တို့ မှေးစက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး ဖြူစင်နှလုံးသား
ရဲရင့်သွေးကို
ပြခဲ့ကြတယ်။ ။
ဆောင်းနှင်းပြယ်သော်
ကံ့ကော်ရနံ့ သင်းမြမြ
တကိုယ်တည်းဥသြ
လွမ်းတေးလေး….ဆို။ ။
နေရှိန်ပူပြင်း
အိုက်စပ်ပေမဲ့
အနာဂတ်ကြယ်တို့ ပျော်ပါးခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ
ပုဆိုးနီနီ အင်္ကျီဖြူကို
ဆင်မြန်းကြသမို့
ငါတို့လူမျိုး ယဉ်ကျေးမှုကို
ပြခဲ့ကြတယ်။ ။
0 comments:
Post a Comment