Monday, February 25, 2013

၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ ရန်ကုန်ရောက် ပြည်ပ ဧည့်သည်တွေ တွေ့ဆုံ

ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီး မစ္စတာ ဖရန်စစ်မော့ဒ် (Mr.Francis Maude) နဲ့အဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီး၊ ကိုစိုးထွန်းတို့နဲ့ ဒီနေ့မနက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရဲ့ ဗြိတိန်သံအမတ်ကြီးနေအိမ်မှာ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေတချို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုအံ့ဘွယ်ကျော်က RFA ကို ခုလိုပြောပါတယ်။
"ဒီနေ့ တွေ့တာကတော့ အဓိကကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုဟာတွေက ကောင်းတယ်၊ ဥပမာ တယ်လီဖုန်းလုပ်ငန်းက အခြေအနေဘယ်လိုရှိတယ်ဆိုတာကို ဆွေးနွေးဖြစ်ပါတယ်"
မနေ့က နေ့လည်တုန်းကတော့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့က ကိုယ်စားလှယ်တွေနဲ့အတူ ရန်ကုန်မြို့မှာရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ နိုင်ငံခြားရေးဝန်ကြီး Mr. Michael H. Posner ကို တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ  နိုင်ငံရေးအကျဉ်းသားဆိုင်ရာကိစ္စများ၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host