အလင်းတန်း ဂျာနယ်၊ ဧပြီ ၃၀ ရက်၊ ၂၀၁၂ အလင်းတန်း ဂျာနယ်

အလင်းတန်းဂျာနယ် အမှတ် ၇၀၂၊ မျက်နှာဖုံးသတင်း
ဧပြီ ၉
ရက်နေ့က မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ နေ၀င်းမြင့် ဦးနှောက်ထဲကို
သွေးရောက်သွားတယ် ဆိုတဲ့ သတင်းကြောင့် စာပေလောကသားများ
တုန်လှုပ်သွားကြပါတယ်။ ဒီမတိုင်ခင် လေးရက်လောက် ကတည်းက ဆရာနေ၀င်းမြင့်
နေအိမ်မှာ သတိလစ်သလို ဖြစ်နေခဲ့ပြီး ကယောင်ကတမ်း ဖြစ်နေခဲ့တယ်လို့
ဆိုပါတယ်။ ဧပြီ ၉ ရက်နေ့မှာတော့ သစ္စာရာဇာ ပုဂ္ဂလိက ဆေးရုံကို တင်လိုက်ကြပြီး
ဦးနှောက်ထဲကို သွေးရောက်နေပြီ ဆိုတာကြောင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။
ခွဲစိတ်ရာမှာ ဒေါက်တာ မျိုးခိုင်၊ ဒေါက်တာ စိုးမိုး၊ ဒေါက်တာ အောင်ကြီး၊
ဒေါက်တာ သန်းဝင်း၊ ဒေါက်တာ အောင်မြင့် အစရှိတဲ့ ဆရာဝန်ကြီးများက
ကြီးကြပ်ခဲ့ကြပါတယ်။
ကံကောင်းသွားတဲ့ ဆရာ နေ၀င်းမြင့် ဦးနှောက်ထဲထိ သွေးရောက် မသွားဘဲ
အမြှေးပါးအဆင့်မှာ ရပ်နေတာကြောင့် စုပ်ထုတ်ယူရုံနဲ့ အဆင်ပြေသွားပါတယ်။
ပြည့်ပြည့်၀၀ ကျန်းမာနိုင်ဖို့ ဧပြီ ၁၈ ရက်နေ့အထိ ဆေးရုံမှာ
နေထိုင်ခဲ့ရပြီး နေအိမ်မှာ ပကတိ ကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။
ဆေးရုံတက်စဉ်ကာလမှာ အမည်မဖော်လိုသူ စာဖတ်ပရိသတ် တဦးက ဆေးခန်းမှာ ကျပ် ၅
သိန်း ပေးသွင်းသွားသလို တခြား စာဖတ်ပရိသတ် တဦးကလည်း ဆရာ့အတွက်
ဆေးဖိုးဝါးခများ လာရောက် ပေးအပ်ကြတာကြောင့် ဆရာ နေ၀င်းမြင့်နဲ့ ဆရာမ
ခင်ခင်ထူးတို့ မိသားစုက စာဖတ်ပရိသတ်များရဲ့ မေတ္တာ စေတနာကို မျက်ရည်ဝဲသည်အထိ
ခံစားမိတယ်လို့ ဆိုပါတယ်
0 comments:
Post a Comment