2013-01-31
သဘာဝဘေးအန္တရာယ်တွေကြောင့် ၂ဝ၁၂ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေကနေ ခွဲဝေသုံးစွဲခဲ့ရတဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကဆီ ပေးပို့ခဲ့တဲ့ သဝဏ်လွှာနှစ်စောင်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် က မနေ့က ကြေညာခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ်
ပြည်ထောင်စု ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်း က အရင်က ပြည်သူတွေ မသိခဲ့ရတဲ့ နိုင်ငံတော်ဘတ်ဂျက်ငွေ သုံးစွဲမှုတွေကို အခုပွင့်လင်းမြင်သာမှုရှိရှိ ချပြလာပေမဲ့ ဘယ်နေရာ ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သုံးစွဲတယ် ဆိုတာကိုလည်း ဖေါ်ပြသင့်တယ် လို့ RFA ကို ပြောပါတယ်
0 comments:
Post a Comment