Friday, January 4, 2013

မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော

2013-01-03
မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
Photo courtesy of UN Multimedia.org
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။
ဆက်လက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂအနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့  ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host