2013-01-01
မြန်မာအစိုးရနဲ့ ပြည်သူလူထုအကြား တိုက်ရိုက်ဆက်ဆံတဲ့ လမ်းကြောင်းသစ် ကို စတင်မယ်လို့ သမ္မတ ဦးသိန်းစိန် က မြန်မာ့အသံ ရေဒီယို အစီအစဉ် ကနေ ဒီကနေ့ မနက် ထုတ်လွင့်တဲ့ သူရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ပြည်သူတွေရဲ့ အကျိုးဖြည့်ဆည်းပေးနိုင်မယ့်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်လာရေးအတွက်
ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖေါ်မှာဖြစ်ကြောင်း သမ္မတကြီး
ဦးသိန်းစိန် က ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့မှာ ပြောကြားစဉ်
ပွင့်လင်းမှုမရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာတွေ အများအပြားရှိနေတယ်လို့လည်း သမ္မတက ဝန်ခံပြောဆိုသွားပါတယ်။
၂ဝ၁၁ ခုနှစ် မတ်လက အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အမျိုသားစည်းလုံးညီညွှတ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးဆိုင်ရာ တိုးမြင့်ရေးအစီအစဉ်တွေအပြင်၊ ကောင်းမွန်သောအုပ်ချုပ်မှု ရှိတဲ့သန့်ရှင်းတဲ့အစိုးရတစ်ရပ် ဖြစ်ရေးတွေကို ပထမရည်မှန်းချက်အဖြစ် သတ်မှတ်အကောင်အထည်ဖော်လာခဲ့တယ် လို့လည်း ဆိုပါတယ်၊
ဒုတိယအဆင့်အနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတဲ့အတိုင်း စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်တွေအပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေကိုပါ အတည်ပြုပြဌာန်းခဲ့ပြီ ဖြစ်ကြောင်း၊ အခု ၂ဝ၁၃ မှာတော့ တတိယရည်မှန်းချက်ဖြစ်တဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ စီမံအုပ်ချုပ်မှု ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲမှုတွေကို အလေးထားဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်၊

0 comments:
Post a Comment